Jobs fair in Frontiir or Myanmar Net
#MyanmarNet
#JobFair@YGN
ျမန္မာနက္အလုပ္အကိုင္ျပပြဲ
ျမန္မာႏိုင္ငံတြင္ အင္တာနက္၀န္ေဆာင္မႈႏွင့္ နည္းပညာ ေရွ႕ေဆာင္ကုမၸဏီတစ္ခုျဖစ္ေသာ ျမန္မာနက္အင္တာနက္၀န္ေဆာင္မႈမွ ၁၇.၂.၂၀၁၈ ရက္ေန႔ (စေနေန႔)တြင္ ျမန္မာနက္႐ံုးခ်ဳပ္တည္ရွိရာ အမွတ္ ၃၃၊ ၅ ရပ္ကြက္၊ ျပည္လမ္း၊ မရမ္းကုန္းၿမိဳ႕နယ္၌ အလုပ္အကိုင္ျပပြဲ ျပဳလုပ္က်င္းပမည္ျဖစ္ပါသည္။ စိတ္ပါ၀င္စားသူ မည္သူမဆို လာေရာက္ေလ့လာေလွ်ာက္ထားႏိုင္ၿပီး သင့္ေလ်ာ္သူမ်ားကို အင္တာဗ်ဴး ေန႔တြင္းခ်င္းျပဳလုပ္သြားမည္ျဖစ္ပါသည္။
Engineering (Field Ops, LAN Ops, M&E Ops, Fiber, Wireless, IT)၊ Sales/Marketing၊ Operation၊ Finance နယ္ပယ္မ်ားဆိုင္ရာ ကၽြမ္းက်င္ပညာရွင္မ်ား ေလွ်ာက္ထားႏိုင္မည္ျဖစ္သည္။ လုပ္ငန္းအေတြ႕အႀကံဳျပည့္၀သူမ်ားအျပင္ လုပ္ငန္းအေတြ႕အႀကံဳ မရွိေသးေသာသူမ်ားလည္း ေလွ်ာက္ထားႏိုင္ပါသည္။
အလုပ္အကိုင္ျပပြဲသို႔လာေရာက္ရာတြင္ ကိုယ္ေရးအက်ဥ္းႏွင့္ လိုအပ္ေသာ စာရြက္စာတမ္းမ်ားအားလံုး တစ္ပါတည္း ယူေဆာင္လာေစလိုပါသည္။ သိလိုသည္မ်ားကို jobs@myanmarnet.com သို႔မဟုတ္ 09969947714 သို႔ဆက္သြယ္ေမးျမန္းႏိုင္ပါသည္။
ျပပြဲအစီအစဥ္
ေန႔ရက္။ ။ ေဖေဖာ္၀ါရီ ၁၇ ရက္ေန႔ ၂၀၁၈ ခုႏွစ္ (စေနေန႔)
အခ်ိန္။ ။ မနက္ ၉နာရီမွ ေန႔လယ္ ၁ နာရီ ၃၀ မိနစ္အထိ
ေနရာ။ ။ အမွတ္ ၃၃၊ ၅ ရပ္ကြက္၊ ျပည္လမ္း၊ (၈)မိုင္၊ (မရမ္းကုန္းတရား႐ံုးအနီး)၊ မရမ္းကုန္းၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕။
ျမန္မာနက္အေၾကာင္း
အက်ိဳးရွိအသံုး၀င္ေသာ သတင္းအခ်က္အလက္ႏွင့္ နည္းပညာဆိုင္ရာ ၀န္ေဆာင္မႈမ်ားကို ေစ်းႏႈန္းခ်ိဳသာစြာ ပံ့ပိုးေပးျခင္းအားျဖင့္ ကမၻာလံုးဆိုင္ရာနည္းပညာကြာျခားမႈမ်ားကို ေပါင္းကူးေပးရန္မွာ ျမန္မာနက္၏ ရည္မွန္းခ်က္ျဖစ္သည္။ ျမန္မာနက္သည္ MIT၊ UC Berkeley ႏွင့္ UIUC တို႔မွ ဘြဲ႕လြန္ပညာရပ္မ်ား ဆည္းပူးသင္ယူခဲ့သည့္ အမိေျမျပန္ပညာရွင္မ်ားမွ ဦးေဆာင္လုပ္ကိုင္ေနသည့္ ၀န္ထမ္းအေရအတြက္ ၁,၀၀၀ ေက်ာ္ရွိ ကုမၸဏီႀကီး တစ္ခုျဖစ္သည္။ ျမန္မာႏိုင္ငံအား ကမၻာ့အဆင့္မီေစရန္ ျပဳျပင္ေျပာင္းလဲေရးႏွင့္ ျမန္မာျပည္သားမ်ား၏ေနထိုင္မႈဘ၀အား တိုးတက္ေစေရးအတြက္ ႀကီးမားေသာအက်ိဳးေက်းဇူးျဖစ္ေစမည့္ လုပ္ငန္းတြင္ပါ၀င္ရန္ စိတ္ပါ၀င္စားပါက ျမန္မာနက္သည္ အလုပ္လုပ္ရန္အေကာင္းဆံုးေနရာျဖစ္သည္။ ယခုအခ်ိန္တြင္ ျမန္မာနက္အသံုးျပဳသူဦးေရေပါင္း ၄၀၀,၀၀၀ (ေလးသိန္း) သို႔ေရာက္ရွိလာၿပီ ျဖစ္ၿပီး သံုးစြဲသူမ်ားအေနျဖင့္ တစ္ေထာင္က်ပ္တည္းျဖင့္ ငါးရက္ အင္တာနက္ အ၀သံုးႏိုင္ေပသည္။ ျမန္မာနက္သည္ ဖရန္တီယာ (Frontiir) ၏ လုပ္ငန္းအမွတ္တံဆိပ္တစ္ခုျဖစ္သည္။
#MyanmarNet
#JobFair@YGN
မြန်မာနက်အလုပ်အကိုင်ပြပွဲ
