mmunited avatar

BHZM ဝယ်သည်

mmunited

Published: 01 Sept 2021 › Updated: 01 Sept 2021BHZM ဝယ်သည်

BHZM ဝယ်သည်



1 BHZM = 980 MMK


ဒီစင်ထရယ်လိုက် အိတ်ချိန်းတွေ အကြောင်းကနေ စပါမယ်။ ကျွန်တော်တို့ ဘဏ်မှာ ဒေါ်လာရောင်းတယ် ဆိုပါစို့။ တစ်ဒေါ်လာကို ဝယ်ဈေးက ၁၇၀၀ ရောင်းဈေးက ၁၇၁၀ ဆိုပါစို့။ ဒါမျိုးကိုကျတော့ စင်ထရယ်လိုက်လို့ခေါ်ပါတယ်။ ဒီစင်ထရယ်လိုက်ကျတော့ ဈေးနှုန်းကို အိတ်ချိန်းက မသတ်မှတ်ပါဘူး။ ရောင်းတဲ့သူနဲ့ ဝယ်တဲ့သူကပဲ သတ်မှတ်ပါတယ်။ ကိုယ့်ဆီမှာ Bitcoin တစ်ခုရှိတယ်ဆိုရင် အဲဒိ coin ကို ဒေါ်လာ တစ်သိန်းနဲ့လဲ ရောင်းလို့ ရပါတယ်။ ဝယ်သူရှိရင်ပေါ့။ အဲဒါကို ဒီစင်ထရယ်လိုက်လို့ ခေါ်ပါတယ်။

အခု ဒီထက်ပိုပြီးတော့ကို ခေတ်စားလားတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ Diesel pool ပါ။ Diesel pool ဆိုတာကတော့ Hiive ဘလောက်ချိန်းမှာအသုံးပြုတဲ့ စကားရပ်ပဲ ဖြစ်ပါတယ်။ Diesel pool စလုပ်တဲ့သူက ကိုယ်ထည့်ချင်တဲ့ တိုကင်နှစ်မျိုး ဒါမှမဟုတ် Hive နဲ့ နောက်ထပ် တိုကင် တစ်မျိုးကို ထည့်ထားဖို့ လိုပါတယ်။ တစ်မျိုးနဲ့ တစ်မျိုးက တန်ဖိုး တူနေရမှာ ဖြစ်ပါတယ်။ ဈေးကွက်ပေါက်ဈေးနဲ့ ဆုံးဖြတ်တာပါ။

image.png

ဥပမာ လစ်ကွစ်ဒတီကန်ထဲကို ၅၀၀ Hive ထည့်မယ်ဆိုရင် တစ်ဖက်ကလည်း သူနဲ့ တန်ဖိုးတူ ၃၆၇၄၂,၅၁၆ Dec ထည့်ပေးဖို့ လိုမှာ ဖြစ်ပါတယ်။ ဒါကတော့
ကန်ထဲကို ထည့်သူအတွက်ပါ။

အဲဒိကန်ထဲကနေ Hive ဒါမှမဟုတ် Dec အဖြစ်လဲချင်တယ် ဆိုရင်တော့ လဲချင်တဲ့သူက ကိုယ်လဲမည့် ပမာဏကနေ ကန်ထဲမှာရှိတဲ့ တိုကင်တွေရဲ့ လစ်ကွစ်ဒတီကို ဘယ်လောက် ပြောင်းလဲသွားစေသလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ အပိုဆောင်းငွေ ပေးရပါတယ်။

image.png

ပုံမှာ ကြည့်လိုက်ရင် ၅၀၀ hive လဲရင် ၃၆၇၀၂.၁၆၈ ပဲ ရရှိမှာ ဖြစ်ပါတယ်။ လဲခက ၀.၅ရာခိုင်နှုန်း ပေးရမှာ ဖြစ်ပါတယ်။ အဲဒိကန်ထဲကို Hive:DEC ထည့်ထားတဲ့သူက လဲခကို အချိုးကျ ရပါတယ်။ ကိုယ်ထည့်ထားတဲ့ ပမာဏ များရင် များသလိုရပါတယ်။ ဒီလိုမျိုး pool တစ်ခုကိုလုပ်ထားဖို့က Bee တိုကင် ၁၀၀၀ အသုံးပြုရပါတယ်။

