note
ဓာရဏသုတ်တော်( ဖြစ်စဉ်)
ဂေါတမ မြတ်စွာဘုရားသည် ညီတော် အာနန္ဒာအား ဓာရဏသုတ်တော်ကို ဟော၍ လူဒါယကာ-ဒါယိကာမတို့အား တစ်ဆင့် ဟောကြားရန်၊ ရှင်းလင်း သင်ပြရန် အမိန့်ရှိသော သုတ်တော် ဖြစ်ပါသည်။
ဓာရဏ ပရိတ်တော်တွင် ၀ိပဿိ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ ……ကောဏာဂုံ၊ ကဿပ၊ ဂေါတမ တည်းဟူသော ဘုရားခုနှစ်ဆူအား ရှိခိုးပါ၍ ကျရောက် လတ္တံ့သော ဘေးခပ်သိမ်း ရန်ခပ်သိမ်း ကင်းငြိမ်းအောင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃဂုဏ်တော် ကျေးဇူးတော်တို့ကို ဖွဲ့ဆိုထားသည်မှစ၍ ဓာရဏသုတ်တော် ဖြစ်ပေါ်ရွတ်ဆို ပွားများခဲ့ကြပါ သတည်း။ ဓာရဏပရိတ်တော်သည မြတ်ဗုဒ္ဓ ရှင်တော်ဘုရား၏ အာဝေဏိကဂုဏ်တော် ၁၈-ပါးကို ဖော်ပြထားသည်။ ဤဂုဏ် ၁၈-ပါးသည် မြတ်စွာဘုရား၏ သီးခြား ကိုယ်ပိုင် ဂုဏ်တော်များ ဖြစ်သည်။ အခြား မည်သူ တစ်ဦးတစ်ယောက်၌မျှ ဤဂုဏ်မျိုး မရှိချေ။ ရဟန္တာနှင့် ပစ္စေကဗုဒ္ဓများ၌ သော်မှ ဤ ဂုဏ်သတ္တိမျိုး မရှိကြ။ စင်စစ်အားဖြင့် ဓာရဏပရိတ်တော်သည် မြတ်စွာဘုရား၏ အာဝေဏိက ဂုဏ်တော်တို့ကို ချီးကျူးပူဇော်ခြင်းပင် ဖြစ်သည်။
ကောင်းမြတ်သော စေတနာဖြင့် တာဝန် ၀တ္တရားများကို ထမ်းဆောင်နေသူ အားလုံးတို့သည် ဓာရဏ ပရိတ်တော်ကို ရွတ်ဖတ်ပါမူ အ,ကာလ မရဏမှ လွတ်မြောက်နိုင် သည်။ အ,ကာလ မရဏနှင့် မတွေ့ကြုံရ-မတွေ့ ကြုံနိုင်။
အ,ကာလ မရဏ ဆိုသည်မှာ သူတစ်ပါး လက်နက်ဖြင့် သေရခြင်း၊ သူတစ်ပါး ပယောဂဖြင့် သေရခြင်း၊ ကျားကိုက် သေရခြင်း၊ ချောက်ကမ်းပါးက သေရခြင်း၊ ကားမှောက်၍ သေရခြင်း စသည့် ဥပစ္ဆေဒက ကံကြောင့် သေရခြင်းမျိုးများကို ဆိုသည်။ ဓာရဏ ပရိတ်ကို ရွတ်ဖတ်သူမှာ အ,ကာလ မရဏ အမျိုးမျိုးတို့မှ လွတ်မြောက်သည်။
သတ္တ၀ါတိုင်း လူတိုင်းပင် တစ်နေ့နေ့၌ သေရမည်မှာ ဓမ္မတာ ဖြစ်သည်။ အ,ကာလ မရဏမှ လွတ်မြောက်သည်ဟု ဆိုသည်မှာ ဥပစ္ဆေဒက ကံကြောင့် မသေရ၊ မသေနိုင်ခြင်းကို ဆိုသည်။ ဖြစ်မြဲ ဓမ္မတာအရ သေချိန်ကျမှသာ သေရသည်။
ပဋ္ဌာန်း မှာ အသံထွက်လေးတွေ မှားနေတာ ကို အများ အားဖြင့် အသံထွက် ကို သတိမထားပဲ လွယ်လွယ် ပူဇော်နေကြပါတယ်။
သတိထား ပူဇော်ရမယ့် အမှားလေးတွေ က—
ငါးပါးသီလ ယူရာ မှာ အဟံဘန္တေ တိသရဏေနသဟ …
(၁) ပဉ္စသီလံ မှာ” ပြင်စသီလံ”လို့ အသံမှား ထွက်ကြပါတယ်။
(အမှန်က “ပင်စသီလံ” လို့ အသံထွက်ရပါမယ်)။
(၂) ဓမ္မံ ယာစာမိ မှာ “ဓမာ ယာစာမိ” လို့ အသံ မှား ထွက်နေကြပါတယ်။
(“ဓမ်မာ ယာစာမိ” လို့ အသံထွက် ရပါမယ်)
(၃) ဒုတိယမ္ပိ, တတိယမ္ပိ မှာ ..
