သိန်းတစ်သောင်း ပိုင်ရှင်
အိမ်အဝင်ဝ ကျောက်တုံးပေါ်မှာ မေတ္တာရိပ်မြုံဆိုတဲ့စာသား ထွင်းထုထားပါသည်။ အဝင်ဝ ခြံတံခါးကြီးက ခိုင်ခံ့လှပပြီး ပန်းခက်ပန်းနွယ်သဏ္ဍာန် သံပန်းများမှာ လက်ရာမြောက်လှသည်။ အိမ်ထဲသို့ လှမ်းဝင်ရသည့် လမ်းလေးကတော့ ကားတစီးဝင်စာဖောက်လုပ်ထားပြီး ကြွေပြားများနှင့် လှပစွာစီချယ်ထားသည်။ ထိုလမ်းကလေးဆုံးလျှင်တော့ ခေတ်မီလှပသော ၂ထပ်အိမ်ကြီး တစ်လုံးကို ခန့်ညားစွာ တွေ့မြင်နိုင်ပါသည်။
ခေတ်မီသော အရောင်အဆင်းနှင့် နောက်ဆုံးပေါ် အိမ်ဆောက်ပစ္စည်းများကိုသာ သုံးထားပြီး အနောက်တိုင်းဆန်ဆန်ဆောက်လုပ်ထားသည်။ လူခေါ်ဘဲလ်ကို နှိပ်ပြီး အိမ်ထဲဝင်လိုက်သည်နှင့် နင်းရက်စရာမရှိအောင် ပါကေးရောင်က လက်လက်ထနေသည်။ အိမ်အပေါ်ထပ်သို့တက်သည့် ကြောင်လိမ်လှေကြီးမှာ ကျွန်းသား စစ်စစ်ဖြင့် အသုံးပြု ဆောက်လုပ်ထားပြီး ပေါလစ်ရောင်မှာ ပြောင်လက်နေသည်။ လှေကားလက်ရမ်းများကို ဟင်္သာ မောင်နှံ ကနုတ်လက်ရာများဖြင့် အလှဆင်ထားသည်မှာ လက်ရာမြောက်လှသည် မြင်ရသူများအဖို့ လှေကားတစင်းလုံး လေထဲ ပျံဝဲတော့မည့်ဟန်။
ထမင်းစားခန်းမှာ စုံလည် စားပွဲဝိုင်းကြီးနှင့် ဖြစ်ကာ လူ ၂၀စာခန့် တစ်ပြိုင်တည်း စားနိုင်ရန် စီမံခင်းကျင်းထားသည်။ ရေခဲသေတ္တာကြီးမှာ မိသားစု တစ်စုစာအတွက် ကြီးမားလှကာ ဟော်တယ်ကြီးတစ်ခုအတွက်အပင်လောက်ငနိုင်ပါသည်။ ထိုအထဲတွင်မတော့ အသီးအနှံများ အသားငါးများ နှစ်ချို့ အရက်များ ဝိုင်များကို စုဆောင်းထားရှိပါသည်။ ရေချိုးခန်းမှာ ကြွေပြားအဖြူပေါ်တွင် နဂါး အရုပ်များရေးထိုးထားသော ကြွေပြားများကို အသုံးပြုထားပြီး ကြွေခွက်တွင် ရေပူရေအေးနှင့် ရေချိုးနိုင်ပါသည်။ သင်းပျံ့သော ပန်းရနံ့တစ်မျိုးကိုလည်း ရေချိးခန်းအတွင်း ဖန်တီးထားရာ ရေချိုးနေစဉ် စိတ်အစင်ကို ကြည်လင်အေးမြစေသည်။
စာဖတ်ခန်းသည် အပေါ်ထပ်တွင်ရှိကာ စာကြည့်တိုက်ကြီးသဖွယ် လေ့လာစရာစာအုပ်အစုံကို ထားရှိထားပြီး အင်တာနက်လိုင်း အင်မတန်ကောင်းမွန်သော စနစ်ဖြင့် ချိတ်ဆက်ထားသော ကွန်ပျူ တာတစ်လုံးနှင့် Print Out လုပ်နိုင်ရန် Printerတစ်လုံးကို အဆင်သင့်ထားရှိထားပေရာ လိုအပ်သော စာပေးများကို ဖတ်ရှု့လေ့လာပြီး Downloadဆွဲကာ သိမ်းဆည်းထားနိုင်သည်။ အိပ်ခန်းများကိုလည်း အပေါ်ထပ်တွင်ထားရှိကာ မိသားစုဝင်များ တစ်ယောက်တစ်ခန်းနှုန်းပြင်ဆင်ထားရှိသည်။ ကျွန်းသား ကုတင်ကြီးများပေါ်တွင် ဒန်းလော့ မွေ့ရာများကို ခင်းထားသည်။
လေအေးပေးစက်များ တစ်အိမ်လုံးတွင် တပ်ဆင်ထားကာ အိမ်ထဲဝင်လိုက်သည်နှင့် အေးစိမ့်နေသည်။အိမ်အပေါ်ထပ် လသာဆောင်တွင်မတော့ မိသားစုဝင်များနားနေနိုင်ရန်နှင့် လရောင်ခံစားနိုင်ရန် စံမံထားသည်။ ခြံဝန်းကြီးသည် ၅ဧကခန့်ကျယ်ဝန်းပြီးလျှင် ရေကူးကန်နှင့် နိုင်ငံခြားသစ်ခွများ သဇင်ပန်းများကို ပန်းရုံများဖြင့် စိုက်ပျိုးထားသည်။ ခြံအနောက်ဖက်တွင်မတော့ ရာသီအလိုက်သီးနှံများကို စိုက်ပျိုးထားပြီး မြင်းဇောင်းနှင့် အလုပ်သမားတန်းလျားရှိပါသည်။
