မလွမ်းတော့ပါဘူး
အားလုံးသော မိတ်ဆွေများ မင်္ဂလာပါ...
ပြီးဆုံးပျောက်ပျက်သွားသောအရာတို့အား ပြန်လည်မရရှိနိုင်တော့ပေမယ့်လည်း သတိရတမ်းတလို့ လွမ်းဆွတ်နေမိပါတယ်... ပျော်ရွှင်ကြည်နူးခဲ့ကြရတဲ့အချိန်လေးတွေကိုလည်း ပြန်လည်အမှတ်ရ တမ်းတနေမိပါတယ်... ပြောခဲ့တဲ့စကားလေးတွေ ပေးခဲ့ဖူးတဲ့အနမ်းလေးတွေ အဲလေ Vote လေးတွေကို ပြန်လည်လွမ်းဆွတ်နေမိနေဆဲပါ... $ များများစားစားရတာ မရတာနဲ့မဆိုင်ပဲ ပျော်ရွှင်ကြည်နူးရတာနဲ့ စိတ်အပန်းဖြေစရာတစ်ခုလို ဖြစ်နေတဲ့အတွက်လည်း ပိုလို့ ပိုလို့ သတိရမိပါတယ်...
ပျော်ရွှင်ခဲ့ကြရတဲ့သူတွေ ပိုသိပါတယ်... အားတိုင်း ယားတိုင်း တ တင် တင်နဲ့ တက်နေတဲ့ အသံလေးကို မကြားရရင် အိပ်တောင်မပျော်သလိုဖြစ်ခဲ့ကြရတာ လွမ်းနေမိပါသကောလား... အသိစိတ်က မသိလိုက်ခင်မှာ အဲဒီ တ တင် တင် အသံလေးကို စွဲလမ်းနေမိတယ်... တ တင် တင်အသံလေး မကြားရရင် မနေနိုင်ပဲ ဘယ်သူမှမရှိကြဘူးလား ဆိုပြီးအကြောင်းမရှိအကြောင်းရှာ လိုင်းပေါ်တက်တက် မေးနေတတ်ကြတယ်...
Group ထဲမှာ လိုင်းမတက်တာ ကြာရင်လည်း နေမှကောင်းရဲ့လား မေးကြည့်ကြပါအုံးဆိုတာကတစ်မျိုး ဖုန်းတဂွမ်ဂွမ်ဆက်ကြတာကလည်း တစ်ဖုံ ရှာကြံ စိတ်ပူပေးတတ်ကြတယ်... ကိုယ့်တင်လိုက်တဲ့ Post ရဲ့အောက်မှာ Comment များများမရှိရင် Vote များများမလာရင် Group တွေထဲ လှည့်ပတ် လောဆော်ကြတဲ့ အုပ်စုဖွဲ့လှုပ်ရှားမှုလေးတွေကိုလည်း ပြန်လည်တမ်းတမိပါရဲ့... Group ခေါင်းဆောင်များရဲ့ လှုပ်ရှားမှုကလည်း အတော်ကောင်းခဲ့ကြသကိုး... လွမ်းမယ်ဆိုရင် လွမ်းစရာတွေပါပဲ...
ပြန်လည် တမ်းတ လွမ်းမောနေလည်းပဲ ဘာမှ အကျိုးမရှိသော်ငြားလည်း လွမ်းမိတာကတော့ လွမ်းမိတာပါပဲ... ပျော်စရာတွေ ပေါခဲ့သလို စိတ်ညစ်စရာ စိတ်ပျက်စရာတွေကလည်း တစ်ပုံတစ်ပင်ရှိခဲ့တယ်... စိတ်ညစ်လို့ မငြီးငြူ တောင်ပြေးမြောက်ပြေး ကူပါကယ်ပါမအော်ပဲ မဖြစ်ဖြစ်အောင်ရှင်းခဲ့ကြတာကလည်း တစ်မျိုးလွမ်းစရာပါ... ဘာပြောပြော လွမ်းတာကတော့ လွမ်းတာပါပဲ... အားလုံးကိုသတိတရရှိနေစမြဲကလည်း ရှိနေစမြဲပါပဲ... လွမ်းပေမယ့်လည်း မလွမ်းတော့ပါဘူးလေ... အလွမ်းတွေကို ဘာနဲ့မျှောရင်ကောင်းမလဲဆိုတာလည်း မသိတော့ဘူးဗျို့...
အားလုံးကို လေးစားလျှက် -
@ansoe
Leave မလွမ်းတော့ပါဘူး to:
Read more #hive-122133 posts
Best Posts From ANSOE
We have not curated any of ansoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From ANSOE
- My Entry For Around The World - Challenge #7/7 🌎
- My Entry For Around The World - Challenge #5/7 🌎
- My Entry For Around The World - Challenge #4/7 🌎
- My Entry For Around The World - Challenge #2/7 🌎
- My Entry For Around The World - Challenge #52/6 🌎
- My Entry For Around The World - Challenge #51/6 🌎
- My Entry For Around The World - Challenge #50/6 🌎
- My Entry For Around The World - Challenge #49/6 🌎
- My Entry For Around The World - Challenge #48/6 🌎
- My Entry For Around The World - Challenge #46/6 🌎