ဇီရိုးမှhero ဖြစ်သူများ
လူဆိုတာ တခါတလေအားငယ်တတ်တယ်။စိတ်ဓါတ်ကျတတ်တယ်။ငါမှာငွေမရှိလို့ ။ငါမှာပညာမတတ်လို့။ငါမှာဆွေးမျိုးဂုဏ်မရှိလို့
ဆိုပြီးအမျိုးမျိုးထင်နေကြတယ်။တကယ်တန်းက လောကကြီးမှာအောင်မြင်နေတဲ့လူတွေ အကြောင်းကိုပြန်ပြီလေ့လာကြည့်မယ်
ဆိုရင် ကိုယ်ရဲ့အားငယ်နေတဲ့စိတ်တွေ ပပျောက်ပြီး ကျိုးစားချင်တဲ့စိတ်တွေဖြစ်တည်လာတယ်။ ဥပမာ တစ်ခုပြောပြရရင်
ကလေးရော် ၊လူကြီးပါ ကြိုက်ကြတဲ့ သရုပ်ဆောင် ဂျက်ကီချန်းအကြောင်းလေး လေ့လာဖတ်မိသလောက်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။
ဂျက်ကီချန်းဟာ သာမန်မိသာစုကလေးကနေ မွေးဖွားလာတာပါ။နေရတာက စားသောက်ဆိုင်တစ်ဆိုင်ရဲ့ပေါ်ထပ်အခန်းလေးမှာပဲနေခဲ့ရတဲ့
သူတစ်ယောက်ပါ။ ၆နှစ်သားရောက်တော့ မိဘတွေက ဂျက်ကီချန်းကို မူလတန်းစပြီးထားတယ်။ဒါပေမဲ့ ဂျက်ကီချန်းဟာ ပညာရေးမှာ အရမ်း
ညံ့ခဲ့ပါတယ်။ မူလတန်းကို ၂ ခါကျတယ်။ သူဖခင်နဲ့မိခင်က အထက်တန်းအောင်တဲ့အထိပညာရှိခဲ့သောလည် သားဖြစ်သူက အရမ်းညံ့ဖျင်း
ခဲ့တယ်။ တတိယအကြိမ်ပြန်ထားတော့လည် စာမေးပွဲ ကျပြန်တယ်။ဒါနဲ့ပဲ ပညာရေးနဲ့ဝေးခဲ့ရတယ်။ သူဖခင်က ကျောင်းဆက်မထားတော့ဘူး။
ပညာရေးမှာညံ့ဖျင်းပေမဲ့ ဂျက်ကီချန်းဟာ ငယ်ကတည်က လူတွေကို မကြောက်တတ်ဘူး၊ ဟသလေးတွေနဲ့ စကားပြောတတ်တာ ငယ်ငယ်
ကလေးကတည်းက ပါရမီပါလာတာပါပဲ။ဟောင်ကောင်မှာ ချာလီချက်ပလင် သရုပ်ဆောင်ပွဲမှာ ပထမစုရခဲ့တယ်။ ကလေးသရုပ်ဆောင်ကို
ငယ်ငယ်ကတည်းက လုပ်ခဲ့ပေမဲ့ မိဘက ဆင်းရဲတော့ ဂျက်ကီချန်းကို အပံပိုးပေးနိုင်ခဲ့ဘူး ။ဒါနဲ့ပဲ ဂျက်ကီချန်းဟာ ရရာအလုပ်ကိုလုပ်ပြီး
သူဘ၀ကိုစခဲ့ရတယ်။
ဟောင်ကောင်ကနေ သြစတေးလျဆောက်လုပ်ရေးလုပ်ငန်းတစ်ခုကို အလုပ်ကြမ်းသမားနဲ့ဘ၀ကို ကြုံသလိုဖြတ်သန်းခဲ့ရတယ်။
ဂျက်ကီချန်းက သူနဲ့အတူတူအလုပ်လုပ်တဲ့ အလုပ်ကြမ်းသမားတွေရဲ့ချစ်ခင်မှုကိုရခဲ့တယ်။အားလုံးကို အားလပ်ချိန်မှာသီချင်း
ဆိုပြတာတို့ ၊ ဟသ လေးတွေလုပ်ပြကြလို့ သူကို အားလုံးက ချစ်စနိုးနဲ့ ဂျက်ကီ လိုခေါ်ခဲ့ကြတယ်။
အလုပ်ကနေ ဟောင်ကောင်ကိုပြန်လာတဲ့အချိန်သူနဲ့ သြစတေးလျဆောက်လုပ်ရေးမှာ ခင်ခဲ့တဲ့အလုပ်ကြမ်းသမား သူငယ်ချင်းတစ်ယောက်က
