ကွာလတီဆပ်ပြာဆီ
(ကျမရဲ့ ကွာလတီဆပ်ပြာဆီဗူးတွေ)
ကျမရဲ့အခန်းဆက်လေးက စိတ်မကောင်းစရာတွေများနေလို့ စာရှုသူ အပေါင်းကို တခြားအကြောင်းအရာလေးနဲ့ အပျင်းဖြေပါအုံးမယ်။ လွန်ခဲ့သော ကျမနှစ်လလောက်က “ကိုယ်တိုင်လုပ်တဲ့ဆပ်ပြာဆီ” ဆိုပြီး ပိုစ့်တစ်ပုဒ်တင်ဖူးပါတယ်။ Hive အဖွဲ့သားတွေ အဲ့ဒီပိုစ့်ကို ဖတ်ပြီး စမ်းသပ်ပြီးလုပ်ကြည့်လား၊ မလုပ်ကြည့်လားတော့ မသိဘူး။ ကျမကတော့ ဆပ်ပြာဆီကို ထပ်လုပ်ဖြစ်ပါတယ်။
အမှန်က စမ်းသပ်ချင်တဲ့စိတ်ကများနေတာပါ။ ပထမတစ်ကြိမ်လုပ် ကြည့်တုန်းက အရောင်ကအဝါရောင်၊ အနံ့ကသံပုရာအနံ့လုပ်ကြည့်တာပါ။ ဆပ်ပြာဆီတစ်ဖုံကို ရေသန့်ဗူးနဲ့ ဆပ်ပြာဆီဗူး (၁၅) ဗူးရပါတယ်။ ရနိုင်တဲ့အရောင်တွေ၊ အနံ့တွေက အစုံပဲဆိုတော့ နောက်တစ်ခါလုပ်ရင် တခြားအနံ့နဲ့အရောင်နဲ့ နောက်တမျိုးစမ်းလုပ်ကြည့်ဖို့ အတွေးရလာပါတယ်။ သုံးရင်းနဲ့ တဝက်လောက်ကုန်သွားတော့ စမ်းသပ်ချင်တဲ့စိတ်အတိုင်း အရောင်က ပန်းရောင်၊ အနံ့ကို နှင်းဆီရနံ့လေးနဲ့ ထပ်လုပ်ပါတယ်။
(ပါဝင်ပစ္စည်းတွေနဲ့ မွှေစက်ဒုတ်တံ)
(ဆပ်ပြာဆီဗူးနဲ့ ရေသန့်ဗူးလွတ်တွေနဲ့ မွှေစက်)
တကယ်တမ်းပန်းရောင်ကိုလုပ်ကြည့်တော့ အနုမြူပန်းရောင်ဖြစ်နေပါတယ်။ အဲ့အရောင်ကျ အဝတ်လျှော်ရင်သုံးဖို့ အဆင်မပြေမှာစိုးလို့ အဝတ်မလျှော်ဘဲ လက်ဆေးဖို့အတွက်ပဲ သုံးလိုက်တယ်။ မြန်မြန်ကုန်အောင် ခင်မင်ရင်းနှီးသူတချို့ကို လက်ဆောင်တွေပေးလိုက်သေးတယ်။ အဲ့ထဲကမှ စမ်းသုံးဖို့ပေးလိုက်တဲ့ တစ်ယောက်က ကျမဆပ်ပြာဆီကို ရောင်းချင်တယ်လို့ဆိုလာပါတယ်။ ကျမက သူ့ကို ငါးစာရော ကွန်ချက်ရော ပြပေမယ့် သူကိုယ်တိုင်လုပ်ဖို့ထက် ရောင်းဖို့ကိုပဲ အားသန်နေတော့ ကျမကို ဆပ်ပြာဆီလုပ်ပေး၊ သူရောင်းပေးမယ်လို့ ဆိုလာပါတယ်။
(မွှေစက်နဲ့ မွှေနေတာ)
(အမွှေစိန်)
(မွှေစက်နဲ့ မွှေလို့ လာအားပေးတဲ့ ပရိတ်သတ်)
စမ်းသပ်ချင်နေတဲ့ ကျမလဲ ဖိုးကျိုင်းတုတ်ဖြစ်သွားပါတယ်။ ဒါနဲ့ ဆပ်ပြာဆီရောင်းတဲ့ဆိုင်ကိုသွားပြီး အနံ့ကိုသံပုရာ အရောင်ကို အစိမ်းရောင်နဲ့ နောက်တစ်မျိုးထပ်လုပ်ပါတယ်။ ဆပ်ပြာဆီထည့်ဖို့ ဗူးတွေကိုလည်း အဲ့
တစ်ယောက်ကပဲ ယူလာပေးပါတယ်။ ဒီလိုနဲ့ ဆပ်ပြာဆီရောင်းဖို့ ဖြစ်သွားတယ်ပေါ့လေ။
သူကိုယ်တိုင်မလုပ်တာလည်းကောင်းပါတယ်။ ဆပ်ပြာဆီလုပ်ဖို့ ပါဝင် ပစ္စည်းတွေကို သမအောင်ရောပြီးမွှေပေးရတာ အချိန်ပေးရပါတယ်။ သူကအဲ့လောက်အချိန်မပေးနိုင် ကိုယ်ကအားနေသူဆိုတော့ အဆင်ပြေသွားကြတာပေါ့။ တစ်နေ့ကတော့ သူမက ရောင်းလို့ရတဲ့ ဆပ်ပြာ ဆီဗူးဖိုးတွေလာရှင်းတယ်။ ဒါနဲ့ ကျမလည်း အဲ့ငွေကို ဆပ်ပြာဆီနှစ်ဖုံ ထပ်ဝယ်လိုက်ပြီး မနေ့ညနေက အားနေတော့ ဆပ်ပြာဆီလုပ်ဖို့ပြင်ဆင်လိုက်တယ်။
