ANSOE avatar

ဉာဏ်စောင့်တဲ့ အသက်

ansoe

Published: 13 May 2023 › Updated: 13 May 2023ဉာဏ်စောင့်တဲ့ အသက်

ဉာဏ်စောင့်တဲ့ အသက်

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....

မနေ့ကစလို့ မိုးမျှော်နေတဲ့ ကျွန်တော်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းကလူတွေအတွက် ကျေနပ် ဝမ်းသာနိုင်အောင်လို့ မိုးရွာချလို့ပေးလိုက်ပါပြီ။ ပူလွန်းတဲ့ရာသီဥတုဒဏ်ကြောင့် မိုးကိုမျှော်နေကြတာဖြစ်ပါတယ်။ မိုးရွာရင်ပြီးရောဆိုတဲ့သူတွေလည်း အများအပြားပါပဲ။ ကျွန်တော်ကတော့ ကျေနပ်ပေမယ့် ဝမ်းမသာနိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုရင် အလွန်ဖျက်အားပြင်းတဲ့ MOCHA မုန်တိုင်းကြောင့် မိုးရွာလို့ပဲဖြစ်ပါတယ်။



လွန်ခဲ့တဲ့ရက်အနည်းငယ်ကလည်း ရေးခဲ့မိပါသေးတယ်။ မိုးရွာစေချင်တာမှန်ပေမယ့် လူအများဒုက္ခဖြစ်စေမယ်ဆိုရင်တော့ အဲဒီလိုမိုးမျိုး မလိုချင်ပါဘူး။ ခုလည်း ရခိုင်ပြည်နယ် ရခိုင်ကမ်းရိုးတန်းက မြို့ရွာမှာနေထိုင်ကြရတဲ့သူတွေ ပေါ့ပေါ့တွေးပြီး နေခဲ့ရင် အကြီးအကျယ်ဒုက္ခဖြစ်စေနိုင်ပါတယ်။ အသက်အိုးအိမ်တွေ အများအပြား သေကြေပျက်စီးဆုံးရှုံးကြရပါလိမ့်မယ်။ ပညာရှင်‌ေတွခန့်မှန်းထားတဲ့အတိုင်းသာဆိုရင် 2008 ခုနှစ်က လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရတဲ့ နာဂစ်(Nargis)ထက်တောင် အဖျက်စွမ်းအားကြီးနိုင်ပါတယ်။ အဲဒါတွေကြောင့် မိုးရွာတာ ကျေနပ်မိပေမယ့် ဝမ်းမသာနိုင်ပါဘူး။



C4 ဒါမှ မဟုတ် CAT 4 ဒါမှမဟုတ် CATEGORY 4 အဆင့်ဖြစ်လာနိုင်တယ်လို့ သတ်မှတ်‌ထားကြပါတယ်။ C 4 အဆင့်ရဲ့ လေတိုက်နှုန်းက 131 mph ကနေ 155 mph ထိတိုက်ခတ်နိုင်တဲ့အဆင့်ဖြစ်ပါတယ်။ နာဂစ်(Nargis)က 130 mph အောက်ပဲရှိခဲ့ပါတယ်။ အမြင့်ဆုံးလေတိုက်နှုန်း 130 mph နဲ့ မော်တင်စွန်းကနေ ကုန်တွင်းပိုင်းကို ဝင်ရောက်ခဲ့ပါတယ်။ မုန်တိုင်းစတင်ခဲ့တဲ့နေရာကလည်း သိပ်မကွာပါဘူး။ အစပိုင်းလမ်းကြောင်းလည်း အတူတူလောက်ပါ။ ဒီတော့လည်း စိုးရိမ်မိတာပေါ့။ ဒါပေမယ့် အရင်တုံးကလို ပြင်ဆင်ချိန်မရတဲ့ခေတ်မဟုတ်တော့ပါဘူး။ ပေါ့ဆလို့လည်းမရပါဘူး။



ခုရက်ပိုင်း စစ်တွေမြို့ ကျောက်ဖြူမြို့တွေ မှာ သဲ‌တွေနိမ့်ဆင်းသွားတဲ့အကြောင်းတွေ အများကြီးတွေ့ရပါတယ်။ နားလည်သူတဲ့သူရှင်းပြတာက ပင်လယ်ရေဆုတ်သွားတာဖြစ်ပါတယ်။ အင်အားပြင်းမုန်တိုင်းမလာခင်ဖြစ်တတ်တဲ့လက္ခဏာပါ။ မိုင်ချီနေတဲ့ မုန်တိုင်းစက်ဝန်းရဲ့ လေပွေကြောင့် အောက်ကရေတွေကပါ လိုက်ပြီးလယ်ကာ မုန်တိုင်းဗဟိုရေမျက်နှာပြင်မြင့်တက်လာပါတယ်။ အဲဒါကောင့် ပင်လယ်ရေတွေကျသွားပြီး မုန်တိုင်းတိုက်တဲ့အခါ လေနဲ့အတူ လှိုင်းအဖြစ်နဲ့ရိုက်ခတ်လာပါတယ်။

စစ်တွေကိုရိုက်ခတ်လာမယ့်လှိုင်းလုံးအမြင့်က ပေ(၂၀)အထက်မှာဖြစ်ပါမယ်။ လှိုင်းတွေက ရိုက်ခတ်ပြီးနောက် ကမ်းပေါ်က သက်ရှိ သက်မဲ့အရာအားလုံးကို ပင်လယ်ထဲကို ဆွဲခေါ်သွားအုံးမှာပါ။ ကမ်းရိုးတန်းမှာ နေထိုင်သူများအနေနဲ့ တဲနဲ့ပဲနေနေ တိုက်နဲ့ပဲနေနေ ပင်လယ်ရေလှိုင်းတွေရိုက်ခတ်လာရင် အန္တရာယ်ရှိပါတယ်။ နောက်ပြီး ရေနဲ့အတူ အဆိပ်ရှိသတ္တဝါတွေလည်း မျောပါလာနိုင်တဲ့အတွက်လည်း အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ရေလှိုင်းကဆွဲခေါ်သွားတာကိုလည်းခံရနိုက်တဲ့အတွက် ရေလွတ်နိုင်တဲ့နေရာကို ပြောင်းရွေ့နေထိုင်သင့်ပါတယ်။ မုန်တိုင်းရှောင်စခန်းအချို့လည်း တည်ဆောက်ပေးထားတယ်လို့တော့ကြားမိပါတယ်။ နာဂစ်(Nargis)လိုအဖြစ်ဆိုးတွေ ထပ်မဖြစ်လောက်ဘူးလို့တော့ ယူဆမိပါတယ်။ မြန်မာနိုင်ငံသားအားလုံး သဘာဝဘေးအန္တရာယ်မှ ကင်းဝေးအောင် အသိဉာဏ်ရှိရှိနေထိုင်နိုင်ကြပါစေ။

သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။


အားလုံးကို လေးစားလျှက် -


ansoeHive account@ansoe

Leave ဉာဏ်စောင့်တဲ့ အသက် to:

Written by

Myanmar Hive Community(Zeyar Shwe Myay)

Read more #hive-122133 posts


Best Posts From ANSOE

We have not curated any of ansoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From ANSOE