Myo Min Thu avatar

SSD Vs HDD

myominthu95

Published: 25 Mar 2024 › Updated: 25 Mar 2024SSD Vs HDD

SSD Vs HDD

Solid State Drives (SSDs) နှင့် Hard Disk Drives (HDDs)ဆိုတာကတော့ နှစ်မျိုးလုံးက သိုလှောင်မှု ကိရိယာ (Storage Device)တွေဆိုပေမဲ့လည်း
SSDနဲ့ HDDတို့မှာတော့ သူတို့၏ နည်းပညာ၊ စွမ်းဆောင်ရည်နှင့် လက္ခဏာရပ်များမှာတော့ သိသိသာသာ ကွဲပြားခြားနားသွားတာတွေရှိပါတယ်၊ ဘာတွေလဲဆိုတာတော့
အောက်မှာ ဆက်ပြီးရေးပြပေးထားပါတယ်ဗျ၊

1.နည်းပညာ
နည်းပညာအနေနဲ့ကတော့ SSDမှာဒေတာသိမ်းဆည်းရန်အတွက်
flash memory chips ကိုအသုံးပြုထားပါတယ်။ အဲဒီ Chipsပြားလေးတွေက ပါဝါအဝင်မရှိသည့်အချိန်တွေမှာတောင်မှ ဒေတာကို ထိန်းသိမ်းထားနိုင်ပြီး
SSDကို မြင်သာအောင် နှိုင်းပြရမယ်ဆိုရင်တော့ ကြီးမားပြီး မြန်နှုန်းမြင့် USB Drive( Memory Stick)လို့ပဲ ဥပမာအနေနဲ့ နှိုင်းချင်ပါတယ်၊
HDDဆိုတာကတော့ ကျွန်တော်တို့ မြင်ဖူးနေကျ CDပြားလေးပုံစံမျိုးနဲ့ ဒေတာကို ဖတ်/ရေးပြုလုပ်ပေးတဲ့ စက်လက်တံဖြင့် ရေးပြီး ဖတ်သည်။ ကျနော်သေချာမပြောပြတတ်လို့ အွန်လိုင်းကနေ ပုံလေးရှာထားပါတယ်ဗျ၊


Photo From Pinterest

2.အမြန်နှုန်း
SSDမှာက လှုပ်ရှားနေရမဲ့ စက်ပစ္စည်းတွေ မပါဝင်တာကြောင့်မို့ HDD များထက် များစွာ ပိုမြန်သည်။ SSD များသည် ပိုမြန်သော boot အချိန်များ၊ ဖိုင်လွှဲပြောင်းမှုများ ပိုမိုမြန်ဆန်လာပြီး အပလီကေးရှင်းတင်သည့်အချိန်များကို ပိုမိုမြန်ဆန်စေသည်။
HDDမှာတော့ ဒေတာဝင်ရောက်ခွင့်အတွက် စက်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို အားကိုးသောကြောင့် SSD များထက် နှေးကွေးသည်။ Boot စတင်ချိန်၊ ဖိုင်လွှဲပြောင်းခြင်းနှင့် အပလီကေးရှင်းဖွင့်ခြင်းသည် SSD များနှင့် နှိုင်းယှဉ်ပါက အတော်နှေးကွေးတယ်လို့ ပြောလို့ရပါတယ်၊

3.ကြာရှည်ခံမှု
SSDမှာ‌တော့ ရွေ့လျားနေသော အစိတ်အပိုင်းများ မရှိသောကြောင့် ပိုမိုကြာရှည်ခံပါသည်။ SSD‌တွေက
တုန်ခါမှု၊ ပြုတ်ကျခြင်း၊ အပူချိန်တွေဒဏ်ကြောင့် မပျက်ဆီးနိုင်ပါဘူး၊
HDDမှာတော့ စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများကြောင့် ပြုတ်ကျခြင်း၊တုန်ခါမှုများကြောင့် ပျက်စီးနိုင်သည်။

4.ဆူညံသံ
SSDတွင် ရွေ့လျားနေသည့် အစိတ်အပိုင်းများ မပါရှိသောကြောင့် လုံးဝ တိတ်ဆိတ်နေပါသည်။
HDDမှာတော့ စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများ ရွေ့လျားမှုကြောင့် ရံဖန်ရံခါ မော်တာလည်တဲ့အသံများကို အနည်းငယ်တော့ကြားနိုင်သည်။

အချုပ်အားဖြင့်၊ SSDများသည် ပိုမိုမြန်ဆန်သောစွမ်းဆောင်ရည်၊ ပိုမိုကောင်းမွန်သောကြာရှည်ခံမှုနှင့် အသံတိတ်လုပ်ဆောင်ချက်ကို ပေးစွမ်းသော်လည်း ယေဘုယျအားဖြင့် HDDထက်ပို၍စျေးကြီးပါသည်။ အခြားတစ်ဖက်မှာတော့ HDD များသည် ငွေကုန်ကြေးကျ သက်သာပြီး သိုလှောင်မှုပမာဏပိုမိုကြီးမားတယ်ဆိုပေမဲ့လည်း Speedအားဖြင့်နှေးကွေးပြီး တာရှည်ခံခြင်းနှင့် စက်ပိုင်းဆိုင်ရာကြောင့် ဆူညံသံထွက်စေပါတယ်။
SSDနှင့်HDD နှစ်ခုမှာ ဘာကိုရွေးချယ်ရမလဲဆိုတာကတော့ ကိုယ်သုံးလိုတဲ့ ဘတ်ဂျက်အနေထား၊ ကိုယ့်အတွက်လိုအပ်တဲ့ စွမ်းဆောင်ရည်နဲ့ ကိုယ်က ဘာအတွက်သုံးမှာလဲဆိုတဲ့အပေါ်မှာပဲ ဆုံးဖြတ်ချက်ချစေချင်ပါတယ်။
SSDထက် ပိုကောင်းပြီး ဈေးပိုတဲ့ M2ဆိုတာတွေလဲ ရှိပါသေးတယ် သူကတော့ SSDထက်ကို ပိုမိုမြန်ဆန်တဲ့အတွက်ကြောင့်မို့ ဈေးကလဲ အတော်ကြီးပါတယ်ဗျ
သူ့အကြောင်းကတော့ကျနော်လဲ သိပ်မသိလို့ အကျယ်တဝင့် မရေးပြတော့ပါဘူးဗျ။
လိုအပ်ချက်လေးများရှိရင် အကြံဉာဏ်များ ပေးနိင်ပါတယ်ဗျ
အားလုံးပေးမဲ့ အကြံဉာဏ်များကို မျှော်လင့်နေပါတယ်ဗျ။

Leave SSD Vs HDD to:

Written by

Read more #ecency posts


Best Posts From Myo Min Thu

We have not curated any of myominthu95's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Myo Min Thu