mm7 avatar

Circle Hit ကစားလို့ကောင်းပါတယ်

mm7

Published: 04 May 2020 › Updated: 04 May 2020Circle Hit ကစားလို့ကောင်းပါတယ်

Circle Hit ကစားလို့ကောင်းပါတယ်

95617773_682946478953594_3065012718260977664_n.png

Ror Game ကစားလာတာဆိုရင် သုံးရက်မြောက်လာပြီ အခုထိတော့ ကစားလို့ အဆင်ပြေနေပါတယ် ဂိမ်းတွေက တဖြည်းဖြည်းလွယ်ကူလာတယ်လို့ ခံစားရတယ် လွယ်လွန်းတယ်ဆိုပြိး ဖြစ်သလို ကစားလို့ မရတာလည်းတွေ့တယ် ဂရုတစိုက်ကစားနိုင်သူတွေက နိုင်ပွဲတွေ ရကြတယ် ဒီအထဲမှာ အလွန်တော်တဲ့ ကစားသမားတစ်ယောက် တွေ့ရတယ် သူက ပွဲစဉ်တိုင်းမှာ အမြဲတမ်း ထိပ်ဆုံးမှာ
ရှိနေတက်တယ် သူ့ရဲ့နိုင်ပွဲဆက်နေအောင် ကစားနိုင်တဲ့ စွမ်းရည်ကို အလွန်နှစ်သက်မိတယ် သူ့လိုအမြဲတမ်းနိုင်အောင် ကစားနိုင်ဖို့
လွယ်တော့မလွယ်လောက်ဘူးထင်တယ် သူ့ရဲ့ စိတ်တည်ငြိမ်နိုင်မှုကတော့ တကယ် ပထမတန်းစားဖြစ်မယ် အခုထိတော့ သူ့လို ကစားနိုင်ဖို့ စွမ်းရည် မရှိနိုငသေးဘူး ကြိုးစားကြည့်ရမှာပါ နိုင်ပွဲတွေ များလာရင် Dia လည်း အများကြီးရမယ်ဆိုတော့ ကြိုးစားသင့်တယ် Dia တွေက ရောင်းစားလို့ မရသေးဘူး မကြာခင် ရောင်းစားလို့ရမယ်ပြောတယ် အခုတည်းက များနိုင်သလောက် များအောင် စုထားရမယ်

95441496_647003902547530_1774786868752154624_n.png

Circle Hit ကစားနည်းက ရိုးရှင်းတယ် စက်ဝိုင်းလေးက လည်နေမယ် အဲ့ဒီစက်ဝိုင်းမှာ အနီရောင်ဖျော့ဖျော့ အမှတ်လေးပါတယ်
ပြိုင်ပွဲစတာနဲ့ အောက်က အဖြူရောင် ဘောလုံးလေးလှမ်းပစ်လိုက်ရမယ် ကိုယ်ပစ်လိုက်တဲ့ အဖြူရောင်ဘောလုံးလေးက လည်နေတဲ့စက်ဝိုင်းထဲက အမှတ်ကို တည့်တည့် ထိမှန်ရမယ် ဒါဆိုရင် အနိုင်ရတယ်လို့ သက်မှတ်ပါတယ်

95394467_681795362582914_5456445363302957056_n.png

ပြိုင်ပွဲထဲကိုတော့ Dia 5 ခုပေးချေပြီးမှ ၀င်ရောက်ရမှာဖြစ်ပါတယ် ဒါကြောင့် ချေပြီး ၀င်ရောက်လိုက်ပါတယ် သူက ဖရီး ကစားလို့တော့ရတယ် ဒါပေမယ့် ပြိုင်ပွဲမှာ ၀င်ကစားသလိုတော့ အမြတ်ရရှိမှုနဲ့ ဆု့းရှုံးမှုက မရှိပါဘူး လေ့ကျင့်မယ့်သူတွေအတွက် ဖရီးကတော်တော်လေး အဆင်ပြေတယ်

95233755_235245247580903_6057458540967100416_n.png

စတင် ကစားပြီဆိုတာနဲ့ လက်တွေက အလိုလိုနေရင်း တုန်လာပါတယ် ဒါကတော့ အီမိုးရှင်းဝင်တယ် ထင်တာပါဘဲ ဖရီးကစားတုန်းက ပေါ့ပါးသလောက် အခကြေးပေးကစားတဲ့အခါ ကတုန်ကရင် ဖြစ်လာပါတယ် တော်တော်လေး ထူးဆန်းပါတယ် ကစားတဲ့အခါ မထင်မှတ်တဲ့ အဖြစ်တွေကြုံရပါတယ် အလွယ်တကူ နိုင်မယ်ထင်ပေမယ့် တကယ့်ကစားပွဲမှာ ခဏလေးနဲ့ ရှုံးသွားပါတယ်

95810718_225857448864194_8879971220943011840_n.png

တစ်ရက်ကို သုံးပွဲတိတိ ပြိုင်လို့ရတယ် ပြိုင်ပွဲတိုင်းမှာ အနိုင်အရှုံးရှိတယ် တော်တော်လေး ကစားတက်သူတွေက အနိုင်ရကြပါတယ် တစ်ခုကောင်းတာက ကစားသူတိုင်း အမြတ်ရစေတာဖြစ်တယ်ဆိုတာကို မြင်တွေ့ရပါတယ် ဒါကြောင့် အချိန်အားရင်တော့ ပြိုင်ပွဲတွေကို လက်မလွှတ်တမ်းကစားသင့်ပါတယ်

https://play.google.com/store/apps/details?id=com.ziplab.rorgame

INVEN Gaming Discord Channel: https://discord.gg/vyPHGk6

mm7@mm7

Leave Circle Hit ကစားလို့ကောင်းပါတယ် to:

Written by

ယုံကြည်ရာအတွက်

Read more #rorgame posts


Best Posts From mm7

We have not curated any of mm7's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From mm7