Sao avatar

RFID Door Lock Project လေးလုပ်ကြမယ်

princekham

Published: 03 Sept 2021 › Updated: 03 Sept 2021RFID Door Lock Project လေးလုပ်ကြမယ်

RFID Door Lock Project လေးလုပ်ကြမယ်

  • RFID card နဲ့ တံခါးအဖွင့်အပိတ်လုပ်တဲ့ project လေးဖြစ်ပါတယ်။ ESP8266 12f နဲ့ MFRC-522 RFID Reader လေးသုံးထားတာပါ။ အလုပ်လုပ်ပုံကို အောက်ပါ video မှာ အရင် ကြည့်ကြရအောင်။

ပါဝင်တဲ့ ပစ္စည်းတွေကတော့ အောက်ပုံပါအတိုင်း ဖြစ်ပါတယ်။

viber_image_2021_09_03_08_59_02_277_with_label_.jpg


ပါဝင်သော ပစ္စည်းများ


အသုံးပြုထားသော firmware

  • firmware ကို အောက်ပါ လင့်မှ ရယူနိုင်ပါတယ်။
    firmware for esp8266
  • firmware ကို burn တဲ့ အခါ flash.bat ကို run ပြီး option 4 ကို သုံးတာ အဆင်ပြေပါတယ်။
  • ကျွန်တော်ကတော့ အောက်ပါ programmer ကို သုံးပါတယ်။
    viber_image_2021_09_03_09_28_19_939_labeled.jpg
    ESP8266 အတွက် pins ချိတ်ဆက်မှုကို အောက်ပါ လင့်မှာ ကြည့်နိုင်ပါတယ်။
    Github Link for pin connection
  • firmware ထည့်ပြီး ESP8266 ကို ပါဝါပေးလိုက်ရင် RFID wifi access point လေး တက်လာပါမယ်။
  • Wifi ကနေ ဝင်ပြီး software configure လုပ်တာကိုအောက်ပါ video မှာ ကြည့်ရှုနိုင်ပါတယ်။
  • နောက်ဆုံးတစ်ခု သတိထားရမှာက magnetic lock မှာ back EMF ရှိတဲ့အတွက် ကျွန်တော်တို့ အောက်ပါပုံအတိုင်း 1N4001 diode တစ်လုံးကို relay တွေမှာ တပ်သလို ထည့်ပေးရပါတယ်။
    viber_image_2021_09_03_11_24_53_353_labeled.jpg
  • အားလုံးကို ကျေးဇူးတင်ပါတယ်။ မရှင်းတာရှိရင် comment ကနေ မေးမြန်းနိုငပါတယ်။

Leave RFID Door Lock Project လေးလုပ်ကြမယ် to:

Written by

I love photography and travelling. I meditate and try to live in good vibes. I am an introvert but I am kind and friendly.

Read more #myanmar posts


Best Posts From Sao

We have not curated any of princekham's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Sao