သူနဲ့အတူ ရုပ်ရှင်ရိုက်ကွင်းမှာ အလုပ်လုပ်ဖို့လာခေါ်တာနဲ့ သူဝါသနာပါတဲ့ ရုပ်ရှင်လုပ်ငန်းထဲမှာ အထွေထွေအလုပ်သမားဘ၀နဲ့ ၆ နှစ်တိတ်ဖြတ်သန်း
ခဲ့ရတယ်။ တခါတလေ လူကြမ်းလိုရင် အစားထိုးဝင်ပေးရ ။စတန့်လုပ်တဲ့လူ မလာရင် အစားဝင်လုပ်ပေးရင်းနဲ့ဘ၀ကိုဖြစ်သလိုဖြတ်သန်းခဲ့ရတယ်။
တနေ့မှာတော့ ဂျက်ကီချန်းအတွက်အခွင့်ရေးတစ်ခုရခဲ့တယ်။နာမည်ကြီးဘရုစ်လီနေ၇ာမှာ ဘရုစ်စလီကိုယ်စားသတ်ပုတ်ရမဲ့ ရုပ်ရှင်ကား ၊။
နာမည်က New First Of Fusy ။ ဂျက်ကီချန်းရဲ့သရုပ်ဆောင်မှုက ဟသဆန်နေတော့ အောင်မြင်မှုမရခဲ့ဘူး။
![images.jpg]
(
တစ်ရက်မှာ ဒါရိုက်တာ တစ်ယောက်က ဇတ်လမ်းတစ်ခုသူကိုပေးဖတ်တယ်။အဲကားမှာ ဂျက်ကီချန်းက စတန့်နေရာမှာပဲ အစဆုံးပါရမှာ။
ကံဆိုးတယ်ပြောမလား ကံကောင်းတယ်ပြောမလားပဲ အဲကားရိုက်မဲ့ဒါရိုက်တာက ရုတ်တရက် ကားတိုက်မှုဖြစ်ပြီးသေသွားပါလေရော်။
ဂျက်ကီချန်းက အဲဇတ်လမ်းကိုအရမ်းသဘောကျနေတာနဲ့ သူမိသားစုပိုင်တဲ့ တိုက်ခန်းလေးကိုရောင်းပြီး သူကိုယ်တိုင် ဒါရိုက်တာ၊
မင်းသာလုပ်ပြီး ရုပ်ရှင်စပြီးရိုက်ခဲ့တယ်။ကံကောင်းချင်တော့ အဲဇတ်ကားနဲ့ပဲ ချက်ကီချန်းဆိုပြီ အာရှ မှာနာမည်ကြီးလာတယ်။
ဘယ်လောက်ထိကြီးခဲ့လဲဆိုရင် နာမည်ကြီး ဘရုစ်စလီ စံချိန်တင်ထားတဲ့ ဟောင်ကောင်လက်မှတ်စံချိန်ကိုချိုးခဲ့တဲ့အပြင်
ဟောင်ကောင်ဒေါ်လာ ၁၁ သန်းထိ ၀င်ငွေရခဲ့တဲ့ ရုပ်ရှင်ကား The Young Master ပဲဖြစ်ပါတယ်။
အခုချိန်မှာတော့ ဂျက်ကီချန်းဟာ အာရှမှာတင်မက Hollywood အထိပါနာမည်ကျော်ကြားခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်။
ဂျက်ကီချန်း ပြောတဲ့စကားလေးနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။
'' ဘ၀ဆိုတာ ကိုယ်ကို ရှုံးနိမ့်အောင်ဖန်းတီးနိုင်တယ်။ဒါပေမဲ့ ပြန်ထပြီး ရုန်းကန်ကြိုးစားဖို့ဆိုတာ မိမိရွေးချယ်မှုအပေါ်မှာ မူတည်ပါတယ်။ ""
Leave ဇီရိုးမှhero ဖြစ်သူများ to:
Read more #dpakyaw posts
Best Posts From Aung Htet
We have not curated any of aunghtet.mdy's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.