(တစ်ညသိပ်ပြီးတာတောင် အမြှုပ်ကကျန်သေးတယ်)
ကျမလိုမျိုးစမ်းသပ်ချင်တဲ့ တစ်ယောက်ရှိပါသေးတယ်။ ကျမတူပါ။ တူလေးက ကျမဆပ်ပြာဆီလုပ်ဖို့ မွှေနေတာတွေ့တိုင်း စက်နဲ့မွှေပါလားဆိုပြီး အမြဲပြောတယ်။ ကျမက ဆပ်ပြာဆီကို အမြဲရောင်းမှာ မဟုတ်လို့ မွှေစက်ဖိုး မရင်းချင်ကြောင်း အမြဲပြန်ပြောတယ်။ မနေ့ညကကျ မရတော့ဘူး။ မွှေစက်ဒုတ်တံလေးသူ့ဖာသာ ဝယ်လာပြီး လွန်ပူလား အုတ်ဖောက်စက်လားမသိ အဲ့မှာတပ်ပြီး မွှေပါတော့တယ်။
အိမ်ကလူတွေကလဲ အဲ့စက်သံကြားတော့ ဘာများဖြစ်သလဲ ဆိုပြီး အလန့် တကြားနဲ့ အိမ်ထဲပြေးဝင်လာကြည့်ကြပါတယ်။ တူလေးကို မြင်မှ အခြေ အနေကိုသဘောပေါက်ပြီး “အံ့ဩပါ့” “သူ့အဒေါ်ကျ ကူလုပ်ပေးနေတယ်၊ အမြတ်တဝက်ပေး” “ကဲလိုက်တာ” စသဖြင့် တစ်ယောက်တစ်ခွန်းဩဘာ ပေးကြပါတယ်။ လက်နဲ့မွှေတာနဲ့ စက်နဲ့ မွှေတာ ဆပ်ပြာဆီရဲ့ကွာလတီလည်းကွာပါတယ်။ အရမ်းကိုသမမျှတပြီး ဆပ်ပြာဆီကလည်းစီးပိုင်၊ အမြှုပ်ထွက် အားကလည်း ပိုကောင်းလာတယ်။ အချိန်ကုန်လဲ သက်သာတာပေါ့။ မွှေပြီး ဆပ်ပြာဆီပုံးကြီးကို တစ်ညသိပ်ပြီးတာတောင် အမြှုပ်တွေက မသေသေးပါဘူး။
ကျမလည်း နောက်အခေါက်တွေကျ တူလေးက မကူရင်လုပ်တတ်အောင် ဆိုပြီး အဲ့လွန်ပူနဲ့မွှေကြည့်တာ ခလုပ်ကိုအချိန်အဆ မတတ်တော့ ပုံးပေါက် သွားတယ်ရှင့်။ ပုံးထပ်ဝယ်ရရင် ရတဲ့အမြတ်တွေတော့ ကုန်ပါပြီ။ ခုတော့ ကျမရဲ့ ကွာလတီဆပ်ပြာဆီလေးတွေ အမြှုပ်သေနေလောက်ပြီဖြစ်လို့ ဗူးတွေထဲကို သွားထည့်လိုက်အုံးမယ်။
@nweoomon
21-12-2021
Leave ကွာလတီဆပ်ပြာဆီ to:
Read more #hive-122133 posts
Best Posts From nwayoomon
We have not curated any of nweoomon's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From nwayoomon
- ဖက်ထုပ်ကြော်
- အတိတ်ကိုသတိရခြင်းအမှတ်တရ #myanmar #hivelist #photography #proofofbrain ...
- အေးချမ်းပါရစေ #myanmar #hivelist #flower #photography #proofofbrain #t ...
- ရှင်သီဝလိဂမုန်း #myanmar #hivelist #flower #photography #proofofbrain ...
- ပန်းနုနှင်းဆီ #myanmar #hivelist #flower #photography #proofofbrain #t ...
- ရွာအဝင်လမ်းက ရှေးဟောင်းစေတီ #myanmar #hivelist #photography #proofofbr ...
- အလှစုံညီ နှင်းဆီနီ #myanmar #hivelist #flower #photography #trafficins ...
- စပျစ်ခိုင် #myanmar #hivelist #photography #proofofbrain #trafficinsid ...
- အေးချမ်းကြပါစေ #myanmar #hivelist #photography #trafficinsider #proof ...
- ကြာကန် #myanmar #hivelist #flower #photography #proofofbrain #creativ ...