myanmar-myanmar avatar

ကျနော် မကွေးသား

myanmar-myanmar

Published: 10 Mar 2020 › Updated: 10 Mar 2020ကျနော် မကွေးသား

ကျနော် မကွေးသား

#ကျနော် မကွေးသား

အသားက ညိုပေမယ့်
အပိုစကား မဆို
အကြွားလဲ မပိုပါတဲ့
ကျနော်က မကွေးသား...

ရန်ကုန်သားက အကြွား
မန်လေးသားက လေထွား
ဒါပေမယ့် သူတို့တွေကြား
ရိုးသားကျိုးစား အညာမြေအလယ်ပိုင်းက
အကြွားမပို လေမထွားပါတဲ့
ကျနော် မကွေးသား...

Rapper လား Rocker လား
hip hot လား Popလား
ဒါတွေကို ဘေးဖယ်ထားလိုက်
ကိုယ်လာရင် ကြိုမှာလားလို့
တမာရနံ့လေး တသင်သင်းမွှေးတဲ့
အဆိုတော်ကိုအောင်သူရဲ့ မြို့လေးက
ကျနော် မကွေးသား...

ငပလီလား ချောင်းသာလား
စက်စဲလား မောင်းမကန်လား
နွေရာသီ အပန်းဖြေသွားကြ
တစ်ကယ်ဆို ဒီနေရာတွေမလိုပါဘူး
အညာက အိုအေစစ်လေ
တောတောင်ရဲ့ အရိပ်တွေနဲ့
ရစ်ပတ်ခွေ စီးဆင်းလို့
နမ္မဒါ မန်းချောင်းအတွင်းမှာ
ရေကြည်ကို စိမ်လို့ချိုး
ဘယ်တော့မှ မရိုးပါတဲ့
မန်းရွှေစက်တော်ရှိတဲ့ တိုင်းမြို့က
ကျနော် မကွေးသား...

နွေရာသီဆို ထန်းရည်သောက်
မိုးရာသီဆို ဝီစကီသောက်
နှင်းပေါက်တွေကြတဲ့ ဆောင်းဆို
အအေးဒဏ် ကွာကွယ်ဖို့
အရက်ဆိုင်တွေ ပေါတဲ့မြို့က
ကျနော် မကွေးသား...

ဆေးတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်
မကွေးတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်
ကျန်းမာရေးတက္ကသိုလ်နဲ့ ပညာရေးတက္ကသိုလ်
စုံသလား မမေးပါနဲ့
ဒီကျောင်းတွေအစုံရှိတဲ့ တိုင်းမြို့က
ကျနော် မကွေးသား...

မကွေးနဲ့ မင်းဘူးကိုခြား
စီးဆင်းသွားတဲ့ ဧရာဝတီဟာ
သက်သေတည် ရခိုင်ပြည်ကိုဆက်
သွယ်ယှက်တဲ့ တံတားကြီး
ဧရာဝတီမကွေးလို့ အမည်တွင်တဲ့မြို့က
ကျနော် မကွေးသား...

မြေပဲနဲ့ နေကြာ
နှမ်းနီနဲ့ နှမ်းနက်
ပဲမျိုးစုံ ထွက်ပါလို့
အများအသိ ဆီအိုးကြီးခေါ်တဲ့မြို့က
ကျနော် မကွေးသား...

ထူးကဲစွာ ဘီလူးတွေက
ဖန်ခါးသီးနဲ့ မြသားသလွန်ကိုလဲ
လူဖြစ်မှ ဘောညီနောင်တို့
မြစ်ဧရာ ကမ်းနဖူးမှာ
သပ္ပါယ်စွာ တည်ထားပါတဲ့
စေတီအမွန် မြသလွန်တော်က
နဂုတ္တမတောင်ပေါ်မှာ ရွှေရောင်တဝင်းဝင်းနဲ့
ဖူးစေရာ ပြည်တစ်ဝှမ်း
အံ့မခန်း ကြည်နူးစရာ
ဟိုယခင် မြစ်ကွေ့လို့အမည်တွင်
ယခုဖူးချင် လာခဲ့ကြ
ရှေးစကား အလေးထားပါတဲ့
မြစ်ကွေ့လို့ မကွေးဖြစ်ခဲ့တဲ့
ဖန်းခါးမြေ အညာမြို့က
ကျနော် မကွေးသား...

Leave ကျနော် မကွေးသား to:

Written by

Read more #myanmar posts


Best Posts From myanmar-myanmar

We have not curated any of myanmar-myanmar's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From myanmar-myanmar