magway-pagoda avatar

အ​မေ

magway-pagoda

Published: 16 Aug 2019 › Updated: 16 Aug 2019အ​မေ

အ​မေ

အမေသမီးကို ချစ်လားလို့မေးရင်
ဒီအရွယ်ကြီးရောက်နေပြီ ချွဲတုန်းလား
မချစ်ဘူး လို့ဖြေတယ်😚
အမေရယ် ဗိုက်ဆာလိုက်တာလို့ပြောရင်
သွားခူးစားလို့ပြောပေမယ့် ခဏနေခူးလာပေးတယ်🧡
ပန်းကန်ဆေးဖို့ပျင်းနေတဲ့သမီးရဲ့ပုံစံကိုသိနေလို့
ထားခဲ့လိုက်အမေဆေးမယ်လို့ပြောခဲ့တယ်🧡
ဈေးသွားလို့ဆွဲခြင်းကိုင်ရင် လေးနေတဲ့ဆွဲခြင်းကိုအမေဆွဲပြီး
ပေါ့တဲ့အထုပ်လောက်ပဲ သမီးကိုသယ်ခိုင်းတယ်🧡
ဒီအရွယ်အထိ ထမင်း၊ဟင်းမချက်တတ်လို့ဆူပေမယ့်
ရေနွေးအိုးတည်ရင်တောင်အပူလောင်မှာစိုးလို့သေချာကြည့်နေတယ်🧡
အဝတ်ကိုသေချာမလျှော်ဘူးလားဆိုပြီး ဆူပေမယ့်
အဝတ်တွေထားခဲ့ အမေလျှော်လိုက်မယ်လို့ပြောတယ်🧡
မီးပူတိုက်စရာတွေရှိတယ် သမီးတိုက်အုံးလို့ပြောပြီး
အိပ်နေတဲ့သမီးကိုမနှိုးရက်လို့ အမေတိုက်တယ်🧡
အမေရယ် ဟိုဟာလေးလိုချင်လိုက်တာလို့ပြောရင်
မဝယ်ပေးဘူးလို့ပြောပေမယ့် နောက်နေ့ကျရင်ဝယ်လာပေးတယ်🧡
အမေ သမီးမုန့်စားချင်တယ်လို့ပြောရင် ကိုယ့်ဟာကိုယ်သွားစားလို့ပြောပြီး
ခဏနေဘာစားချင်လဲလို့လာမေးပြီး ဝယ်ပေးတတ်တယ်🧡
အမေသမီးအပြင်သွားမလို့လို့ပြောရင် အမှုစစ်သလိုစစ်ပြီး အိမ်ပြင်မရောက်သေးဘူးဖုန်းတွေဆက်ပြီးစိတ်ပူနေတတ်တဲ့အမေ🧡
အချိန်တိုင်းအိပ်နေတာပဲလို့ပြောပေမယ့် အိပ်ပျော်သွားရင်စောင်လာခြုံပေးရတဲ့အမေ🧡
🧡အမေက သမီးဘဝအတွက်အကောင်းဆုံးပါ🧡
ဘယ်သူတွေကပဲချစ်တယ်ပြောပြီးထားခဲ့ထားခဲ့
အမေကတော့ သမီးဘယ်လောက်ပဲဆိုးဆိုး
ဘယ်တုန်းကမှမငြိုငြင်ခဲ့ပါဘူး🧡🧡🧡
🧡အမေကသမီးအတွက် ကမ္ဘာပေါ်မှာအကောင်းဆုံးအမျိုးသမီးပါ🧡

Leave အ​မေ to:

Written by

Read more #myanm posts


Best Posts From magway-pagoda

We have not curated any of magway-pagoda's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From magway-pagoda