Nay Myo Aung avatar

S8 lite

naymyoaung93

Published: 13 May 2018 › Updated: 13 May 2018S8 lite

S8 lite

32331963_851734771671927_3829656006644727808_n.jpg“Samsung က Galaxy S8 Lite ကို ဖန်တီးနေသလား”

တရုတ် လူမှုကွန်ရက် ၀ီဘိုမှာ Samsung Galaxy S8 Lite ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပါတယ်။ သူ့ ရဲ့ သတင်း အချက်အလက်များဟာ ယခင်ကလည်း FCC နဲ့ TENAA တို့ကနေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာ Galaxy S8 နဲ့ တူညီပါတယ်။

TENAA မှာ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းအချက်အလက်များနဲ့ ဓါတ်ပုံများအရ သူ့မှာ Infinity Display , Bixby Button များ ပါပါတယ်။ ဖုန်းရဲ့ အနောက်ဘက် ကင်မရာရဲ့ အောက်မှာ လက်ဗွေရာ ဆန်ဆာ ထည့်သွင်းထားပါတယ်။ သူ့မှာ ၅.၈ လက်မ 2220x1080p Display တပ်ဆင်ထားနိုင်ပါတယ်။ မျက်နှာပြင် အရွယ်အစားကတော့ သူဟာ Galaxy S8 နဲ့ တူညီပါတယ်။ ဒါပေမယ့် Galaxy S8 မှာ 2960x1440p Display ထည့်သွင်းထားတာ ဖြစ်ပါတယ်။ S8 Lite ရဲ့ အခြား အစိတ် အပိုင်းများကိုတော့ မူလ Galaxy S8 ထက် လျှော့ချထားပါတယ်။

သူ့ရဲ့ အနောက်ဘက်မှာ 16MP Rear Camera တစ်လုံးသာ တပ်ဆင် ထားမှာဖြစ်ပါတယ်။ Galaxy S8 ရဲ့ Qualcomm Snapdragon 835 Chipset အစား Qualcomm Snapdragon 660 Chipset ထည့်သွင်း ထားပါတယ်။ 4GB RAM, 64GB Storage, 3000mAh Battery များ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ အနီနဲ့ အနက်ရောင်များ ထုတ်လုပ်ပေးထားပါတယ်။ မေလ ၂၁ ရက်နေ့မှာ တရုတ်တွင် ကြေညာ မယ်လို့ သတင်းထွက်နေပါတယ်။

Leave S8 lite to:

Written by

Forex & Crypto Trader

Read more #s8 posts


Best Posts From Nay Myo Aung

We have not curated any of naymyoaung93's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Nay Myo Aung