ပြန့်ကျဲနေသလား
အားလုံး မင်္ဂလာပါ။
အခုတစ်လော အလုပ်တစ်ခုကို ပြီးအောင်မလုပ်ဖြစ်နေပဲ ဟိုနဲနဲ ဒီနဲနဲ နဲ့ မပြီးပြတ်နိုင်ပဲ ဖြစ်နေပါတယ်။ ပြန်သုံးသပ်ကြည့်မိတာက ကိုယ်ပဲ လုပ်နေတာများလို့လား ပေါ့နော်။ အလုပ်တွေက တန်းစီနေတယ် ပြောရမယ် ထင်ပါတယ်။ လောလော ဆယ် အချိန်တွေယူနေတာက public management အတန်းက assignment နှစ်ခု လို့ ပြောရမှာပါ။ ကိုယ်ကလဲ သေချာအောင်လုပ်တတ်တော့ အချိန်ယူတာပေါ့နော်၊ perfectionist မဖြစ်အောင်ထိန်းနေရပါတယ်။
နောက်တစ်ခု လုပ်ဖြစ်နေတာက မိတ်ဆွေတစ်ယောက်ရဲ့ မှိုစိုက်ခန်းအတွက် အပူချိန်နဲ့ စိုထိုင်းမှုတိုင်း ကိရိယာလေးပါ။ တရုတ်ကနေ ပစ္စည်းမှာတာ မနေ့တစ်နေ့က ရောက်လာပါပြီ။ ဒီမှာ မရှိလို့ တရုတ်က မှာတာလား ဆိုတော့ ဟုတ်တယ် လို့ ဖြေရမှာပါ။ ကျွန်တော်လိုတာက ရေလှုံတဲ့ sensor ပါ။ မှိုစိုက်ခန်းထဲမှာဆိုတော့ ရေဖျန်းမှာနဲ့ ဆို ရေလုံဖို့တော့ လိုပါတယ်။
ကျွန်တော်လုပ်မယ့် ပုံက IOT လို့ ပြောရမှာပါ။ ဖတ်လို့ရတဲ့ ဒေတာကို အင်တာနက်ကိုပို့ အင်တာနက်ကတစ်ဆင့် ကိုယ့်ဖုန်းထဲကနေ အခန်း အပူချိန်နဲ့ စိုထိုင်းစကို ကြည့်နိုင် သိနိုင်မှာဖြစ်ပါတယ်။
အင်တာနက်ပေါ်က platform ကတော့ flespi.io ကို သုံးမှာပါ။ အခုက ဘယ်လိုတိုးတက်မှုတွေရှိလာပြီလဲဆိုတော့ သူ့ ပလက်ဖောင်းမှာ AI chat လေး ထည့်ထားပေးတော့ တစ်ခုခု သိချင်တာရှိရင် အဲဒီ AI ကို မေးလို့ရတော့ အဆင်ပြေလှပါတယ်။
source: flespi.io
ဒီနေ့မှာတော့ controller နဲ့ sensor ချိတ်ဆက်လို့ပြီးသွားခဲ့ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ အင်းတာနက် server နဲ့ ချိတ်ဖို့ နဲ့ ဖုန်းနဲ့ ချိတ်ဖို့ ကျန်ပါမယ်။
အခု လုပ်နေတာတွေကတော့ ပြန့်ကျဲနေတယ် ပြောရမှာပါ။ ဂျင်းပင်တွေကို အိတ်နဲ့ စိုက်ဖို့လဲ လုပ်ပါဦးမယ်။ ကားဂိုဒေါင်အမိုးလဲ လုပ်လက်စ၊ ခြံမှာ တပ်ဖို့ တံခါးကလဲ လုပ်လက်စ။ အဓိကကတော့ မြန်မြန် သွက်သွက်နဲ့ အလုပ်ပြီးအောင် လုပ်တတ်ဖို့ စီမံတတ်ဖို့ ထင်ပါတယ်။ မိတ်ဆွေတို့ အနေနဲ့ ထင်မြင်ချက်လေးတွေ ရေးခဲ့ နိုင်ပါတယ်။
အားလုံးကျန်းမာ ချမ်းသာကြပါစေ။
@princekham
12th Aug 2024
Myanmar
Leave ပြန့်ကျဲနေသလား to:
Read more #hive-122133 posts
Best Posts From Sao
We have not curated any of princekham's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From Sao
- My Actifit Report Card: July 7 2026
- My Actifit Report Card: July 2 2026
- My Actifit Report Card: June 30 2026
- My Actifit Report Card: June 26 2026
- My Actifit Report Card: June 25 2026
- My Actifit Report Card: June 24 2026
- My Actifit Report Card: June 23 2026
- My Actifit Report Card: June 22 2026
- My Actifit Report Card: June 21 2026
- My Actifit Report Card: June 20 2026