uthantzin avatar

အသံတိတ် လူသတ်သမား

uthantzin

Published: 20 Feb 2018 › Updated: 20 Feb 2018အသံတိတ် လူသတ်သမား

အသံတိတ် လူသတ်သမား

ဒီအကြောင်းလေးနဲ့ပတ်သက်လို့ facebook ပေါ်မှာဖတ်ဖူးတာတော့ကြာပါပြီ။အခုမှ ဖုန်းထဲက save ထားတဲ့ ပုံလေးတွေကိုတွေ့ ပြီးသတိရတာနဲ့သိထားသလောက်လေးပြန်လည်မျှဝေရေးသားလိုက်ပါတယ်။
image
အခြေအနေလေးကိုတော့ ဥပမာဇတ်လမ်းလေးတစ်ခုပုံစံနဲ့ပြန်ရေးပေးလိုက်ပါတယ်။မောင်ဖြူဟာသူ၏အလုပ်မှအိမ်သို့ စက်ဘီးစီး၍ ပြန်လာနေ၏။အိမ်ရောက်ပြီးခဏမျှ နားပြီးတာနဲ့ ရေချိုးလေ့ရှိသည်။ပြီးတာနဲ့ ထမင်းစောစောစားလေ့ရှိသောမောင်ဖြူအဖို့အမေရေ သားထမင်းစားတော့မယ်ပေါ့။အေး သားရေ ဒီနေ့ ဆိုင်းမဆင့်ဗုံမဆင့် ဧည့်သည်တွေရောက်လာလို့ ဟင်းနဲသွားတယ်သားရယ်...။အမေ... ဘာလုပ်ပေးရမလဲဆိုတော့  ရတယ်အမေ သားကြိုက်တဲ့ ခရမ်းချဉ်သီးနဲ့ ကြက်ဥမွှေကြော်လေး သားကိုယ်တိုင်ကြော်စားလိုက်ပါ့မယ်အမေ။ အေးအေး...သား... ရေခဲသေတ္တာထဲမှာခရမ်းချဉ်သီးလဲအဆင်သင့်ရှိတယ်သား ဟုတ်ကဲ့အမေ ဆိုပြီးပြောရင်း  ခရမ်းချဉ်သီးလေးထုတ် ရေဆေး တယ်။
image
ရေဆေးနေရင်းမထင်မှတ်ပဲ အပေါက်အမဲနေရာလေးအားသေချာပွတ်နေ၏။သေချာကြည့်ပြီးအော် ပိုးပေါက်နဲ့တူပါတယ်။ဒါနဲ့သူလဲနောက်တစ်လုံးထပ်ထုတ်ပြီးရေဆေးပြန်၏။ဒီတစ်လုံးမှာလဲ အရင်အလုံးအတိုင်းအပေါက်အမဲလေးပါနေပြန်၏။ဒီအခါမှာတော့ မောင်ဖြူတစ်ယောက် သံသယ ဝင်လာပါတော့သည်။အပေါက်အမဲလေးတွေရဲ့အဝိုင်းဟာတူညီနေပြီး နေရာလည်းအနီးစပ်ဆုံးတူနေပြန်၏။အပေါက်နေရာအားလှီးကြည့်သောအခါ ပိုးပေါက်ပိုးကောင်နေရာမျိုးမဖြစ်နေသည်ကိုတွေ့ရပြန်၏။ဒါဆိုရင်တော့  အဒေါ်ကြီးပြောတဲ့ ဈေးထဲက ငါးတွေဝယ်လာပြီးချက်ဖို့လုပ်တော့ငါတွေရဲ့ ပါးဟက်အောက်တည့်တည့်မှာ အပေါက်လေးတွေတွေ့တယ်။အဲဒါနဲ့ မသင်္ကာလို့ ငါးတွေကို ပုရွက်ဆိတ်တွေနားချထားလိုက်တယ်။ပုရွက်ဆိတ်တစ်ကောင်မှမစားတာကိုတွေ့ရပါတယ်။ဒါကြောင့် သူလဲမစားရဲတော့ပဲ ငါးတွေကိုဒီအတိုင်းထားလိုက်တာ နောက်တစ်ရက်ရောက်တာတောင် ငါးတွေ ဟာ ပုပ်မသွားဘူးတဲ့...။
အော် အခုခေတ် ဈေးသည်တော်တော်များများဟာ ငါးတွေ ကြက်တွေ ပုဇွန်တွေကို
