uthantzin avatar

ခါးသီးသောနေ့ရက်များ...!(ဇာတ်သိမ်းပိုင်း)

uthantzin

Published: 19 Jun 2021 › Updated: 19 Jun 2021ခါးသီးသောနေ့ရက်များ...!(ဇာတ်သိမ်းပိုင်း)

ခါးသီးသောနေ့ရက်များ...!(ဇာတ်သိမ်းပိုင်း)

Hive platform ပေါ်ရှိ ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ...
ကျွန်တော်၏ ခါးသီးသောနေ့ရက်များအား ဆက်လက်မျှဝေပေးပါအုံးမည်။

FB_IMG_1511100501690.jpg

ထိုသို့ ပထမလှိုင်း...ဒုတိယလှိုင်းများအား ကြံ့ကြံ့ခံနေထိုင်ပြီး Covid-19 ရောဂါ ကပ်ဆိုးကြီးအား ကျန်တော်တို့အားလုံး ကျော်လွှားနိုင်ရန် အတူကြိုးစားနေခဲ့ကြရပါသည်။
ရောဂါအပေါ် အာရုံစိုက်၍ စည်းကမ်းမျိုးစုံ... နေထိုင်မှုပုံစံမျိုးစုံဖြင့် ကူးစက်မှုလျော့ကျအောင် ဆောင်ရွက်နေသည့်အချိန်ကောင်း ဖြစ်နေပါသည်။
ထိုအချိန်တွင် ဟန်ချက်ညီသော လုပ်ဆောင်ချက် စည်းမျဥ်းများဖြင့် ထိရောက်မည့်အလားအလာ စတင်တွေ့ရှိလာသောအချိန် ကူးစက်မှုလူဦးရေလျော့ကျလာ၍ အနည်းငယ် စိတ်သာသာရာရတော့မည့်အချိန်ဟု ယူဆမိနေတုန်း ကံဆိုးစွာဖြင့် မိမိတို့နိုင်ငံအား စစ်အာဏာ သိမ်းသည့်ဘဝသို့ ဆိုက်ရောက်ခဲ့ရပါတော့သည်။
1.2.2021 ရက်နေ့တွင် နိုင်ငံတော် ခေါင်းဆောင် အတိုင်ပင်ခံနှင့် သမ်မတအား မတရားသဖြင့် ဖမ်းဆီးပြီး နိုင်ငံတော်အား စစ်အာဏာ သိမ်းလိုက်ပါတော့သည်။
ရောဂါကပ်ဘေးအတွက် စနစ်တကျ ကြိုးစားကာကွယ်နေသည့်အချိန် ရောဂါကပ်ဘေး မပြီးခင်မှာပဲ နောက်ထပ်စစ်ဘေးတစ်ခု ကြုံမည့်အသွင် ဖန်တီးလိုက်ပါတော့သည်။
ထိုနေ့ရက်မှစ၍ မိမိ၏စိတ်သည် ပျော်ရွှင်မှုမရှိတော့ပဲ စိတ်အလိုမကျ ဖြစ်နေပါတော့သည်။
အဘယ်​ကြောင့်ဆိုသော် မိမိတို့ငယ်စဥ်က သိပ်မမှတ်မိသော်လည်း ထိုအတွေ့အကြုံမျိုး စိတ်မကောင်းစရာ အခြေအနေများအား မြင့်တွေ့ ခံစားခဲ့ဖူးသောကြောင့် ဖြစ်ပါသည်။
မိမိတို့၏ လွတ်လပ်ခွင့်...လုပ်ပိုင်ခွင့်... လူသားတစ်ယောက်၏ ရသင့်ရထိုက်... ရှိသင့်ရှိထိုက်သော အခွင့်အရေးများ စသော အရာအားလုံး ဆုံးရှုံးသွားသလို ခံစားနေရပါသည်။
ထို့ကြောင့် ထိုနေ့မှစ၍ နိုင်ငံသားအားလုံး မိမိတို့မြို့နယ်...တိုင်း အလိုက် ပုံစံမျိုးစုံဖြင့် ဆန်ဒပြ ကြလေတော့သည်။
ထိုသို့ တစ်ရက်ပြီးတစ်ရက် ဆန်ဒပြကြရာမှ နှိမ်နင်း ဖမ်းဆီးခြင်း...သတ်ဖြတ်ခြင်းအထိ ရောက်ရှိလာကြပါသည်။
ထိုနေ့မှစ၍ ယနေ့အချိန်အထိ လူ့အသက်များစတေးပြီး ဖြတ်သန်းနေရသောအချိန်ပင်ဖြစ်ပါသည်။
မိမိတို့မြတ်စွာဘုရားဟောကြားခဲ့သော ကပ်ဘေးကြီးသုံးပါးတွင် ကပ်ရောဂါဘေး နှင့် စစ်ဘေးကပ်နှစ်ခုအား တစ်ခုပြီးမှ တစ်ခု ကြုံရခြင်းမျိုးမဟုတ်ပဲ နှစ်ခုစလုံး တစ်ပြိုင်တည်း ဖြစ်နေသောအချိန်နှင့်ကြုံတွေ့နေရသဖြင့် ခါးသီးသောနေ့ရက်များထက် ပိုသော စာသားအကြောင်းအရာများသာ စိတ်ထဲတွင်ဖြစ်နေပါတော့သည်။
သို့ဖြစ်ပါ၍ ဒီခေါင်းစဥ်အား ဒီလေါက်နဲ့သာ အဆုံးသတ်လိုက်ပါတယ်သူငယ်ချင်းတို့...

20200212_092326.jpg

ယခုအချိန်တွင် Covid-19 ရောဂါမှာလည်း တတိယလှိုင်းအသွင်ဖြင့် ပြန်လည်ဖြစ်ပွါးမှုများလည်း တွေ့ရှိနေရပြန်ပါသည်။
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
uthantzin@uthantzin
19.6.2021(17:00)pm

Leave ခါးသီးသောနေ့ရက်များ...!(ဇာတ်သိမ်းပိုင်း) to:

Written by

Have a great and happy life from till present to next 100 years!

Read more #hive-122133 posts


Best Posts From uthantzin

We have not curated any of uthantzin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From uthantzin