thettinaung avatar

The Breezes touching me

thettinaung

Published: 18 Jun 2018 › Updated: 18 Jun 2018The Breezes touching me

The Breezes touching me

လေ . . . .
လူသားတွေ အားလုံး အသက်ရှင်သန်ဖို့ လေဆိုတာ မရှိမဖြစ်တဲ့ အရာပါ။ ဒါပေမဲ့ ကျနော့်  အတွက်ကတော့ အဲဒါထက်ပိုပါတယ်။
လေဆိုတာ ရှင်သန်ခြင်းထက်မကပါ။ လေဆိုတာ ကျနော့်ရဲ့ပျော်ရွှင်မှုပါပဲ ။ ဘာဖြစ်လို့ လဲဆိုတော့ ကျနော်ဟာ မီးတောက်တစ်ခု
ဖြစ်နေလို့ပါပဲ။ မီးပွင့်မီးပွားလေးတွေ အရပ်မျက်နှာတစ်ခွင် တစ်လွင့်လွင့် ပြေးလွှားပြီးပျောက်ကွယ်သွားပေမယ့် အလျှံညီးညီး
တောက်လောင်နေတဲ့ မီးတောက်ကတော့ မီးပွားလေးတွေ အဆက်မပြတ်ထုတ်လွှတ်ပေးနေတော့တာပါပဲ။ မီးတောက်ဟာ
သူ့ ရဲ့ ပျော်ရွှင်မှုကို အဲဒီနည်းနဲ့ ပဲ ဖော်ပြတတ်ပါတယ်။ မီးတောက်တစ်ခုကို ပျော်ရွှင်အောင်ဖန်တီးပေးနိုင်တာကတော့ လေပါပဲ။

IMG_0202.JPG

ကိုယ့်ကိုယ်ကို မီးတောက်တစ်ခုမှန်း သိခဲ့တာတော့ ကြာပါပြီ။ ဖေ့စ်ဘွတ်မှာ မွေးနေ့ဆုတောင်းပေးဖို့  နိုတီတွေကို တက် တက်လာ
တော့ တစ်ခုသတိထားမိခဲ့ပါတယ်။ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေရယ် လူချင်းမတွေ့ရပေမယ့် ဖေ့ဘွတ်မှာ
သူငယ်ချင်းဖြစ်နေတာ ၊ ပြီးတော့ အခုကြီးမှ ခင်မင်ရတဲ့ သူတော်တော်များများ ၊ သူတို့ရဲ့မွေးနေ့တွေ တော်တော်များများက လေဓာတ်
တွေပါ။ ၁၂ ရာသီခွင်ထဲက လေဓာတ်တွေပါပဲ။ Air Element တွေပဲဆိုပါတော့ဗျာ။ မွေးဖွားလာတဲ့အချိန် ကြယ်တာယာနက္ခ
သဘောတရားတွေအရ ၁၂ ရာသီခွဲပြီး မြေ၊ ရေ၊ လေ၊မီး ဆိုတဲ့ ဓာတ်ကြီးလေးပါး စိုးမိုးတဲ့ လူသားတွေအဖြစ်မွေးဖွားလာခဲ့ကြတယ်
လို့ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက အခိုင်အမာ ကြမ်းပြုခဲ့ကြပါတယ်။ အဲဒီထဲကမှ Aquarius , Gemini , Libra
ဆိုတဲ့ လေတွေဟာ ကျနော့်ဘဝကို အမှတ်ထင်ထင်တိုက်ခတ်နေခဲ့ပါတယ်။

thettinaung@thettinaung
MSC - 105

Leave The Breezes touching me to:

Written by

I'm nothing

Read more #myanmar posts


Best Posts From thettinaung

We have not curated any of thettinaung's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From thettinaung