A Tar Oo avatar

ခိုးစားတဲ့အသီးတိုင္​း​မခ်ိဳပါဘူး

ahtaroo

Published: 21 Jan 2018 › Updated: 21 Jan 2018ခိုးစားတဲ့အသီးတိုင္​း​မခ်ိဳပါဘူး

ခိုးစားတဲ့အသီးတိုင္​း​မခ်ိဳပါဘူး

image

​ေသျခင္​းတရာနဲ႔ ငွက္​ဆိုး​ေတြရဲ႕ၾကားက
အျမင္​ရတဲ့ ဆက္​သြယ္​မႈတစ္​ခုလို
​ေထာင္​​ေနတဲ့ လက္​ဖက္​​ေျခာက္​႐ိုး​ေလးနဲ႔
ငါ့အၾကားဆက္​သြယ္​မႈ
လ​ေရာင္​​ေအာက္​က်ကြဲသြားတဲ့
စဥ့္​ပန္​းအိုး​ေလးရဲ႕ အ​ေႏွးျပကြက္​မွာ
တစ္​စစီျပန္​႔က်ဲ​ေန​ေသာ
ထမင္​းလံုးတ​ေစၦအ​ေျခာက္​ခံလိုက္​ရတဲ့ အိပ္​မက္​​ေတြ
လက္​ျပန္​ငွဲ႔​ေသာက္​ခဲ့ရတဲ့ည​ေနခင္​း​ေတြ
ၾကယ္​အ​ေႂကြ​ေတြကို​ေမ်ွာ္​​ေမာရင္​း
ညထဲအ​ေဖာ္​မဲ့​ေနတဲ့ ဇီးကြက့္​႐ုပ္​​ေလးတစ္​႐ုပ္​လို
​ေငြဝင္​ဂါထာတစ္​ပုဒ္​နဲ႔
အက်ႌကို​ေျပာင္​းျပန္​ဝတ္​ထားတဲ့စိတ္​ကူး
တာအထြက္​မွာပဲျပတ္​ထြက္​သြားတဲ့ ဖိနပ္​တရံ
ရပ္​​ေနတဲ့စ​ေနနံနာရီတစ္​လံုး
အနာဂတ္​​ေဟာစာတမ္​းတစ္​​ေစာင္​နဲ႔
အခန္​းလြတ္​​ေတြထဲက ​ေျခသည္​းခြံမ်ား
မီး​ေလာင္​​ေပါက္​​ေတြနဲ႔ငါ့မိသားစုျခင္​​ေထာင္​
အိုးစြပ္​မစားခြက္​စြပ္​မစားသံသယမ်ားနဲ႔
ငွက္​ဆိုး​ေတြ​ေၾကာင္​့မိုးလင္​းခဲ့ရတဲ့ငါ့ဘဝ
တကယ္​ဆို ခိုးစားတဲ့
အသီးတိုင္​း​ေတာ့ မခ်ိဳခဲ့ပါဘူး......

Myanmar_burma_flag_waving_animation.gif

ahtaroo@ahtaroo
MSC- 004

image

သေခြင်းတရာနဲ့ ငှက်ဆိုးတွေရဲ့ကြားက
အမြင်ရတဲ့ ဆက်သွယ်မှုတစ်ခုလို
ထောင်နေတဲ့ လက်ဖက်ခြောက်ရိုးလေးနဲ့
ငါ့အကြားဆက်သွယ်မှု
လရောင်အောက်ကျကွဲသွားတဲ့
စဥ့်ပန်းအိုးလေးရဲ့ အနှေးပြကွက်မှာ
တစ်စစီပြန့်ကျဲနေသော
ထမင်းလုံးတစ္ဆေအခြောက်ခံလိုက်ရတဲ့ အိပ်မက်တွေ
လက်ပြန်ငှဲ့သောက်ခဲ့ရတဲ့ညနေခင်းတွေ
ကြယ်အကြွေတွေကိုမျှော်မောရင်း
ညထဲအဖော်မဲ့နေတဲ့ ဇီးကွက့်ရုပ်လေးတစ်ရုပ်လို
ငွေဝင်ဂါထာတစ်ပုဒ်နဲ့
အကျႌကိုပြောင်းပြန်ဝတ်ထားတဲ့စိတ်ကူး
တာအထွက်မှာပဲပြတ်ထွက်သွားတဲ့ ဖိနပ်တရံ
ရပ်နေတဲ့စနေနံနာရီတစ်လုံး
အနာဂတ်ဟောစာတမ်းတစ်စောင်နဲ့
အခန်းလွတ်တွေထဲက ခြေသည်းခွံများ
မီးလောင်ပေါက်တွေနဲ့ငါ့မိသားစုခြင်ထောင်
အိုးစွပ်မစားခွက်စွပ်မစားသံသယများနဲ့
ငှက်ဆိုးတွေကြောင့်မိုးလင်းခဲ့ရတဲ့ငါ့ဘဝ
တကယ်ဆို ခိုးစားတဲ့
အသီးတိုင်းတော့ မချိုခဲ့ပါဘူး......

Myanmar_burma_flag_waving_animation.gif

ahtaroo@ahtaroo
MSC- 004

Leave ခိုးစားတဲ့အသီးတိုင္​း​မခ်ိဳပါဘူး to:

Written by

Read more #myanmar posts


Best Posts From A Tar Oo

We have not curated any of ahtaroo's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From A Tar Oo