'' တော့ ကိုတွက်နီ နေဖင်ထိုးနေပြီ ခုထိ မထသေးဘူးလား ကျုပ်တောင် ဈေးကြိုပြန်လာပြီ တော်က အိပ်နေတုန်း××× ထမင်းအိုးလေးတစ်လုံး အစောထတည်ထားမယ် မရှိဘူး×××ကျုပ်များ ကျွန်ထင်နေသလား××× ကျုပ်မှာတော့ တနေ့တနေ့ လုပ်လိုက်ရတာ ထမင်းနပ်မှန်မှန်စားရဖို့ကို××× တော့မှာတော့ အပူအပင်ကိုမရှိဘူး တနေ့တနေ့ ဆိုက်ကားလေးနင်းလိုက် အရက်ကလေးသောက်လိုက်နဲ့''
'' တော်ပါတော့ မကြင်မေရယ် ထပါပြီဟ မင့်မလည်း မနက်စောစောစီးစီး မင်္ဂလာကို မရှိပါဘူးကွာ''
ဒီအသံတွေကတော့ ပျံကျရပ်ကွက်ကလေးထဲမှာနေထိုင်တဲ့ ကိုတွက်နီနဲ့ မကြင်မေတို့ရဲ့ နံနက်ချိန်ခါတေးသံသာများဘဲ ဖြစ်ပါတယ်။ ကိုတွက်နီက ဆိုက်ကားနင်းရသလို မကြင်မေက ရပ်ကွက်အတွင်းကုန်စိမ်းများလှည့်လည်ရောင်းချရပါတယ်။ ကလေး ၅ယောက်ရှိပြီး အကြီးဆုံး သမီးလေးမှာ ၁၄နှစ်ဖြစ်ကာ အငယ်ဆုံး သားလေးကတော့ ၂နှစ်သားလေးဖြစ်ပါတယ်။ မကြင်မေ၏ ဆူပူကျိမ်းမောင်းသံကြောင့် ကိုတွက်နီ တစ်ယောက် အိပ်ယာမှ ပြာပြာသလဲထကာ မျက်နှာသစ်ရန်အတွက် စုပေါင်းရေဘုံပိုင်လေးကို ထွက်ခဲ့ပါတော့တယ်။ ထိုသို့ ထွက်လာရင်း မနေ့က ကြားပေါက် အော်ဒါလေးရသဖြင့် ရသည့် ငွေလေးနှင့် အောင်ဘာလေထီထိုးထားရာ စွဲလမ်းစိတ်ဖြင့် အိပ်ယာဝင်ခဲ့ပါသည်။ အိမ်မက်ထဲတွင်မတော့ စာရှု့သူ ဖတ်ခဲ့ရသည့်အတိုင်း ကြီးကျယ်ခမ်းနားသော အိမ်ကို ပိုင်ဆိုင်ခွင့်ရခဲ့ပါသည်။ အိမ်မက်မက်ကောင်းစဉ် အရှိန်ရတုန်း မကြင်မေ၏ အသံကြောင့် တဝက်တပျက်နှင့် နိုးထခဲ့ရပါသည်။ ကိုတွက်နီသည် အိမ်မက်ထဲက ခန်းနားသော အိမ်ကြီးကို မြင်ယောင်မိကာ မိမိတို့၏ သစ်ကယ်မိုး ထရံကာ ဝါးကြမ်းခင်းနှင့်ယိုင်နဲ့နဲ့အိမ်လေးကို တချက်လည်ပြန်ငေးကြည့်ရင်း
'' ဒီလ အောင်ဘာလေရဲ့ သိန်း တစ်သောင်းပိုင်ရှင် ဖြစ်ရပါလို၏'' လို့ တိုးတိုးလေးဆုတောင်းလိုက်လေသတည်း။
@suhlaing
msc 175
Leave သိန်းတစ်သောင်း ပိုင်ရှင် to:
Read more #myanmar posts
Best Posts From suhlaing
We have not curated any of suhlaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From suhlaing
- Back to the Stage Rising Star Game
- သွေးတိုးကို ထိန်းညှိပေးပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ "ကတက်ရွက်" အကြောင်း
- "Risingstar Game is coming back."
- My HIVE Power Up Journey & The Return of Rising Star! 🚀✨
- TribalDex Bridge Security Alert & Starbits Market
- The Universe’s First Melody and My Rhythmic Journey
- The Magic of the Guitar and the Language of Music
- Tracing the Roots of Melody: The Story of the World's Oldest Instrument
- Are You Guys Ready for the 2026 AMAs?!
- Reminiscing the Golden Days: "Still Missing Mya Kyun Nyo" & Risingstar Game