ANSOE avatar

My Entry For Around The World - Challenge #33/6 🌎

ansoe

Published: 23 Dec 2025 › Updated: 23 Dec 2025My Entry For Around The World - Challenge #33/6 🌎

My Entry For Around The World - Challenge #33/6 🌎

Hello everyone, have a nice day.

အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။


It was dusk. The sun, which had been shining brightly all day, had already set in the west. But the light from the sun was making the clouds in the sky appear to be bursting with bright colors. At that moment, I was riding my motorcycle on the main road of Sagaing. I saw a cloud of red and orange in the west. I immediately stopped my motorcycle and took out my smartphone to take a photo of the beautiful and terrifying cloud. The glowing clouds were so bright that I could see the shop signs on the roadside shining brightly. I was pleased to have received a photo for this competition.





အချိန်က ညနေဆည်းဆာ နေဝင်ချိန်ဖြစ်နေပါပြီ။ တနေကုန် ထွန်းလက်းတောက်ပခဲ့တဲ့ နေမင်းကြီးက အနောက်အရပ်ဆီမှာ ကွယ်‌ေပျာက်သွားပါပြီ။ ဒါပေမယ့် နေမင်းကြီးရဲ့အလင်းရောင်ကြောင့် အမောက်အရပ်ဆီမှာရှိနေတဲ့တိမ်တွေမှာ တောက်ပတဲ့ အရောင်မျိုးစုံဖြစ်ပေါ်နေပါတယ်။ အဲဒီလိုအချိန်မှာ ကျွန်တော်က စစ်ကိုင်းမြို့ရဲ့ဈေးလမ်းကြီးပေါ်ကို ဆိုင်ကယ်စီးရင်းရောက်လာခဲ့တယ်။ အနောက်အရပ်ဆီမှာ နီရဲတဲ့အရောက် လိမ္မော်ရောင်တွေချယ်သထားတဲ့ တိမ်တိုက်ကိုမြင်လိုက်ရတယ်။ စီးလာတဲ့ဆိုင်ကယ်ကို ချက်ချင်းရပ်လိုက်ပြီး စမတ်ဖုန်းထုတ်ကာ လှပပြီး ကြောက်စရာမီးတောက်အသွင်ဖြစ်ပေါ်နေတဲ့တိမ်တိုက်ကို ဓာတ်ပုံရိုက်ယူခဲ့လိုက်တယ်။ မီးတောက်သဖွာ်ဖြစ်နေတဲ့ တိမ်တိုက်ကြောင့် လမ်းဘေးဆိုင်ရဲ့ ဆိုင်ဘုတ်တွေမှာပါ အရောင်တွေတောက်ပနေတာကိုမြင်ရတယ်။ ဒီတပ်အတွက်ပြိုင်ပွဲဝင်ဓာတ်ပုံရရှိခဲ့လို့ ကျေနပ်မိတယ်။


The photo below is the contestant photo for this week's Around The World Challenge #33/6.

အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #33/6. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။



With all due respect -

အားလုံးကို လေးစားလျှက် -


ansoe@ansoe

23 DECEMBER 2025 TUESDAY

Leave My Entry For Around The World - Challenge #33/6 🌎 to:

Written by

Myanmar Hive Community(Zeyar Shwe Myay)

Read more #hive-125125 posts


Best Posts From ANSOE

We have not curated any of ansoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From ANSOE