
ပျော်နေတာတွေအမြဲရှိစေချင်တယ်
လောကတွင် အချိန်ဆိုသည်မှာ ရှိသည်လား မရှိဘူးလားဆိုတာ အတော်လေးကို ဝေခွဲရခက်သောအရာ
ဖြစ်ပါတယ် လူတွေသက်မှတ်လို့သာ အချိန်ဆိုတာ ဖြစ်ပေါ်နေတာလို့ထင်မိတယ်။ အချိန်ဆိုတာမရှိသည့်
အတွက် နှေးတာတွေ မြန်တာတွေ နောက်ကျတာတွေ စောတာတွေလည်းမရှိဘူး။ နှေးတယ်မြန်တယ်
ဆိုတာက လူတွေရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်နေသောအရာသာဖြစ်တယ်လေ။
ပျော်ရတဲ့အခါတွေ စိတ်ချမ်းသာရတဲ့အခါတွေမှာ အချိန်ဆိုတာကြီးက အကုန်မြန်လွန်းလှပါတယ်
ပျော်လို့မှ အားမရခင် အချိန်ဆိုတာ ကုန်ဆုံးသွားတက်ပါတယ် လူဆိုတဲ့အမျိုးကလဲ ပျော်ချင်ကြတာ
စိတ်ချမ်းသာချင်ကြတာပါဘဲ။ ဒီတော့ စိတ်ချမ်းသာမှုတွေ ပျော်ရွှင်မှုတွေကို များများခံစားနိုင်ဖို့အတွက်
အချိန်ဆိုတဲ့ မတည်မြဲသောအရာ ရှိမနေသောအရာကို နှေးသွားအောင် ရှည်လျှားအောင် ဆွဲဆန့်ချင်
ကြပြန်ပါတယ် ဒီအခါမှာ အချိန်တွေက နဂိုရှိရင်းအချိန်တွေထက် ပိုမိုမြန်ဆန်စွာ ကုန်ဆုံးနေတော့တာပါ
ဘဲလေ။ ပျော်ရွှင်တဲ့အခါ အချိန်ကုန်မြန်တယ်လို့ လူတွေအာားလုံးလက်ခံထားကြတယ် အချိန်တွေကုန်လို့
ကုန်မှန်းမသိပါဘူးလလို့ ပြောတက်ကြပါတယ်။ ပျော်ရွှင်မြူးတူးနေရတဲအခါမှာ အချိန်တေါအကုန်မြန်တယ်လို့
လူတွေပြောတာကြားဖူးတယ်နော် ပျော်နေရရင် အချိန်ဆိတုာ အကုန်မြန်တက်ပါတယ် ဒီတော့အချိန်ကို ပျော်
စရာကြီးရယ်စရာကြီး ဖြစ်သွားစေပြန်ပါတယ် ဘာလို့လဲဆိုတော့ ပျော်စရာကြီးရယ် စရာကြီးအဖြစ် ဘ၀ကို
မထင်မှတ်စေချင်ကြဘူးလေ ကိုယ့်ရဲ့ဘ၀ဟာ ပျော်စရာရယ်စရာဟာသကြီး ပေါတောတောကြီးလို့
လူတွေထင်သွားမှကိုလည်း စိုးရိမ်မိပြန်ပါတယ်။ ဒီလိုဖြစ်လာတယ်ဆိုရင် ဘ၀က ဘယ်လေးနက်တော့မလဲလေ
ဒါကြောင့် အချိန်တွေကိုအ ကုန်မမြန်စေချင်ချင်ဘူး။ ဒီကဘာမှာ ကြာနိုင်သမျှလေးကြာအောင် အသက်ရှင်ချင်
ကြပါတယ် ရယ်စရာကြီးလည်းမဖြစ်စေချင်ပြန်ဘူး။အားလုံးကို လေးလေးနက်နက်ရှိစေချင်မိပါတယ်။
Leave ပျော်နေတာတွေအမြဲရှိစေချင်တယ် to:
Read more #esteem posts
Best Posts From a-11
We have not curated any of a-11's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.