uthantzin avatar

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်...!

uthantzin

Published: 13 Apr 2019 › Updated: 13 Apr 2019မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်...!

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်...!

အားလုံးပဲ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေခင်ဗျာ...
ကျွန်တော်တို့အားလုံး၏ ပျော်ရွှင်စရာကောင်းသော မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရောက်ရှိလို့လာခဲ့ပြန်ပါပြီ။

Crd-org-source

ဒီနေ့ ဆိုရင် ရိုးရာမဟာသင်္ကြန်၏ အစဦးဆုံးနေ့ သင်္ကြန်အကြိုနေ့ဖြစ်တဲ့အတွက် ကျွန်တော်တို့ မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံသူ နိုင်ငံသားအားလုံး ကလေး..လူကြီး.. သက်ကြီးရွယ်အိုများပါမကျန် အရွယ်မျိုးစုံ ပုံစံမျိုးစုံဖြင့် အေးချမ်းပျော်ရွှင်စွာ ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စတင်ကြိုဆို ဖြတ်သန်းနေကြပါသည်။
ရေပက်ကစားကြသူများ.. ရေပက်ခံထွက်ကြသူများနှင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင်လည်း ပျော်ရွှင်အေးချမ်းစွာ မဟာသင်္ကြန်ပွဲတော်ကို စတင်ဆင်နွဲနေကြပြီ ဖြစ်ပါသည်။
မြို့တိုင်းတွင်လည်း သင်္ကြန်မဏ္ဍပ်များမှ နှစ်သစ်ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို တေးသီချင်းများ သီဆိုကခုန်ခြင်းများနှင့်အတူ ပျော်ရွှင်စွာ မဟာသင်္ကြန်ပွဲတော်ကို ကြိုဆိုဖွင့်လှစ်နေကြပြီဖြစ်ပါသည်။
သင်္ကြန်ဟုဆိုလိုက်တာနဲ့ အားလုံး၏စိတ်ထဲတွင် ပျော်ရွှင်စရာ ရင်ခုန်စရာ အနည်းနှင့်အများ ဖြစ်နေကြမည်မှာ အသေအချာဖြစ်ပါသည်။

Crd-org-source

သင်္ကြန်အချိန်အခါတွင် လူတိုင်းလိုလို အသက်အရွယ်အလိုက် ပျော်ပျော်ပါးပါး အေးအေးချမ်းချမ်းနဲ့ ရေကစားကြရင်း ဖြတ်သန်းကုန်ဆုံးချင်ကြမှာပါ။
သက်ကြီးရွယ်အိုများမှာလည်း ဘုန်းကြီးကျောင်းသွား ဥပုသ် သီလစောင့်တည်ခြင်းများနှင့်အတူ အေးချမ်းစွာ ကုသိုလ်ယူခြင်းများဖြင့် ရိုးရာသင်္ကြန်အချိန်အခါကို ဖြတ်သန်းလေ့ရှိကြပါသည်။

Crd-org-source

မုန့်လုံးရေပေါ်..မုန့်လက်ဆောင်း..အအေး.. စတုဒိသာ ကျွေးမွေးခြင်းများဖြင့် လှူဒါန်း ကုသိုလ်ပြုခြင်းများကိုလည်း ပျော်ပျော်ပါးပါး ပြုလုပ်ဆောင်ရွက်လေ့ရှိကြပါသည်။
ထိုကဲ့သို့ ပုံစံမျိုးစုံဖြင့် ပျော်ရွှင်စရာကောင်းသော ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကျွန်တော်တို့အားလုံး အေးချမ်းပျော်ရွှင်စွာ ဆင်နွဲကြရမှာဖြစ်ပါတယ်။
ပျော်ရွှင်စရာကောင်းသော ရိုးရာသင်္ကြန်ပွဲတော်ကို ကောင်းမွန်အေးချမ်းစွာ ဖြတ်သန်းကြရမှာဖြစ်ပြီး အပျော်ကနေ အပျက်ဖြစ်စေသော အခြေအနေများအား သတိနဲ့ ဂရုတစိုက် ထိန်းသိမ်းကြရမှာဖြစ်ပါတယ်။
ပျော်စရာကောင်းသောသင်္ကြန်ပွဲတော်ကို အားလုံးအတူတကွ ပျော်ရွှင်စွာကစားကြရင်း တစ်ဦးနှင့်တစ်ဦး မေတ္တာထားကာ ပျော်ရွှင်အေးချမ်းသော ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရုပ်လုံးဖော် ဖန်တီးကြရမှာဖြစ်ပါတယ်။
ရိုင်းဆိုင်းသောအပြုအမူ.. အပြောအဆိုများမရှိစေဘဲ ယဉ်ကျေးသော.. ကောင်းမွန်အေးချမ်းသော မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ကြိုးစားဖန်တီးပြသကြရမှာ ဖြစ်ပါတယ်။
အပျော်များကို ဖန်တီးကြတဲ့နေရာမှာ လိုအပ်တာထက်ပိုမိုသွားပါက တစ်ဘက်တွင် အန္တရာယ်များဖြစ်လာနိုင်သဖြင့် ထိုသို့မဖြစ်စေအောင် ထိန်းသိမ်းနိုင်ဖို့လည်း လိုအပ်နေမှာဖြစ်ပါသည်။

Crd-org-source

အချုပ်အားဖြင့်ဆိုသော် မိမိတို့အားလုံး၏ ပျော်ရွှင်စရာကောင်းသော မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို အန္တရာယ်ကင်းစွာဖြင့် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြစေရန်လည်း လိုအပ်ပါကြောင်း...
တစ်ဦးနဲ့တစ်ဦး အေးချမ်းစေရန် ရေပက်ဖျန်းကစားကြခြင်းဖြစ်တဲ့အတွက် တစ်ဦးအပေါ်တစ်ဦး မေတ္တာထားပြီး ပျော်ရွှင်စွာဆင်နွှဲကြစေရန် လိုအပ်ပါကြောင်း...
ယဉ်ကျေးသော မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖြစ်စေရန် အားလုံးထိန်းသိမ်းကြရမှာ ဖြစ်ပါကြောင်း...
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသောပြည်သူ/ပြည်သားများအားလုံး မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် အန္တရာယ်ကင်း ဘေးရှင်းပြီး အေးချမ်းပျော်ရွှင်စွာဖြင့် လိုအင်ဆန္ဒများပြည့်ဝကြပါစေလို့...
ဆုမွန်ကောင်းတောင်းလိုက်ရပါတော့သည်။
အားလုံး ကျန်းမာ ချမ်းသာ အေးချမ်း ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211
uthantzin@uthantzin

Leave မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်...! to:

Written by

Have a great and happy life from till present to next 100 years!

Read more #myanmar posts


Best Posts From uthantzin

We have not curated any of uthantzin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From uthantzin