Swap.Hive:BHZM အတွဲ တစ်ခုကို ဖန်တီးမယ်ဆိုရင် Bee တစ်ထောင်ကုန်မှာ ဖြစ်ပါတယ်။ အဲဒါဆိုရင် ကျွန်တော်ထည့်ပေးထားတဲ့ Swap.Hive:BHZMအတွဲကနေ Swap.Hive ကနေ BHZM ကိုပဲ ဖြစ်ဖြစ် BHZM ကနေ Swap.Hive ကိုပဲ ဖြစ်ဖြစ် အလွယ်တကူ လဲလှယ်လို့ရပါတယ်။ အဲဒီ ကန်ထဲကို Hive:BHZM တွဲထည့်ထားတဲ့ သူတွေကလည်း အကျိုးအမြတ်ရရှိမှာ ဖြစ်ပါတယ်။ ကန်ထဲကို ပြန်ထုတ်ချင်ရင်လည်း အလွယ်တကူ ထုတ်ယူလို့ရပါတယ်။ ဒီလုပ်ဆောင်ချက်တော့ လတ်တလော အသက်မဝင်သေးပါဘူး။

image.png

နောက်တစ်နည်းကတော့ BHZM ကို Mobile app တစ်ခုကနေ တင်ရောင်းတာပါ။ အဲဒါကလည်း လုပ်ဆောင်ချက် အပြည့်နဲ့ဆိုရင် အနည်းဆုံး ၁၈ သိန်းလောက် ကုန်ကျမှာ ဖြစ်ပါတယ်။ Wallet တစ်ခုပါပါမယ်။ ဘဏ်ထဲကနေ ငွေလွှဲပြီးတော့ app ထဲမှာ သိမ်းထားလို့ရမှာ ဖြစ်ပါတယ်။

ဝန်ဆောင်ခကတော့ 0.5%ကျသင့်မှာ ဖြစ်ပါတယ်။ ငွေတစ်ထောင်ကို ၅ ကျပ်ပါ။ ကျပ်ငွေကနေ BHZM ဝယ်တဲ့အချိန်မှာ ငွေမကုန်ပဲနဲ့ BHZM ကနေ ကျပ်ငွေ ပြန်ပြောင်းတဲ့ အချိန်မှာပဲ ဝန်ဆောင်ခ ကောက်ခံမှာ ဖြစ်ပါတယ်။

နည်းလမ်းတစ်ခုကတော့ BHZM ကနေ Hive အဖြစ် အလွယ်တကူ ပြောင်းလဲနိုင်မှာ ဖြစ်ပြီးတော့ နောက်နည်းလမ်းတစ်ခုကတော့ မြန်မာငွေကနေ BHZM အဖြစ်ကို အလွယ်တကူ ပြောင်းလဲ နိုင်မှာ ဖြစ်ပါတယ်။

ဒီကြားကာလမှာတော့ Hive ကနေ BHZM ကို အရောင်းပိုစ့်တွေ တင်ထားပေးကြပါ။ BHZM နဲ့ Hive ပြန်ဝယ်ဖို့ကတော့ လက်ထဲမှာ အရင်ဆုံး BHZM
ရှိနေဖို့ လိုပါတယ်။ KBZpay၊ CBPay တွေနဲ့ ရောင်းပေးနေပါတယ်။

BHZM ရောင်းသည်။


1 BHZM = 1000 MMK


ဘယ်နည်းလမ်းက ပိုအဆင်ပြေမလဲ ဆိုတာကို မှတ်ချက်ပေးကြပါဗျာ။
မြန်မာလို အသံဖလှယ်ထား‌သော စကားလုံး
Decentralized: ဒီစင်ထရယ်လိုက်
Liquidity: လစ်ကွစ်ဒတီ

ခက်ဆစ်း
Diesel Pool = ဒီဇယ်ကန်

(မှတ်ချက်: လစ်ကွစ်ဒတီဆိုတဲ့ စကားက ငွေဖြစ် ဘယ်လောက် မြန်သလဲ ဆိုတာကို ပြောချင်တာပါ။ ဥပမာ အိမ်ဆိုတာက ငွေဖြစ်နှေးပါတယ်။ ရွှေ၊ ဒေါ်လာတွေက ငွေဖြစ်မြန်ပါတယ်။ Cryptocurrency တွေကို ကန်ထဲမှာ ထည့်ထားတဲ့အတွက် ကိုယ်ထုတ်ချင်တဲ့ အချိန်မှာ ပြန်ထုတ်ရုံပါပဲ။ အဲဒိတော့ ငွေဖြစ်မြန်တယ်လို့ ပြောရမှာပါ။)

Leave BHZM ဝယ်သည် to:

Written by

Epic blogger || gamer || community supporter || curator

Read more #hive-104151 posts


Best Posts From mmunited

We have not curated any of mmunited's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From mmunited