ios11 using rate
iOS 11 ကို ထည့်သွင်းထားတဲ့ iOS Device ပေါင်း ၇၆ ရာခိုင်နှုန်း ရှိပြီ”
Apple က သူ့ရဲ့ ၀က်ဆိုက်မှာ ဧပြီလ ၂၂ ရက်နေ့အထိ iOS 11 ကို အင်စတောလုပ်ထားတဲ့ Device ပေါင်း ၇၆ ရာခိုင်နှုန်းရှိပြီလို့ ကြေညာ လိုက်ပါတယ်။ Android နဲ့ နှိုင်းယှဉ်ရရင်တော့ နောက်ဆုံးထုတ် Android 8.1 Oreo ကို အင်စတောလုပ်ထားတဲ့ Android Device ဟာ ဧပြီလ ၁၆ ရက်နေ့အထိ ၀.၅ ရာခိုင်နှုန်းသာ ရှိပါသေးတယ်။ Android 8.0 Oreo ကို ထည့်သွင်းထားတဲ့ ရာခိုင်နှုန်းကတော့ ၄.၆ ဖြစ်ပါတယ်။
iOS Device များဟာ Apple က iOS Version အသစ်ကို ဖြန့်ချိလိုက် တာနဲ့ ချက်ချင်း အင်စတောလုပ်နိုင်ပါတယ်။ ဒါပေမယ့် Google က Android OS အသစ်ကို ဖြန့်ချိလိုက်ရင် ဖုန်းထုတ်လုပ်သူများဟာ Android OS ကို သူတို့ရဲ့ ဆော့ဖ်ဝဲများနဲ့ ပေါင်းစပ်ရသေးတဲ့အတွက် အချိန်ကြာမြင့် မှသာ သူတို့ရဲ့ ဖုန်းများအတွက် Android OS အသစ်ကို ဖြန့်ချိပေးနိုင် တာပါ။ ဥပမာအားဖြင့် Xiaomi ဆိုရင် Android OS ကို ပြင်ဆင်ပြီး MIUI အဖြစ် ဖန်တီးရတာပါ။ Stock Android ထည့်သွင်းထားတဲ့ Google Pixel လို ဖုန်းများမှာသာ Android OS အသစ်ထွက်တာနဲ့ ချက်ချင်း ရရှိတာ ဖြစ်ပါတယ်။
Apple ရဲ့ ကြေညာချက်အရ ဇန်န၀ါရီလအထိ iOS 11 ကို အဆင့်မြှင့် ထားတဲ့ Device ပေါင်း ၆၅ ရာခိုင်နှုန်း ရှိတဲ့အတွက် ဧပြီလ ၂၂ ရက်နေ့မှာ ၁၁ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။ ယခင်နှစ် နိုဝင်ဘာလ ၆ ရက်နေ့ အထိ ၅၂ ရာခိုင်နှုန်းသာ ရှိတဲ့အတွက် ၂၄ ရာခိုင်နှုန်း တိုးတက်လာ ပါတယ်။ ၁၉ ရာခိုင်နှုန်းကတော့ iOS 10 ကိုသာ သုံးနေပြီး ၅ ရာခိုင်နှုန်း ဟာ iOS 9 လို အဟောင်းများကို သုံးနေပါတယ်။ အဲဒီ Device များဟာ အဟောင်းများ ဖြစ်တဲ့အတွက် iOS Version အသစ်ကို အင်စတောလုပ် လို့မရတာ ဖြစ်နိုင်ပါတယ်။
Leave ios11 using rate to:
Read more #ios11 posts
Best Posts From Nay Myo Aung
We have not curated any of naymyoaung93's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.