ရတာလေးနဲ့ကျေနပ်
အခုရက်ပိုင်းတွေမှာဗျာ ကစားရတာ အရမ်းခက်နေတယ် တစ်ပွဲနိုင်ဖို့ကို အချိန်အများကြီးပေးနေရတယ် ကစားလိုက်တိုင်းရှုံးနေတာ ငါးပွဲလောက်ရှုံးပြီးမှဘဲ
တစ်ပွဲလောက်သာ နိုင်တယ် အကောင်လေးတွေ စီတာကလည်း သေချာစီပေမယ့် အဆင်မသင့်တော့ ရှုံးပွဲတွေကြုံနေရတာပါ သေချာကစားပါတယ် မနိုင်ဘူး
စိတ်တော့ မလျှော့ဘူးလေ တစ်ပွဲပွဲတော့ နိုင်ရမယ် ကိုယ့်အလှည့်ရောက်ရမယ်ဆိုပြီး ဆက်တိုက်ကစားလိုက်တာပေါ့ ဘယ်ရမလဲ ဒါမျိုးတော့ အလျှော့မပေးပါဘူး
အဲ့သလို ဆက်တိုက်ကစားတော့ ဖလားတွေလည်း လျှော့တာပေါ့ဗျာ ရှုံးလိုက်တာမှ သောက်သောက်လဲ ဆက်တိုက်ရှုံး အဲ့သလို အရှုံးတွေကြားထဲကဘဲ နိုင်ပွဲလေး တစ်ခုလောက်ရရင်ကို ကျေနပ်နေတယ်
တစ်ရက်မှာ တစ်ခုဘဲ ဖွင့်ခွင့်ရတာဆိုတော့ စိတ်အားတော့မငယ်မိပါဘူး ကိုယ့်ရတာ ကိုယ့်ဟာပေါ့
အရင်ရက်တွေကတော့ ပုလင်းတွေချည့်ဘဲရတယ် ပုလင်းလေးတွေလည်း သူ့ဟာနဲ့သူတော့ အသုံးတည့်ပါတယ်လေ
ဒီနေ့မှာတော့ ကါဒ်တစ်ခုရတယ် လေ ပျော်တယ်ဗျာ တန်ဖိုးကတော့နည်းပါတယ်
ဒါပေသည့် မရတာကြာနေတော့ အခုရတာလည်း အတော်ဟုတ်နေပြီလေ
တစ်ရက်တစ်ကါဒ်လောက်ပုံမှန်လေး ရရင်မဆိုးဘူးပေါ့
နေ့တိုင်းတော့ရဖို့ မလွယ်ပါဘူး တစ်ခါတရံမှရတက်တာပါ
ကြားရက်တွေက ဟိုဟာလေး နည်းနည်း ဒီဟာလေး နည်းနည်းပါဘဲ
ရာသီသိမ်းချိန်ကိုဘဲ စောင့်ရမယ် အဲ့အချိန်က အခွင့်အလမ်းပိုကောင်းတယ်လို့ ပြောကြတယ်လေ
ဂိမ်းကစားရင်း ရသလောက်လေး စုနေရတယ်
စာရေးတာကနေလည်း နည်းနည်းတော့ရပါတယ်
စာရေးတာလည်း ရပ်ထားလို့ကမရဘူး ဟိုဟာလေး နည်းနည်း ဒီဟာလေး နည်းနည်းပေါ့
ဘာတွေဖြစ်ဖြစ်ပါ ကျေနပ်ပါတယ်
@mm7
Leave ရတာလေးနဲ့ကျေနပ် to:
Read more #splinterlands posts
Best Posts From mm7
We have not curated any of mm7's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.