mm7 avatar

အရောင်ရွေးတက်သလား

mm7

Published: 06 May 2020 › Updated: 06 May 2020အရောင်ရွေးတက်သလား

အရောင်ရွေးတက်သလား

95763606_1475092056017292_1482130786499952640_n.png

အခုဆိုရင် Ror game ကစားတာ တစ်လလောက်တော့ရှိပြီပေါ့ Level 17 ကိုတောင် ရောက်နေပြီလေ တော်တော်ကစားထားတယ်
ဆိုပါတော့ ဒီလောက်ကစားတာတောင် အခုမှ ဒီအခြေအနေရောက်သေးတာဖြစ်လို့ နှေးလွန်းတယ် ထင်မိတယ် သူများတွေကစားတာ လေဗယ် အများကြီးရောက်ကုန်ပြီ Dia 419 ပိုင်ဆိုင်ထားပါတယ် ရောင်းစားလို့တော့ မရသေးဘူး လက်ရှိပေါက်ဈေးနဲ့တွက်ရင်တော့ စတင်း တစ်ရာလောက်ရမယ်ဆိုလားဘဲ ဟုတ်မဟုတ်တော့ ဈေးထွက်လာမှသိရမယ်လေ ဘာဖြစ်ဖြစ်ပါ ကစားလို့တော့ ကောင်းနေတုန်းဘဲ အပျင်းပြေကစားနေတာပါ အခုလို အိမ်မှာနေရတဲ့ အချိန်တွေမှာ အပျင်းပြေဂိမ်းကစားတာက အကောင်းဆုံး အလုပ်တစ်ခုဖြစ်တယ်လေ နောက်ပိုင်း ဈေးအတိအကျ ထွက်လာရင်တော့ ရောင်းစားရမှာပေါ့ မရောင်းခင်တော့ များများရအောင် ကြိုးစားထားရမယယ်

95311918_228662108428068_1836399617722286080_n.png

color dash ဆိုသည့်အတိုင်း အေ၇ာင်လေးတွေ ရွေးပေးရတဲ့ ကစားနည်ပါ ဒီနေ့တော့ ဒီကောင်လေးကို ကစားဖြစ်တယ် အရောင်ရွေးတဲ့ကစားနည်းဖြစ်လို့ အရောင်မသဲကွဲတဲ့ ပြသနာ ရှိသူတွေအတွက် အတော်လေး အဆင်မပြေဖြစ်စေမယ့် ဂိမ်းပါ မျက်စိအားကောင်းရင်တော့ ဒီဂိမ်းက အဆင်ပြေမှာပါ အရောင်လေးတွေကို တူအောင် နေရာချပေးရတာလေ လက်မြန်ဖို့လည်းလိုပါတယ် လက်နှေးလို့လည်းမရသလို မျက်စိလည်း လျှင်ရမယ် ဒါမှ တိကျတဲ့ နေရာရွေးချယ်မှု လုပ်ပြိး အနိုင်ရရှိမှာဖြစ်ပါတယ် လျှင်မြန်သူတွေအတွက်တော့ အောင်နိုင်မယ့် ဂိမ်းဖြစ်တယ်

95606482_260461705136352_2488042651555725312_n.png

ဒီနေရာလေးကတော့ မပါမဖြစ်ပါ ထုံးစံအတိုင်းပေါ့ ပြိုင်ပွဲထဲဝင်ရောက်နိုင်ဖို့အတွက် Dia 5 ခုပေးချေရတယ် တစ်ခါသာကစားဖို့ အကြံပြုချင်ပါတယ် ဂိမ်းကို သုံးလေးခါ ကစားရင် ဒိအိုင်အေ ဆုံးရှုံးမှု များနိုင်ပါတယ် ကိုယ်က ထိပ်ဆုံးရောက်မယ့်အခြေအနေမရှိရင် တစ်ကြိမ်သာ ကစားပါ မရှုံးပါဘူး ဒါက ဒီဂိမ်းရဲ့ အားသာချက်လို့ ပြောနိုင်တယ် နိုင်ရင် များများရတယ် ရှုံးရင် နည်းနည်းဘဲရပါတယ် အဓိကတော့ ကစားဖို့ပါဘဲ

95492978_550868559195276_5653748752062611456_n.png

အဲ........ မြင်တဲ့အတိုင်းပါဘဲ ဒီနေ့တော့ ကံဆိုးစွာနဲ့ဘဲ အဆင့်က နောက်ဆုံးဖြစ်သွားပါတယ် ရှုံးသွားပါတယ် လက်လည်းမမြန်မိသလို မျက်စိလည်း မလျှင်မိဖြစ်သွားတယ်ထင်တယ် အရောင်တန်းလေးတွေက အပေါ်ကနေ မြန်မြန်ကြီးကျလာတယ် ကိုယ့်ဆီမှာရှိနေတဲ့ အေ၇ာင်နဲ့ ကျလာတဲ့ အတန်းထဲက အရောင်ကို နေရာတူအောင် ရွှေ့ပေးရတာ ကိုယ်ရွှေ့တာက တနေရာ ဖြစ်သွားတော့ ဒီနေ့အတွက်ရှုံးသွားပါတယ်

https://play.google.com/store/apps/details?id=com.ziplab.rorgame

INVEN Gaming Discord Channel: https://discord.gg/vyPHGk6

mm7Hive account@mm7

Leave အရောင်ရွေးတက်သလား to:

Written by

ယုံကြည်ရာအတွက်

Read more #game posts


Best Posts From mm7

We have not curated any of mm7's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From mm7