tuntunwin avatar

ကဲ ဆဲချင်သေးလား

tuntunwin

Published: 05 Sept 2018 › Updated: 05 Sept 2018ကဲ ဆဲချင်သေးလား

ကဲ ဆဲချင်သေးလား

ကဲ ဆဲချင်သေးလား

ရဟန္တာထေရီမကြီး နှစ်ပါးထိုင်နေတဲ့အချိန်မှာ
တပါးကမေးတယ် အသက်ကလည်းငယ်တယ်
အရွယ်ကလည်းရှိပါရဲ့နဲ့  ဘာ့ကြောင့်အိမ်ထောင်
မပြု တာလည်းဆိုတော့ တပါးက သူ့ ဇာတ်ကြောင်းကို
ပြောပြတယ်

သူမဟာ ဘဝတခုမှာ ကုန်သည်တရောက်နဲ့ 
လက်ထပ်ခဲ့တယ် ပေါင်းသင်းပြီးမကြာခင်မှာပဲ
ယောကျာ်းကကုန်ကူးသွားတော့ သူ့ မှာ
ကိုယ်ဝန်နဲ့ ကျန်ခဲ့တယ် ယောက္ခမတွေက
သူ့ သားနဲ့ ရတဲ့ကိုယ်ဝန်မဟုတ်ဘူးဆိုပြီး
နှင်ချလိုက်လို့ ဗိုက်တလုံးနဲ့ ထွက်သွားခဲ့ရတယ်
ဇရပ်တခုရောက်တော့ဗိုက်နာပြီးခလေးမွေးတယ်
ခလေးကိုဇရပ်မှာခဏထားပြီး ရေသွားရှာနေတုန်း
ခရီးသွားတရောက်က စွန့် ပစ်ထားတဲ့ခလေးဆိုပြီး
ယူသွားတယ်

ဒီလိုနဲ့ စိတ်လေပြီးလျှောက်သွားနေတုန်း
ဓားပြဗိုလ်ကြီးကတွေ့ ပြီး ပေါင်းသင်းခဲ့ပြန်တယ်
မိန်းခလေးတရောက်မွေးတယ် တနေ့ ခလေး
ပုခတ်ထဲကပြုတ်ကျလို့ ခေါင်းမှာ ဒဏ်ရာရလို့ 
ယောက်ျားကိုကြောက်ပြီး ထွက်ပြေးခဲ့ပြန်တယ်

အဲဒီလိုနဲ့ တယောက်ထဲနှစ်ပေါင်းများစွာလျှောက်သွား
နေတုန်းကုန်သည်လေးတရောက်နဲ့ တွေ့ ပြီး
အိမ်ထောင်ပြုလိုက်ပြန်တယ် အဲဒီကုန်သည်
ပေါက်စလေးနဲ့ ပေါင်းသင်းနေတုန်းမှာပဲ
တနေ့ မှာ ကုန်သည်လေးက မိန်းမငယ်ငယ်လေး
တရောက်ကိုခေါ်လာပြန်လို့  နှစ်ရောက်ပေါင်းရ
ပြန်တယ်

တနေ့ တော့ မယားအငယ်လေးကိုသန်းရှာပေးနေတုန်း
ခေါင်းကဒဏ်ရာကိုတွေ့ တော့ သူ့ သမီးဒဏ်ရာနဲ့ 
တူလိုက်တာလို့ တွေးပြီး ဇာတိကိုမေးကြည့်တော့
တကယ်ပဲဓါးပြဗိုလ်ကြီးနဲ့ ရတဲ့ သူ့ သမီးဖြစ်နေတယ်

သားအမိနှစ်ရောက်ယူကြုံးမရဖြစ်နေပြီး
သူတို့ လင်ကိုပြောပြတော့ သူ့ လင်ကလည်း
တချိန်ကဇရပ်မှာ ပျောက်သွားတဲ့ သူ့ သားလေး
ဖြစ်နေခဲ့ပြန်တယ်

အဲဒါဟာ ရဟန္တာထေရီမကြီးက သူ့ ဘဝဇာတ်ကြောင်းကိုပြောပြပြီး သူလောကီမှာ
မနေဝံ့တော့လို့ တရားထူးရအောင်အားထုတ်
ရတာပါလို့ ပြန်ပြောခဲံ့ပါတယ်

အဲဒါဟာ သူ မအေနဲ့ တပ်ပြီး ဆဲခဲ့လို့ 
ပြန်လည်ပေးဆပ်ရတာပါတဲ့

ဘယ်လောက်ထိကြောက်စရာကောင်းလိုက်ပါသလဲ

မိတ်ဆွေတို့ လည်း

ဘာအကြောင်းနဲ့ ပဲဖြစ်ဖြစ်
ဘယ်လောက်ပဲဒေါသထွက်နေပါစေ
သူတပါးကို
မအေနဲ့ တပ်ပြီး မဆဲဖြစ်အောင်
ဂရုစိုက်ကြပါလို့ 
သတိပေးချင်ပါတယ်

ဘုရားစာရွတ်လို့ ကုသိုလ်ရတာလည်း
ဒီပါစပ်ကထွက်တာပါပဲ
ဆဲလို့ သံသရာမှာပေးဆပ်ရမှာလည်း
ဒီပါးစပ်ကထွက်တာပါပဲ

ဘုရားရှင်က

ပါးစပ်ကထွက်တဲ့စကားလုံးတွေဟာ
အကျိုးမခံစားရပဲ ပျောက်ပျက်မသွားပါဘူးတဲ့

ပါးစပ်စည်းကမ်းရှိနိုင်ကြပါစေ

Leave ကဲ ဆဲချင်သေးလား to:

Written by

Read more #myanmar posts


Best Posts From tuntunwin

We have not curated any of tuntunwin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From tuntunwin