ဂျင်းထောင်း မင်္ဂလာ
ဒီတပတ် စနေနေ့က မတ်မတ်စုရဲ့ ကချင်တိုင်းရင်းသူ သူငယ်ချင်းတစ်ယောက် ဂျင်းထောင်းပွဲကို သွားခဲ့ပါတယ်။ ဗမာလူမျိုးတွေ အခေါ်ဆိုရင်တော့ ကလေးအမည်ပေး မင်္ဂလာသို့မဟုတ် ကလေး ကင်ပွန်းတပ်လို့ ပြောရမှာဖြစ်ပါတယ်။ ကချင် လူမျိုးတွေကတော့ ဒီမင်္ဂလာကို ဂျင်းထောင်း မင်္ဂလာလို့ ခေါ်ဆိုကျပါတယ်။ မတ်မတ်စုလည်း အရင်တုန်းက ဂျင်းထောင်းမင်္ဂလာတွေကို တက်ရောက်ဖူးပေမဲ့ စပ်စပ်စုစုမရှိလှဘဲ စားပြီးရင် ပြန်ပါတော့တယ်။ Steemမှာ စာတွေရေးတဲ့ နောက်ပိုင်းမှာတော့ ဘယ်ကိုဘဲသွားသွား သေချာလေ့လာတက်တဲ့ အကျင့်လေးတစ်ခု စွဲကပ်လို့ လာခဲ့ပါတယ်။ ဒါနဲ့ ဂျင်းထောင်း မင်္ဂလာနဲ့ ပတ်သက်ပြီး သူငယ်ချင်းရဲ့ အဖွားထံ စပ်စု မေးမြန်းလာခဲ့သမျှကို Steem ( msc ) မိသားစုကြီးကို ဖောက်သည်ချလိုက်ရပါတော့တယ်။
ဂျင်းထောင်းခြင်း ဓလေ့ဟာ ကချင်လူမျိုးတွေရဲ့ ရိုးရာဓလေ့စစ်စစ်ဖြစ်ပြီး ရှေးဘိုးဘွားဘီဘင်လက်ထက်ကတည်းက ကျင့်သုံးလာခဲ့ကျတဲ့ ကင်ပွန်းတပ် မင်္ဂလာအခမ်းအနားဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဂျင်းနံ့ကို နတ်ဆိုးတွေက ကြောက်လန့်တဲ့ အတွက် ကလေးသူငယ်တွေကို ဖမ်းစားလို့ မရအောင် စီမံခြင်း ဖြစ်ပါတယ်။ ဂျင်းထောင်းထောင်းတဲ့ အခါမှာ ဂျင်းရယ် ဆားရယ် အသားခြောက်ရယ် ငါးခြောက်ရယ် ကြက်ဥပြုတ်ရယ်ပါဝင်ပါတယ်။ အသားခြောက်ကတော့ သားယောက်ျားလေးတွေအတွက်ဖြစ်ပြီး သမီးမိန်းကလေးမွေးဖွားရင်တော့ ငါးခြောက်နဲ့ထောင်းလေ့ရှိပါတယ်။
မိန်းကလေးတွေကို ဘာကြောင့် ငါးခြောက်နဲ့ထောင်းရပါသလဲလို့ စပ်စုကြည့်တော့ ငါးဆိုတာ တိုးပွားတက်တဲ့ သဘောရှိလို့ပါတဲ့။ မတ်မတ်စုလည်း စပ်စုပြီးသကာလ ဂျင်းထောင်းနဲ့ ကချင် ဒံပေါက်ကို အဝလွေးလိုက်ပါတော့တယ်။ ကချင်ဒံပေါက်ကတော့ မျှစ်နုနုလေးတွေကို သေးသေးလေးတွေပေါက်ထားပြီး ထမင်းနဲ့နယ်ထားပါတယ်။ ငါးလေးတွေလည်းပါသလို ရှလက်ရွက် မုန်လာဥနီတွေလည်း ထည့်ထားပါတယ်။ မအီတဲ့အပြင်စားရတာ အရသာရှိလှပါတယ်။ အနည်းငယ်စပ်တဲ့ အရသာရှိပေမဲ့ ကျောက်ဖရုံသီး ဟင်းရည်လေးနဲ့ လွန်စွာလိုက်ဖက်လှပါတယ်။
ကျောက်ဖရုံသီးဟင်းရည်ကို နည်းနည်းပြောပြချင်ပါတယ်။ ကျောက်ဖရုံသီး အစိမ်းကို အလည်ကဖောက်ပြီး ဟင်းရည်ထည့်ထားပါတယ်။ ဘယ်လိုပြုလုပ်ထားတယ်တော့ မသိပါဘူး။ အစိမ်းနံ့လည်း တစက်မှ မရဘဲ ပင်စိမ်းနံ့သင်းသင်းလေးနဲ့ အင်မတန်သောက်ကောင်းလှပါတယ်။ တွဲဖက်စားသုံးဖို့ အတွက်တော့ ကြက်ကို ရှာလကာရည်နဲ့စိမ်ပြီး အတုံးသေးသေးလေးတွေ တုံးကာ ကြော်ထားပါတယ်။ နှမ်းနဲ့ လှိမ့်ထားတာ ဖြစ်တဲ့အတွက် ကြက်သားတုံးလေးတွေပေါ်မှာ နှမ်းဖွေးဖွေးလေးဟာ မြင်ရတာနဲ့တင်စားချင်စဖွယ်ပါ။ ဒါအပြင် ပန်းကန်ပြားကြီးတချပ်နဲ့ ဆလပ်ရွက် မုန်လာဥနီ သခွားသီးတို့ကိုလည်း အတို့အမြှပ်အဖြစ် ချပေးထားပါတယ်။ မတ်မတ်စုတို့လည်း မြိန်လှစွာဖြင့် တစ်ယောက် ၂ပန်းကန်နှုန်းစားသုံးခဲ့ကျပါတယ်။ အဲ့နောက်မှာတော့ ကလေးလေးကို နှုတ်ဆက်ပြီး လက်ဆောင်ပစ္စည်းများပေးအပ်ကာ လေးလံသော ခြေလှမ်းများဖြင့် ပြန်ခဲ့ကျပါတော့သတည်း။
@suhlaing
msc 175
Leave ဂျင်းထောင်း မင်္ဂလာ to:
Read more #myanmar posts
Best Posts From suhlaing
We have not curated any of suhlaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From suhlaing
- Level 110 and Counting: My Triumphant Return to Rising Star on Hive
- Back to the Stage Rising Star Game
- သွေးတိုးကို ထိန်းညှိပေးပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ "ကတက်ရွက်" အကြောင်း
- "Risingstar Game is coming back."
- My HIVE Power Up Journey & The Return of Rising Star! 🚀✨
- TribalDex Bridge Security Alert & Starbits Market
- The Universe’s First Melody and My Rhythmic Journey
- The Magic of the Guitar and the Language of Music
- Tracing the Roots of Melody: The Story of the World's Oldest Instrument
- Are You Guys Ready for the 2026 AMAs?!