
miss
သတိရစိတ်ဟာ
သမုဒ္ဒရာလောက် ကျယ်ပြန့်နေပြီး
စိတ်တိမ်တွေဟာလည်း ငိုရန်ရာနှုန်းပြည့်
မဲမှောင်နေကြောင်း ပြောပြချင်ပါတယ်
မုန်းသော်လည်း ဖုန်းခေါ်ရန်
ကိုယ့်ကိုယ်ကိုယ် ဆက်သွယ်ပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်မှာယူနေရတဲ့ နေ့ရက်တွေမှာ ကိုယ် မပျော်ဘူး ။ခံနိုင်ရည်နဲ့ ဒဏ်ရာချင်း မမျှ တိုင်း သူ့ ကို သတိရဖြစ်တယ် ။
အဆင်မပြေလောက်ဘူးလို့ ထင်နေတဲ့ အချိန်တွေရဲ့ အခြားတစ်ဖက်မှာ ကိုယ်က စပြီး ဆက်သွယ်ပေးဖို့ အလိုလို သိလာတတ်ပြီး ၊ ကိုယ် ကိုယ်တိုင် ပိတ်ဆို့နေတဲ့ နေ့ရက်တွေမှာတော့ သူက လုပ်ယူထားသလိုမျိုး ဥပေက္ခာ ပြုထားတဲ့အတွက် စိတ်ထဲ နည်းနည်း နာတယ် ။
မေ့နေတာများလားလို့ ဖြည့်တွေးပြီး ဖုန်းတွေခေါ်တိုင်း သူကိုယ်တိုင် မကိုင်ခဲ့ဘူး
ဒါက ဖုန်းနံပါတ်တွေမှန်နေပြီး လူချင်းမှားနေတာပါ
ဟုတ်တယ် မဟုတ်လား ။
ကိုယ်စွဲလမ်းတဲ့ အရာကိုသာ မြင်ပြီး အဲဒီအရာရဲ့ ပကတိ ပိုင်ဆိုင်သူကို မေ့လျော့မိနေတာမျိုးပေါ့
သတိရလာတဲ့အခါတိုင်း
အဓိက က သူ အဆင်ပြေနေဖို့ပါပဲ ။
Leave miss to:
Read more #esteem posts
Best Posts From a-gyii
We have not curated any of ayaechanm's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.