uthantzin avatar

ယနေ့ကုသိုလ်...

uthantzin

Published: 08 Apr 2018 › Updated: 08 Apr 2018ယနေ့ကုသိုလ်...

ယနေ့ကုသိုလ်...

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ဒီနေ့တော့ မင်္ဂလာဧည့်ခံပွဲပြီးသွားသော်လည်း အညာမှ ဧည့်သည်များအား ရန်ကုန်ုမြို့တွင်းဘုရားဖူးပို့ရန်နှင့် မြို့တွင်းဆွေမျိုးများအိမ် အလည်သွားရန်မနက်(9:00)နာရီခန့်တွင် စတင်ပို့ဆောင်ခဲ့ ပါသည်။
image
လမ်းကြောင်းပေါ်မူတည်ပြီး ပထမဦးဆုံး ကမ္ဘာအေးဘုရားသို့ စတင်ပို့ဆောင်ဖူးမျှော်ခဲ့ကြပါသည်။ဘုရားစောင်းတန်းလေးမှာလည်း ဈေးဆိုင်များ၌ဘုရားဖူးများမှ အမှတ်တရပစ္စည်းများဝယ်ယူလျက် စည်ကားနေပါသည်။မိမိတို့အဖွဲ့မှလည်း အညာမှဆွေမျိုးများအတွက် အမှတ်တရပစ္စည်းလက်ဆောင်များ ဝယ်ယူအားပေးခဲ့ကြပါသည်။
image
ထို့နောက် စွယ်တော် ဘုရား ထပ်မံဖူးမျှော် ကြပါသည်။စွယ်တော် ဘုရားသို့ စွယ်တော်ဖူးရန်ဝင်လိုက်သည်နှင့် အရမ်းအေးချမ်းပြီး သပ္ပါယ် ကြည်ညိုစရာကောင်းသည်ဟု စိတ် ထဲတွင်ခံစားရလေ့ရှိပါသည်။ဆွေမျိုးများအား ထိုကဲ့သို့ အေးချမ်းတဲ့ နေရာလေးတွေ လိုက်လံပို့ဆောင်ပေးရတဲ့အတွက် မိမိမှ ကုသိုလ်ပီတိပါထပ်မံဖြစ်ပွားနေပါသည်။
image
စွယ်တော်ဖူးပြီးသောအခါ မယ်လမုဘုရား သို့ ထပ်မံဖူးမျှော်ရန် သွားရောက်ခဲ့ပါသည်။မယ်လမုဘုရားတွင် အေးအေးဆေးဆေး ဘုရားဖူးရင်း နေ့လည်စာ စားသောက်ကြပါသည်။
image
စားသောက်ရင်း ခဏတာမျှ နားနေကြပြီးနောက် ကျောက်တော်ကြီးဘုရားသို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။ကျောက်တော်ကြီးဘုရားတွင်လည်း နေ့နံများအလိုက် ဗောဓိညောင်ရေသွန်းလောင်းခြင်း...ငါးစာကျွေးခြင်း...အစာပြေထပ်မံစားသောက်ကြခြင်းတို့ပြုလုပ်ခဲ့ကြပါသည်။အဲဒီနောက် လိုင်သာယာ ဆွေမျိုးများအိမ်သို့ သွားရောက်လည်ပတ်ခြင်းဖြင့် မိမိတို့၏တစ်နေ့တာ အလည်အပတ်ပို့ဆောင်းခြင်းအား သက်တောင့်သက်သာဖြင့် စနစ်တကျ ပျော်ရွှင်အေးချမ်းစွာ ဆောင်ရွက်ခဲ့ကြပါကြောင်း...မိမိတွင်လည်း ထိုကဲ့သို့ ပို့ဆောင်ပေးရသည့်အတွက် အေးချမ်းပျော်ရွှင်မှုအပြင် ကုသိုလ်ပီတိပါထပ်မံရရှိခံစားရပါကြောင်း...တစ်နေ့တာ အပျော်ပီတိလေးအား မျှဝေပေးလိုက်ရပါသည်ချစ်သောသူငယ်ချင်းအပေါင်းတို့...
image
မြန်မာစတီးမစ်မိသားစုအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်သောဘဝပိုင်ဆိုင်ကြပါစေလို့ ...
ဆုမွန်ကောင်းတောင်းလျက်
uthantzin@uthantzin
MSC-211
photos by my phone

Leave ယနေ့ကုသိုလ်... to:

Written by

Have a great and happy life from till present to next 100 years!

Read more #myanmar posts


Best Posts From uthantzin

We have not curated any of uthantzin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From uthantzin