လူတွေသေရင် မပုပ်မသိုးအောင် ထိုးတဲ့ ဖော်မလင်ဆေးထိုးတာလေ ဆိုတဲ့စကားလေး သတိရသွားပြီး နောက်ကျန်နေသောခရမ်းချဉ်သီးအားလုံးကြည့်လိုက်သောအခါ အပေါက်လေးတွေရှိနေ၏။
image
သားငါးတွေကိုကြာကြာထားနိုင်ရန်အတွက် မပုပ်မသိုးအောင် ထိုးတဲ့ ဖော်မလင်ဆေးကို ဟင်းသီးဟင်းရွက်နှင့်အခြားအလာတူအစားအစာများတွင်သုံးစွဲနေကြပါကောလား။ဒီလိုဆေးထိုးထားတဲ့သားငါးတွေကိုကျွန်တော်တို့ စားမိရင် ဘာတွေဖြစ်မယ် ထင်ပါသလဲ မိတ်ဆွေတို့...
ဒီအစားအစာတွေကို အစာအိမ်က ချက်ပြီးစုပ်ယူလို့ရတဲ့ အစာအာဟာရအားလုံး ကောင်းတာရော... မကောင်းတာရော သွေးကြောထဲမှတဆင့် အသည်းကိုအရင်ရောက်တယ်။အသည်းရဲ့တာဝန်က သွေးထဲမှ အဆိပ်အတောက်မှန်သမျှ သန့်စင်ပေးရတယ်။ဒီလိုအစားအစာတွေ စားပါများလာတော့ ကျွန်တော်တို့တွေရဲ့ အသည်းကိုထိခိုက်လာပါတော့တယ်။ဒီလိုနဲ့အနှေးနဲ့အမြန် အသည်းရောဂါတွေ ဖြစ်လာမှာပေါ့။
အခုဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံမှာ အသည်းခြောက်...အသည်းကင်ဆာရောဂါ တွေနဲ့ သေတဲ့သူတော်တော်များနေပြီဗျ။အဲဒါကိုသူတို့ သတိမထားပဲ သူတို့ရဲ့ အသားငါးတွေကို အချိန်မှီ ရောင်းမကုန်ရင် ကြာကြာအထားခံအောင် သိသိကြီးနဲ့ လုပ်နေတယ်ဆိုတာထင်ရှားနေပါတယ်ဗျာ။ ဝိသမလောဘသမားတွေရဲ့ မိမိကောင်းရင်ပြီးရော ဘယ်သူသေသေ ငတေမာရင်ပြီးရော ကိုယ်ချင်းမစာ လုပ်စားနေကြပါလား...မိမိတို့အားလုံး ဒီလိုဆေးသုံးထားတာတွေ ဘယ်လောက်စားမိနေပြီလဲ...။
image
ဒါကြောင့် ဒီလောက်ဆိုးတဲ့ အခြေအနေပါလားလို့ တွေးပြီး  အားလုံးသတိထား ရှောင်ရှားနိုင်ကြစေရန်အလို့ငှာ အသံတိတ်လူသတ်သမားဆိုတဲ့ခေါင်းစဉ်လေးနဲ့ ရေးသားတင်ပြလိုက်ရပါတော့သည်။
image
အားလုံးကျန်းမာ ချမ်းသာ ပျော်ရွှင်တဲ့ ဘဝ လေးပိုင်ဆိုင်ကြပါစေလို့.....
ဆုမွန်ကောင်းတောင်းလျက်
uthantzin@uthantzin
MSC-211
photos from facebook

Leave အသံတိတ် လူသတ်သမား to:

Written by

Have a great and happy life from till present to next 100 years!

Read more #myanmar posts


Best Posts From uthantzin

We have not curated any of uthantzin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From uthantzin