မြန်မာနိုင်ငံတွင် အင်တာနက်ဝန်ဆောင်မှုနှင့် နည်းပညာ ရှေ့ဆောင်ကုမ္ပဏီတစ်ခုဖြစ်သော မြန်မာနက်အင်တာနက်ဝန်ဆောင်မှုမှ ၁၇.၂.၂၀၁၈ ရက်နေ့ (စနေနေ့)တွင် မြန်မာနက်ရုံးချုပ်တည်ရှိရာ အမှတ် ၃၃၊ ၅ ရပ်ကွက်၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၌ အလုပ်အကိုင်ပြပွဲ ပြုလုပ်ကျင်းပမည်ဖြစ်ပါသည်။ စိတ်ပါ၀င်စားသူ မည်သူမဆို လာရောက်လေ့လာလျှောက်ထားနိုင်ပြီး သင့်လျော်သူများကို အင်တာဗျူး နေ့တွင်းချင်းပြုလုပ်သွားမည်ဖြစ်ပါသည်။
Engineering (Field Ops, LAN Ops, M&E Ops, Fiber, Wireless, IT)၊ Sales/Marketing၊ Operation၊ Finance နယ်ပယ်များဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ လျှောက်ထားနိုင်မည်ဖြစ်သည်။ လုပ်ငန်းအတွေ့အကြုံပြည့်ဝသူများအပြင် လုပ်ငန်းအတွေ့အကြံု မရှိသေးသောသူများလည်း လျှောက်ထားနိုင်ပါသည်။
အလုပ်အကိုင်ပြပွဲသို့လာရောက်ရာတွင် ကိုယ်ရေးအကျဉ်းနှင့် လိုအပ်သော စာရွက်စာတမ်းများအားလုံး တစ်ပါတည်း ယူဆောင်လာစေလိုပါသည်။ သိလိုသည်များကို jobs@myanmarnet.com သို့မဟုတ် 09969947714 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပြပွဲအစီအစဉ်
နေ့ရက်။ ။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ၂၀၁၈ ခုနှစ် (စနေနေ့)
အချိန်။ ။ မနက် ၉နာရီမှ နေ့လယ် ၁ နာရီ ၃၀ မိနစ်အထိ
နေရာ။ ။ အမှတ် ၃၃၊ ၅ ရပ်ကွက်၊ ပြည်လမ်း၊ (၈)မိုင်၊ (မရမ်းကုန်းတရားရုံးအနီး)၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
မြန်မာနက်အကြောင်း
အကျိုးရှိအသုံးဝင်သော သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ၀န်ဆောင်မှုများကို စျေးနှုန်းချိုသာစွာ ပံ့ပိုးပေးခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာနည်းပညာကွာခြားမှုများကို ပေါင်းကူးပေးရန်မှာ မြန်မာနက်၏ ရည်မှန်းချက်ဖြစ်သည်။ မြန်မာနက်သည် MIT၊ UC Berkeley နှင့် UIUC တို့မှ ဘွဲ့လွန်ပညာရပ်များ ဆည်းပူးသင်ယူခဲ့သည့် အမိမြေပြန်ပညာရှင်များမှ ဦးဆောင်လုပ်ကိုင်နေသည့် ၀န်ထမ်းအရေအတွက် ၁,၀၀၀ ကျော်ရှိ ကုမ္ပဏီကြီး တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအား ကမ္ဘာ့အဆင့်မီစေရန် ပြုပြင်ပြောင်းလဲရေးနှင့် မြန်မာပြည်သားများ၏နေထိုင်မှုဘဝအား တိုးတက်စေရေးအတွက် ကြီးမားသောအကျိုးကျေးဇူးဖြစ်စေမည့် လုပ်ငန်းတွင်ပါ၀င်ရန် စိတ်ပါ၀င်စားပါက မြန်မာနက်သည် အလုပ်လုပ်ရန်အကောင်းဆုံးနေရာဖြစ်သည်။ ယခုအချိန်တွင် မြန်မာနက်အသုံးပြုသူဦးရေပေါင်း ၄၀၀,၀၀၀ (လေးသိန်း) သို့ရောက်ရှိလာပြီ ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် တစ်ထောင်ကျပ်တည်းဖြင့် ငါးရက် အင်တာနက် အဝသုံးနိုင်ပေသည်။ မြန်မာနက်သည် ဖရန်တီယာ (Frontiir) ၏ လုပ်ငန်းအမှတ်တံဆိပ်တစ်ခုဖြစ်သည်။
Leave Jobs fair in Frontiir or Myanmar Net to:
Read more #warmly posts
Best Posts From Zaw Thu
We have not curated any of zawthu's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.