suhlaing avatar

ဆန့်ကျင့်ဘက် အတွေး

suhlaing

Published: 12 Feb 2018 › Updated: 12 Feb 2018ဆန့်ကျင့်ဘက် အတွေး

ဆန့်ကျင့်ဘက် အတွေး

ဘဝဆိုတာ အချစ်နဲ့ မစပေမဲ့
အချစ်ကြောင့် ဘဝဆုံးသူတွေ ရှိတယ်။

အချစ်ဆိုတာ ခဏတာ ရင်ခုန်မှုပါဆိုပြီး
ဘဝအတွက် ရွေးချယ်ခဲ့သူတွေလည်း ရှိတယ်။

ဘဝခါးခါးထဲမှာ အချစ်ချိချိုလေးပေါင်းထည့်ပေမဲ့
အမဲကွက်ထဲ အဖြူ တစ်စက်ရော ထည့်သလိုပါဘဲ
အချစ်ဟာလည်း ရောယောင်ပြီး မဲညစ်သွားခဲ့တာလို့
ဆိုချင်ဆိုကျတယ်။

အချစ်ရှိရင် ဘဝဟာ ပြည့်စုံပါတယ်
ဘဝအမောတွေကိုလည်း ရင်ဆိုင်နိုင်တယ်
တွဲလက်တွေသာ ခိုင်မြဲပါစေ ခရီး လမ်းဆုံးအထိ
အတူလျှောက်ချင်တယ်လို့ ဆိုချင်တဲ့သူတွေ ဆိုကျတယ်။

ဘဝနဲ့ အချစ် ဆန့်ကျင်ဘက်မျဉ်း နှစ်ကြောင်းကြားမှာ
တစ်ချို့တွေက အချစ်ကိုရွေးချယ်
တစ်ချို့တွေက ဘဝကိုရွေးချယ်
ဘယ်သူမှားလို့ ဘယ်သူမှန်လည်း
ဝေဖန်ခွင့်မှ မရှိတာ။
image

suhlaing@suhlaing
msc 175
credit google image

Leave ဆန့်ကျင့်ဘက် အတွေး to:

Written by

Hive Game Player

Read more #myanmar posts


Best Posts From suhlaing

We have not curated any of suhlaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From suhlaing