FPL week-1 final result
ပြောရရင်တော့ အတော်လေးကို ကံမကောင်းဘူးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဘယ်လိုကံမကောင်းတာမျိုးလဲ။ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ကိုယ်ညံ့တာလဲ ပါတာပေါ့။
ပထမဆုံး ပြောချင်တာက ဂိုးသမားပါ။ မန်းစီးတီး ဂိုးကိုလဲ ရွေးထားတယ်။ မန်စီးတီးက ငါးဂိုးပြတ်နဲ့ နိုင်သွားတယ်။ ဒါပေမဲ့ ဂိုးသမားက ပြိုင်ပွဲမှာ မပါတဲ့အတွက် အမှတ် မရဘူး။ အရန်ဂိုးသမားကလဲ ပွဲထွက်စာရင်းမှာ မပါပါဘူး။ အဲဒီမှာ ၁၀ မှတ် ဆုံးရှုံးသွားပါတယ်။ မန်စီးတီး ငါးဂိုးပြတ်နဲ့ နိုင်ပေမဲ့ အဂွဲရိုးက တစ်ဂိုးပဲ သွင်းပါတယ်။ သူ့ကို အသင်းခေါင်းဆောင် ပေးထားမိတော့ အမှတ်နည်းနည်းပဲ ရလိုက်ပါတယ်။
အလယ်တန်း တစ်ခုလုံးပေါင်းမှ ၉ မှတ်ပဲရပါတယ်။ စတာလင်ဆိုရင် သူတစ်ယောက်ထဲနဲ့ အမှတ် ၂၀ ရပါတယ်။ ဆာလက် ဆိုရင် ၁၂ မှတ်ရပါတယ်။ နောက်တန်း နှစ်ယောက်ကတော့ မဆိုးပါဘူး။ ဒါပေမဲ့ ကျန်တဲ့ နှစ်ယောက်က မကောင်းပါဘူး။ Zauma ဆိုရင် အမှတ်တောင် အလျှော့ခံလိုက်ရသေးတယ်။ Robertsan ကတော့ လီဗာပူးမှာ ပါနေတာတောင်မှ နှစ်မှတ်ပဲ ရပါတယ်။
အဆိုးဆုံးကတော့ Zouma ဖြစ်ပြီးတော့ သူ့နောက်မှာ Fraser, Alisson, တို့ကလိုက်ပါတယ်။ သူတို့နောက်မှာတော့ Neves နဲ့ Robertson တို့က နှစ်မှတ်စီနဲ့ အသင်းက သိပ်အဆင်မပြေတာနဲ့ တစ်သင်းလုံးလဲ ပစ်လိုက်ပါတယ်။ ဘယ်လိုဖြစ်လာမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အမှတ်တွေပဲ တက်လာမလား။ အရင်လိုပဲ ဆက်ဖြစ်နေဦးမလားဆိုတာကိုတော့ နောက်အပတ်မှာမှ သိရမှာပါ။ ကံကောင်းပါစေလို့ ဆုတောင်းပေးကြပါဦးဗျာ။
သိပ်ပြီး မသိသေးတော့ wildcard တစ်ခုနဲ့ အလကားလဲခွင့် တစ်ခုကို သုံးလိုက်ရပါတယ်။ နောက်အပတ်ကျမှ နောက်ထပ်လဲ လှယ်ခွင့် တစ်ခုရတော့မှာ ဖြစ်ပါတယ်။ နောက်ပိုင်းကျရင်တော့ တဖြေးဖြေးနဲ့ လဲလှယ်သွားရမှာ ဖြစ်ပါတယ်။
သိပ်အများကြီးတော့ မမျှော်လင့်ပါဘူး။ Steem Fantasy League မှာ နေရာ တစ်ခုရရင်တော်ပါပြီ။ ကိုယ်လဲ လိုက်မှပဲ ကိန်း နဲ့ အဂွဲရိုးက ဂိုးတွေ သွင်းနေရင်တော့ ဒုက္ခပါပဲဗျာ။
ကိန်းလေးတော့ နှမြောမိသားပဲ။ သူက ၁၃ မှတ်တောင် ယူပေးထားတာဆိုတော့ ဘာပဲ ဖြစ်ဖြစ်သူ့ကို ပြန်ခေါ်ခဲ့ရင်တောင် တစ်ပတ်ကျော်မှပဲ ပြန်ခေါ်လို့ ရတော့မှာပါ။
All images are taken from https://fantasy.premierleague.com
Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=141
Leave FPL week-1 final result to:
Read more #steempress posts
Best Posts From mmunited
We have not curated any of mmunited's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From mmunited
- Claiming HBD interest for the month of Oct-2022
- Claiming interest for Sep-2022
- Claiming interest for Aug-2022
- I changed my mind again
- Moonfall
- # My Season 64 SL report card - Splinter Stats Season 64 Report Card
- I want to do many things but not enough money to do
- A young girl and an old tree
- # My SplintStatus - Season 61 Report Card - Splinter Stats Season 61 Report Card
- My experience in Hivefest