suhlaing avatar

စာရေးသူရဲ့ အတွေး

suhlaing

Published: 13 Feb 2018 › Updated: 13 Feb 2018စာရေးသူရဲ့ အတွေး

စာရေးသူရဲ့ အတွေး

မနေ့ကတည်းက တွေးနေမိတယ်။ ချစ်သူများနေ့မှာ အမှတ်တရအနေနဲ့ ဘာရေးရင်ကောင်းမလဲလို့။ ကိုယ်တွေက ချစ်သူများနေ့နဲ့ ပတ်သက်ပြီး မှတ်မှတ်ရရဆိုတာ ဘာမှမရှိခဲ့သလောက်ဘဲ။ ကျောင်းတက်တုန်းကလည်း စာနဲ့ အိမ် အိမ်နဲ့စာဆိုတော့ အဲ့လိုနေ့မျိုး ရှိတယ်ဆိုတာတောင် သတိမထားခဲ့မိတာ အမှန်။ ချစ်သူထားတဲ့ အရွယ်ကျတော့လည်း အသက်တွေက ဆယ်ကျော်သက်တွေ မဟုတ်တော့ မှတ်မှတ်ရရ မရှိကျဘဲ လက်ထပ်ဖြစ်ခဲ့ကျတယ်။ ဒါနဲ့ သားသမီးတွေရ အလုပ်တွေကိုယ်ဆီနဲ့ ချစ်သူများနေ့က နုနုရွရွ မရှိခဲ့တော့ပါ။

မှတ်မှတ်ရရဆိုလို့ ကျောင်းတုန်းက romanticလေးတစ်ခု သွားသတိရမိတယ်။ မေ့မေ့ပျောက်ပျောက်ဖြစ်နေတာလည်း ကြာပြီဆိုတော့ ခပ်ရေးရေးပါဘဲ။ အဲ့ဇာတ်လမ်းလေးကို ဝတ္တု အဖြစ် အသက်သွင်းမလား တွေးကြည့်မိတယ်။ ချစ်သူများနေ့အတွက် အမှတ်တရ ရေးမလားပေါ့။ ဒါပေမဲ့ ဝတ္တု တိုရေးနည်းတွေက လေ့လာရအုံးမယ်။ အရင်ဆုံးဖတ်ရမဲ့ စာအုပ်တွေက သုံးလေးအုပ်။ ဖြစ်သေးပါဘူးလေ ကဗျာရေးရင်ကော တွေးလိုက်မိသေးတယ်။အဲ့လိုဆိုပြန်တော့လည်း စာသားတွေက နုရွမနေမှာ အမှန်။ တောင့်ဆက်ဆက်နဲ့ မြေပဲပြု တ် မကျက်တကျက် စားရသလို စာဖတ်သူက ခံစားနေရမှာ။ ကိုယ်ရှိန်သတ်ပြီး ဆုံးမစာဘက်တွေးလိုက်တော့ မနေ့တနေ့ကမှ တင်ထားတာရှိသေး။ ဒါနဲ့ ဘာရေးရမလဲလို့ တွေးနေတုန်းရှိသေး ဘဝစာမျက်နှာများအပေါ် အတွေးက ရောက်သွားပြန်ပါရောလား။IMG_20180213_203714.png
suhlaing@suhlaing
msc-175
credit google image

Leave စာရေးသူရဲ့ အတွေး to:

Written by

Hive Game Player

Read more #myanmar posts


Best Posts From suhlaing

We have not curated any of suhlaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From suhlaing