တန်ဖိုးရှိသောအချိန်
တန်ဖိုးရှိသော အချိန်
ဆုံတွေ့ခဲ့ဖူးသော အချိန်၏ကွာခြားချက် တစ်ခုကို ပြောပြချင်ပါသည်။ ကြံဆုံမြင်တွေ့ခဲ့ရသော ဘွဲ့အခမ်းအနားအကြောင်း ပြောပြချင်ပါသည်။
ပထမဘွဲ့ အခမ်းအနားသည် အမိမြန်မာနိုင်ငံ၏ ဘွဲ့နှင်းသဘင် အခမ်းအနားဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဘွဲ့နှင်းသဘင်အခမ်းအနားသည် ကြီးကျယ်မြင့်မြတ်လှပါသည်။ ဘ၀တစ်ခုတွင် ဦးထုပ်ဆောင်းခွင့်ရပြီး ဘွဲ့တက်ယူရသော လူတိုင်းပျော်ရွှင် ဂုဏ်ယူရသောအချိန်ဖြစ်စေပါသည်။
ဘွဲ့ယူမောင်မယ်များ နေရာယူပြီးလျှင် ပါမောက္ခဆရာကြီး ဆရာမကြီးများ ကြွချီလာသော အချိန်တွင် စည်တော်တီးပြီး ၀င်ရောက်လမ်းလျှောက်လာကြပါသည်။ စည်တော်ဗြော၏ ညိမ့်ညောင်းမှုသည် သာယာလှပါသည်။ စည်းချက်ညီစွာ လမ်းလျှောက်လာသည်ကို ကြည်နူးစွာတွေ့မြင်ရပါသည်။ ဘွဲ့ပေးမည့်စင်မြင့်ထက်သို့ အချိန်အကြာကြီး ရောက်အောင် ဗြောသံနှင့်အညီ ဆရာကြီး ဆရာမကြီးများ တက်လှမ်းသွားကြပါသည်။
မြန်မာဘွဲ့နှင်းသဘင်၏ ခမ်းနားသောလမ်းလျှောက်ဗြောသံသည် အချိန်ကို ကြာမြင့်စွာ ကုန်ဆုံးသွားစေပါသည်။
ထို့နောက်ဘွဲ့ယူမောင်မယ်များ တစ်ဦးချင်းကို အသေအချာ နာမည်ခေါ်ပြီး ဘွဲ့ပေးအပ်ပါသည်။ ထိုသောအခါ အချိန်ကိုများစွာ အသုံးပြုလိုက်ရပါသည်။
နောက်အခမ်းအနားတစ်ခုကတော့ နိုင်ငံတကာအသိမှတ်ပြု ဒီပလိုမာဘွဲ့အခမ်းအနား ဖြစ်ပါသည်။ အခမ်းအနားစသည်နှင့်တပြိုင်နက် နိုင်ငံခြားသားဆရာကြီး ဆရာမကြီးများက ရှေ့ကချီတက်လာပြီး ကျောင်းသူကျောင်းသားများက နောက်ကနေ ညီညာစွာ အခမ်းအနားဆီသို့ လှမ်းဝင်လာသည့်အခါတွင် နိုင်ငံတကာသံစုံတီးလုံးနှင့် ကြွချီလာပါသည်။ မြူးကြွစွာနှင့် အချိန်တိုအတွင်း တခဏတာ ဆရာကြီး ဆရာမကြီးများက စင်မြင့်ထက်သို့ ရောက်ရှိကြပြီး ကျောင်းသူကျောင်းသားများက မိမိတို့၏ ထိုင်ခုံနေရာတွင် နေရာယူကြပြီး ထိုင်ကြပါသည်။
အသိအမှတ်ပြုဘွဲ့လက်မှတ်ယူကြမည့် မောင်မယ်များကလည်း ကြိုတင်ရီဟာဇယ် ပြုလုပ်ထားသည့်အတိုင်း ဆက်တိုက်တက်ရောက် လက်မှတ်ယူကြပါသည်။ တစ်ဦးချင်းအမည်ကို မခေါ်တော့ပါ။ နာမည်အလိုက် အပြီးတန်းစီ တက်ရောက်ယူသွားကြပါသည်။ အချိန်ကို တခဏတာ အသုံးပြုပြီး ကုန်ဆုံးသွားစေပါသည်။
ဘွဲ့အခမ်းအနားနှစ်ခုစလုံးသည် ခမ်းနားလှပါသည် သို့သော် တစ်နေရာနှင့်တစ်နေရာ ယူသုံးလိုက်သောအချိန် အတိုင်းအတာ မတူညီကွဲပြားသည်ကို တွေ့မြင်ခဲ့ရပါသည်။ ထို့ကြောင့် တကယ့်လက်တွေ့ဘ၀တွင် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချသင့်ကြောင်း သတိပေးချင်ပါသည်။
မြန်မာစတီးမစ် မိသားစုဝင်များ ကျန်းမာအောင်မြင်ကြပါစေ။
ဆန္ဒမွန်ဖြင့်
မိုးဝေLeave တန်ဖိုးရှိသောအချိန် to:
Read more #myanmar posts
Best Posts From moewaikamawet
We have not curated any of moewaikamawet's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.