minthike avatar

ဆိတ်

minthike

Published: 19 Apr 2018 › Updated: 19 Apr 2018ဆိတ်

ဆိတ်

တစ်ခါက ဘူမိဗေဒ ကျောင်းသားနှစ်ယောက် ဟာ လက်တွေ့လုပ်ဆောင်ဖို့အတွက် ဒေသ တစ်ခုမှာ ကျောက်တွေကိုလေ့လာကြသတဲ့

အဲ့ဒီလိုလေ့လာနေရင်း အမှတ်မထင် အရမ်းနက်တဲ့ ချောက်ကြီးကို တွေ့လိုက်ကြတယ်

image
google

ချောက်ကြီးကဘယ်လောက်နက်သလဲဆိုရင် အောက်ကို တောင်မမြင်ရလောက်အောင် မဲမှောင် နေတာပေါ့

အဲ့ဒါနဲ့ ချောက်ကို စူးစမ်းချင်ကြတဲ့ ကျောင်းသားနှစ်ယောက်က အဲ့ချောက်ကြီး ထဲကို ခဲလံုးတွေ ပစ်ချကြည့်တယ်

အရမ်းနက်တော့... ဘာအသံမှ မကြားရဘူး

နောက်ထပ် သူတို့ ကျောက်တံုး အကြီးကြီး နှစ်ယောက်မပြီး ပစ်ချကြည့်တယ်

အဲ့ဒါလည်း ဘာအသံမှ မကြားရဘူး

ဒါနဲ့ အနားပတ်ဝန်းကျင် ကိုကြည့်ကြည့်တော့
ရထားသံလမ်းအပိုင်း ကြီးတစ်ခု တွေ့တယ်
အဲ့ဒါကိုပါ နှစ်ယောက်မနည်းကြိုးစားမပြီး ချောက်ထဲပစ်ထည့်လိုက်တယ်

အဲ့ဒါတောင် ဘာအသံမှ မကြားရဘူး

အဲ့လိုမျိုး သူတို့ ထူးဆန်းနေကြတဲ့အချိန်မှာ ဆိတ်တစ်ကောင်ဟာ ရုတ်တရက် အလျင်အမြန် ပြေးလာပြီး သူတို့နှစ်ယောက်ကြားကနေ အဲ့ချောက်ထဲကိုခုန်ဆင်းသွားတယ်

image
google

အဲ့ဒီမှာ သူတို့ လန့်သွားတယ် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်တယ်
ချောက်ကြီးက တစ်ခုခုတော့ထူးဆန်းနေပြီ ဆိုတဲ့ မျက်လံုးတွေနဲ့

ခနအကြာမှာ အဘိုး အိုတစ်ယောက် သူတို့နား ရောက်လာတယ်

"မြေးလေးတို့ဒီနားမှာအဘဆိတ်လေး
တစ်ကောင် တွေ့မိလား" လို့မေးတယ်
ဒါနဲ့ သူတို့ကလည်း ချက်ခြင်းပြန်ဖြေတာပေါ့
"အာ....တွေ့တာပေါ့ဗျာ စောစောကပဲ ကျနော်တို့ရှေ့မှာတင် ဒီချောက်ကြီးထဲ ပြေးပြီး ခုန်ဆင်းသွားတာ "

အဲ့ဒီလိုလည်း ဖြေရော အဖိုးအိုက သူတို့ကို ဒီလို ပြန်ပြောလိုက်တယ်

"သြော် ....အဲ့ဒါကတော့ အဘဆိတ်မဟုတ်ဘူးကွဲ. အဘရဲ့ ဆိတ်ကို အဲ့လိုဖြစ်မှာ စိုးလို့ကို ရထားသံလမ်းအပိုင်းကြီးမှာ သေသေချာချာ ကို ချည်ထားခဲ့တာ" တဲ့

Leave ဆိတ် to:

Written by

Read more #esteem posts


Best Posts From minthike

We have not curated any of minthike's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From minthike