(“ဒုတိယမ်ပိ,တတိယမ်ပိ” ပါ။ အဲဒီ မှာ”ဒုတိယမ်မိ,တတိယမ်မိ” နဲ့
“ပိ” ဆိုတဲ့ အသံ ကို “မိ” လို့ မှားယွင်း စွာ အသံထွက်နေကြပါတယ်)။
(၄) အဒိန္နာဒါနာ မှာ အဒိန်န ဒါနဆိုပြီးရေးချ ( –ါ )သံ ပျောက်နေကြပါတယ်။
(အဒိန်နာ ဒါနာ”ဆိုပြီး ရေးချ သံလေးကို သတိထား ပူဇော်စေလိုပါတယ်)။
ပဋ္ဌာန်း ပူဇော်ရာမှာ လည်း အသံ ကို ဆွဲ မပူဇော်ရပါ။
(း ) ဝစ္စနှစ်လုံးပေါက်သံ မပါ ရပါ။
ဥပမာ- ဟေတု ပစ္စယောတိ (ဟေတု ပြစ်စယောတိမဟုတ်ပါ။)
ပစ်စယောသာဖြစ်ပါတယ်။ ပြစ် ဆိုတဲ့(ြ ) ရရစ်သံ မပါရပါ။
တံသမုဋ္ဌာနာနဉ္စ ရူပါနံ ကို — တံသမုဋ္ဌာနာနင်း..စ”ဆိုပြီး (း ) ဝစ္စနှစ်လုံးပေါက်သံ နဲ့ အသံ ကို ဆွဲဆိုနေကြပါတယ်။
(နင်စဟုသာ ပူဇော်ပါရန် ဖြစ်ပါတယ် )။
သြကာသ သြကာသ သြကာသ
ကာယကံ ၀စီကံ မနောကံ တည်းဟူသော ကံသုံးပါးတို့တွင် တပါးပါးသော ကံဖြင့် ပြစ်မှားကျူးလွန်မိသည်ရှိသော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်း အကျိုးငှါ ပထမ ဒုတိယ တတိယ တကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော အကျိုးအားကြောင့် အပါယ် ၄ပါး, ကပ် ၃ပါး, ရပ်ပြစ် ၈ပါး, ရန်သူမျိုး ၅ပါး, ၀ိပတ္တိတရား ၄ပါး, ဗျသနတရား ၅ပါး, အနာမျိုး ၉၆ပါး, ဘေး ၂၅ပါး, ကံကြမ္မာ ၃၂ပါး, ဥပဒ္ဒဝေါ ၁၆ပါး, ဒဏ် ၁၀-ပါး, အပြစ် ၈-ပါးတို့မှ ဘ၀ဆက်တိုင်း ကင်းလွတ်ငြိမ်းသည်သာဖြစ်၍ အဆုံးစွန်သောဘ၀ နောက်ကာလ၌ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။

noted on steemit
Leave note to:
Read more #steemit posts
Best Posts From myanmarbooster
We have not curated any of myanmarbooster's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.