လွမ်းနေရသူ
တစ်လမှာ ရက်သုံးဆယ်သာ
ဆုံစည်းခွင့် ရခဲ့ပေမယ့်
တမ်းတခြင်း အနန္တနဲ့
သတိရနေလျှက်ပါ ချစ်သူ.....
ဝေးကွာခြင်း နေ့ရက်တွေရဲ့
ကုန်ဆုံးခဲ့ အချိန်တိုင်းမှာ
မမေ့နိုင်လို့ လွမ်းနေမိတော့
ပါးပြင်ထက်မှာ မျက်ရည်တချို့
စွန်းထင်ခဲ့ပြီပေါ့ ချစ်သူ......
ဟေမာန်ဆောင်းရဲ့နှင်းစက်တွေကြား
တူယှဉ်တွဲလို့ လျှောက်လှမ်းခဲ့တဲ့
တို့ကျောင်းတော်ကြီးရဲ့လမ်းမကြီးက
အထီးကျန်နေမှာပဲနော်....
သတိရတယ်ချစ်သူ.......
ပျော်ရွှင်မြူးစွာ ကစားခဲ့ဖူးတဲ့
ကျွန်းတန်းလေးက ခုံတန်းလေးတော့
ခုလောက်ဆို အဖော်မဲ့နေရောပေါ့...
လွမ်းတယ် ချစ်သူရယ်....
အစားထိုးမဲ့ နေ့ရက်တွေရဲ့
ကြည်နူးမှု အပိုင်းအစလေးတွေ
လွမ်းဆွေးခြင်း တိမ်တိုက်တွေကြား
တစ်စတစ်စ ကွယ်ပျောက်သွားခဲ့ပြီ...
Leave လွမ်းနေရသူ to:
Read more #artzone posts
Best Posts From yemon
We have not curated any of yemon's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.