ဆလပ်ရွက်သုပ်
ကျွ န်မတို့ မြန်မာများသည်ဆလပ်ရွက်ကိုများသောအားဖြင့်အတို့ အမြု ပ်အဖြစ်ခရမ်းချဉ်သီးငပိချ က်,ငံပြာရည်ဖျော်.ငါးပိတစ်ချ က်.ငပိရည်ကျိုတို့ ဖြင့်တွဲဖက်စားသုးံကြသည်။ကျွန်မတို့ အိမ်ကဆလပ်ရွက်ကိုမကြာခဏသုပ်စားလေ့ရှိပါတယ်။အတို့ အမြု တ်ထက်သုပ်စားရတာကိုပိုနှစ်သက်တယ်။ဆလပ်ရွက်သုပ်ကိုရေနွေးကြမ်းနှင့်သရေစာအဖြစ်စား၍ရသလိုထမင်းနှင့်လည်းစားသုးံနိုင်ပါတယ်။ဒီနေ့ ဆလပ်ရွက်သုပ်စားဖြစ်တာနဲ့ဆလပ်ရွက်သုပ်နည်းကိုမျှဝေချင်ပါတယ်။
ပါဝင်ပစ္စည်းများ
ဆလပ်ရွက်အနေတော် ၃ပင်
ခရမ်းချဉ်သီး ၄လုးံ
ကြက်သွန်နီ ၃လုးံ
ဆီ ၂ကျပ်ခွဲသား
မြေပဲကြော်(လှော်) ၅ကျ ပ်သား
ကြက်သွန်ဖြူ ၁ဥ
ဆား အနည်းငယ်
အရသာမှုန့်  အနည်းငယ်
ငရုတ်သီးစိမ်း ၅တောင့်(အစပ်စားလျှင်)
ဆလပ်ရွက်များကိုရေစင်အောင်ဆေးပြီးရေစစ်ထားပါ။ကြက်သွန်ဖြူ ဆီချက်ချက်ထားပါ။ကြက်သွန်နီကိုအခွံနွှာပြီးပါးပါးလှီးထားပါ။ခရမ်းချဉ်သီးမျာကိုပါးပါးလှီးထားပါ။မြေပဲကိုညက်အောင်ထောင်းထားပါ။ပြီးလျှင်သုပ်မည့်ပန်းကန်(သို့ )ဇလုံထဲသိုရေစစ်ထားသောဆလပ်ရွက်များကိုလှီးထည့်ပါလှီးထားသောခရမ်းချ ဉ်သီးများကိုအရည်ညှစ်ပြီးမှထည့်ပါ။ခရမ်းချဉ်သီးကနယ်တဲ့အခါအရည်ထွက်တတ်လို့ ပါ။လှီးထားသောကြက်သွန်နီ,မြေပဲထောင်း.ဆားအနည်းငယ်.ဆီချက်.အရသှာုန့်အနည်းငယ်ကိုထည့်ပြီးသမအောင်နယ်ပါ။အစပ်ကြိုက်လျှ င်ငရုတ်သီးစိမ်းညှပ်ထည့်နိုင်ပါတယ်။အပေါ့အငံမြည်းပြီးအရသာရှိသေဆလပ်ရွက်သုပ်ရပါပြီ။
Photo by @AyeAyeThaw
Author @AyeAyeThaw
Leave ဆလပ်ရွက်သုပ် to:
Read more #myanmar posts
Best Posts From ayeayethaw
We have not curated any of ayeayethaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.