anmali avatar

သေချာပါတယ်

anmali

Published: 23 May 2018 › Updated: 23 May 2018သေချာပါတယ်

သေချာပါတယ်

မိန်းကလေးတိုင်းက လှချင်ကြတယ်လေ ကဘာပေါ်မှာ မလှချင်တဲ့မိန်းကလေးမရှိလောက်ပါဘူး
ဟောလိဝုဒ်က အနုပညာရှင် အကျော်အမော်တွေ အထူးသဖြင့် အမျိုးသမီးတွေ ဟာ မိမိကိုယ်ကလို
လှသည်ထက်လှအောင် အများငေးသည်ထက်ငေးအောင် အပြိုင်အဆိုင် ထင်တိုင်းကြဲတက်ကြတာ
လူတိုင်း သိတယ်နော်။ အားလုံးက အထင်ကြိးသော အားကျသောမျက်ဝန်းတွေနဲ့ ငေးမောကြည့်ကြတာကို
သူတို့ သာယာနေတာမဟုတ်ပါူဘူး သဘောကျနေတာမဟုတ်ပါဘူး သူတို့အာရုံစိုက်တာက သတင်းမီဒီယာတွေမှာ
ထူးခြားသော အသွင်နဲ့ တစ်ခုခု အထူးအဆန်းဖြစ်သွားစေချင်တာက သူတို့ရဲ့ပြစ်မှတ်ပါဘဲ။ နောက်တစ်ခုက
အပေါ်မှာ ပြောခဲ့သလိုပေါ့ ပြိုင်ဆိုင်မှုက သူတို့ လောကအလယ်မှာ အလွန်ကို ပြင်းထန်ပါတယ် ကိုယ့်ရဲ့အောင်မြင်
မှု ကျော်ကြားနေတာတွေကို မရပ်တန့်နိုင်သလိုဘဲ အချင်းချင်း မနာလို မရှုစိမ့်ကြတာကလည်း အထင်းသားပါဘဲ
သူ့ထက်သာလိုမနာလိုဆိုတာ မြန်မာစကားပုံတစ်ခုမဟုတ်ပါဘူး။ ကဘာ့လူသားတွေရဲ့ နေ့စဉ် စိတ်သဘော
အတွင်းသဘော အတွင်းမနောတွေကို ထင်ဟပ်ပြနေသော စကားစုအစစ်အမှန်ဖြစ်ပါတယ် အခုလိုပေါ့ အော်စကာ
ဆုပေးပွဲ တကဘာလုံးက မျက်လုံးဒေါက်ထောက်ကြည့်နေတဲ့ကာလ မျက်တောင် မခက်တမ်း အာရုံစိုက်နေချိန်မှာ
မိုမမြင်လေမမြင်နိုင်အောင် အတ်တတွေ မာနတွေ ကြွားဝါမှုတွေက လေမုန်တိုင်းတစ်ခုလိုပြင်းထန်နေမှာပေါ့
အဲ့ဒီပွဲကို စိန်ရွှေရတနာ ရောင်းဝယ်ရေးလုပ်တဲ့ အင်မတန်ချမ်းသာသော သူဌေးမတစ်ဦးက တက်ရောက်လို့
သူလည်းဘဲ အပြိုင်ကဲတယ်ဆိုပါတယ်။ သူ့ရဲ့အာရုံစိုက်မှုက ဘယ်လောက်တောင် နစ်ဝင်နေမည်လဲဆိုတော့
စီမံခန့်ခွဲမှု အားကောင်းလွန်းလို့ ဟောလိဝုဒ် လောကတစ်ခွင်က ဖောက်သည်တွေကို အားလုံးနီးပါး ချု့ပ်ကိုင်
ထားတာတောင် သူ့ရဲ့ ကြီးမားသော ရတာနာဆိုင်ကြိးဟား ထူးဆန်းစွာဘဲ အဲ့ဒီပွဲကျင်းပနေချိန်မှာ နောက်ပိုင်း
ကအချိန်အတိအကျအဖောက်ခံရ ခိုးယူခံရတယ်လို့ဆိုပါတယ်။ သူကတော့ အော်စကာဆုမရပေမယ့် ငတက်ပြား
တို့ပေးသော ဆုတစ်ခုတော့ရလိုက်ပါတယ်။ ဒီဆုကြောင့်ပါဘဲ သူမရဲ့ တစ်နှစ်တာ ရတနာရောင်းအားဟာ အရင်နှစ်
တွေထက် အဆများစွာတိးုးတက်လာလို့ သူမလည်း ပိုလို့ချမ်းသာသွားပါတယ်။ သူမရဲ့ အကွကရွှေ့နိုင်မှုနဲ့ မီဒီယာ
တွေရဲ့ အာရုံ လူတွေရဲ့အာရုံကို စူးစိုက်စေနိုင်မှုက ဟောလိဝုဒ် မင်းသမီးတွေထက် များစွာသာလွန်ခဲ့တယ်ဆိုတာ
တော့ သူမသာလျှင် အသိဆုံးဖြစ်ပါလိမ့်မည်။ လောကသည် မယာများနှင့်ပြည့်နှက်လို့နေပါလေသည်။

Leave သေချာပါတယ် to:

Written by

Read more #life posts


Best Posts From anmali

We have not curated any of anmali's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From anmali