Nay Hlaing Soe avatar

Bigo Live နဲ့အလုပ်တွေများ

nayhlaingsoe

Published: 15 Sept 2021 › Updated: 15 Sept 2021Bigo Live နဲ့အလုပ်တွေများ

Bigo Live နဲ့အလုပ်တွေများ

maxresdefault_6.jpg
photo by google

ကျွန်တော်လည်းစမ်းသပ်ရင်းက bigo live မှာ အေဂျင်စီတစ်ယောက်ဖြစ်နေပါပြီ။ အေဂျင်စီဖြစ်လာတော့ မိမိရဲ့အသင်းသားတွေရှိအောင်ကြိုးစားရပြန်တယ်။ အခုဆို ၃ လထဲရောက်နေပါပြီ အသင်းသားတွေကို host လို့ခေါ်ပါတယ်။ host တွေ live လွှင့်လား မလွှင့်လား အလုပ်လုပ်လား အမြဲထိန်းကြောင်းရသလို သူတို့ကို supporting ပေးနေရပါတယ်။ ကျွန်တော်ရဲ့ ရင်းနှီးမြုပ်နှံမှုက ကျပ် ၆ သိန်းလောက်ရှိပါပြီ။ ဂိမ်းဆော့တာလည်း တော်တော်ကုန်ပါတယ်ဗျာ။ ကျွန်တော်တို့အဖွဲ့က အသစ်တွေနဲ့စတော့ ပထမလမှာ ဘယ်သူမှလစာမထွက်ဘူး။ နှစ်လမြောက်မှာ ၄ ယောက်စထွက်ပါတယ်။ နောက်လဆိုရင်တော့ တော်တော်များများလစာရဖို့ရှိနေပါပြီ လစာတွေလည်း တိုးလာကြပြီ။ ကျွန်တော် အဖွဲ့မှာ လူပေါင်း 28 ယောက်ရှိနေပေမဲ့ တကယ်အလုပ်လုပ်သူက 12 ယောက်လောက်ပဲရှိတာတွေ့ရတယ်။ နေ့စဉ် bigo ပေါ်ရောက်နေတော့ အခြား ဆိုရှယ်တွေ အခြား earning တွေမှာ အချိန်ပေးခြင်း နည်းသွားပါတယ်။ website မှာတောင် ပို့စ်တင်ခြင်း အားနည်းနေပြန်တယ်။ ဒါပေမဲ့ bigo ပေါ်ကစိန်ကို မြန်မာပြည်မှာ ဈေးတက်ချိန် ကုန်နေချိန် ထိုင်းကနေ ကျွန်တော်ဝယ်ပေးနေပါတယ်။

Leave Bigo Live နဲ့အလုပ်တွေများ to:

Written by

blogger

Read more #bigo posts


Best Posts From Nay Hlaing Soe

We have not curated any of nayhlaingsoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Nay Hlaing Soe