Myo Min Thu avatar

အရုပ်ရှင်းဒေး

myominthu95

Published: 14 Apr 2024 › Updated: 14 Apr 2024အရုပ်ရှင်းဒေး

အရုပ်ရှင်းဒေး

သင်္ကြန်က အပြင်မထွက် အိမ်တွင်းပုန်းနေပါတယ်ဆိုမှ
မီးက မနက်8:30ကနေ ပျက်လိုက်တာ
ညနေ 4နာရီကျော်လောက်မှ ပြန်လာတယ်ဗျာ
ရှမ်းပြည်နယ်တောင်ပိုင်းဆိုပေမဲ့ ကျနော်နေတဲ့ အေးသာယာမြို့က
အတော်လေးပူပါတယ်၊ မီးကပျက် နေကပူနဲ့
တော်တော်ကို အဆင်မပြေတဲ့ နွေရာသီပါဗျာ
ပျင်းတာနဲ့ ဘာလုပ်ရမလဲ ဟိုကြည့် ဒီကြည့်နဲ့
ကျနော့်ရဲ့ ချစ်လှစွာသော အရုပ်တွေဆီကို စိတ်ကရောက်သွားရော
အဲဒါနဲ့ပဲ သူတို့တွေကို အကုန်ပြန်ပြီးတော့ အပြင်ထုတ်
အောက်မှာပုံထားပြီးတော့ တစ်ရုပ်ချင်းစီကို
ဓာတ်ပုံရိုက်လိုက် Videoရိုက်လိုက်နဲ့
သူ့နေရာမှာသူ ပြန်စီလိုက်နဲ့ အချိန်တွေကုန်သွားလိုက်တယ်
ပြီးတာနဲ့ တစ်ရေးလောက်အိပ်ပြီးတော့
သင်္ကြန်အကျနေ့ကို အိမ်မှာပဲ ဖြတ်သန်းလိုက်တယ်ဗျာ

ပြန်စီတယ်ဆိုပေမဲ့လည်း သိပ်တော့မထူးပါဘူးဗျာ ဟဲဟဲ

Leave အရုပ်ရှင်းဒေး to:

Written by

Read more #toy posts


Best Posts From Myo Min Thu

We have not curated any of myominthu95's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Myo Min Thu