thikemya avatar

waterfalls

thikemya

Published: 06 Feb 2018 › Updated: 06 Feb 2018waterfalls

waterfalls

ရေတံခွန်များဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာအံသြဘွယ်သဘာဝအလျောက် လှပစွာဖြစ်ပေါ်လာပါတယ် အောက်ပါရေတံခွန်များကတော့လာရောက်လည်ပတ်သူများကို ရင်သပ်ရှုမောဖွယ်ရာများကို ခံစားရစေပီး ကမ္ဘာ့အလှဆုံးစာရင်းဝင် ရေတံခွန်များလည်းဖြစ်ပါတယ်

Victoria Falls in Zimbabve
ဗစ်တိုးရီးယားရေတံခွန် သို့မဟုတ် Mosi-oa-Tunya လို့အမည်ရတဲ့ တစ်ခုကတော့ ဇမ်ဘီယာနှင့်ဇင်ဘာဘွေနယ်စပ်မှာတည်ရှိပီး ဇမ်ဘီဇီ မြစ်ထဲကို 354 ပေအမြင့်မှတစ်ဖြောင့်တည်းအောက်ကိုကျရောက်ပါတယ် အဆိုပါရေတံခွန်ဟာ 5604ပေ ကျယ်ပြန့်ပါတယ်
image

Iguazu Falls in Argentina/Brazil
အီဂွာဇူရေတံခွန်ကတော့ ဘရာဇီးနဲ့အာဂျင်တီးနားနယ်စပ်မှာတည်ရှိပီး 285ပေအမြင့်ရှိပါတယ် သူပုံစံကတော့ မြင်းခွာနဲ့အလားသဏ္ဍန်တူပါတယ်
image

Angel Falls in Venezuela
angel ရေတံခွန်ကတော့ကမ္ဘာ့အမြင့်ဆုံးရေတံခွန်တစ်ခုဖြစ်ပြီး အမြင့်ပေ 3212ပေကနေ ကျရောက်ပါတယ် canaima အမျိုးသားဥယျာဉ်ထဲမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်
ယူနက်စကိုမှ ထိန်းသိမ်းထားပြီး ရှာဖွေတွေ့ရှိသူ အမေရိကန်လေယာဉ်မှူး ဂျင်မီအိန်ဂျယ်ကို အစွဲပြုပေးထားတဲ့ နာမည်ဖြစ်ပါတယ်
image

Kaieteur Falls in Guyana
Kaieteurလို့ ခေါ်ဆိုတဲ့ရေတံခွန်ကတော့ ဂိုင်ယာနာမှာတည်ရှိပီး အမြင့်ပေ 741ပေ မြင့်ပါတယ်
ခရီးသွားသူအများအပြားကို ဆွဲဆောင်ထားနိုင်တဲ့ရေတံခွန်တစ်ခုဖြစ်ပါတယ် တောတောင်များအလယ်မှာတည်ရှိပါတယ်
image

Niagara Falls in USA/Canada
niagara ရေတံခွန်ဟာလည်း လူသိများတဲ့ရေတံခွန်တစ်ခုဖြစ်ပါတယ် အမေရိကန်နဲ့ကနေဒါနယ်စပ်ရဲ့အမှတ်အသားတစ်ခုလည်းဖြစ်ပါတယ် ဒီရေတံခွန်ဟာ ကျွန်းတစ်ခုနဲ့ပိုင်းခြားထားပြီး ကနေဒါဘက်မှာတော့ မြင်းခွာပုံဖြစ်တည်နေပါတယ်
image

Leave waterfalls to:

Written by

Read more #nature posts


Best Posts From thikemya

We have not curated any of thikemya's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From thikemya