currency appraisal  avatar

Remember School

magway-minbu

Published: 20 Jan 2020 › Updated: 20 Jan 2020Remember School

Remember School

ဒီတစ်သက် ဘယ်တော့မှ တရားဝင် ပြန်ဝတ်ခွင့်မရတော့တဲ့ အဖြူ နဲ့ အစိမ်း ဝတ်စုံလေးကို လွမ်းတယ်....

သူ့အသံကြားတာနဲ့ အားလုံး အပြေးအလွှားဖြစ်ခဲ့ရတဲ့ 🔔🔔ကျောင်းတက်ခေါင်းလောင်းသံလေးကို လွမ်းတယ်...

🎶"ကမ္ဘာမကြေ"🎶ကို အားရပါးရ သံပြိုင် တူတူဆိုခဲ့ကြတဲ့ အခိုက်အတန့်လေးတွေကို လွမ်းတယ်....

စာသား အမှန်မဆိုတာ ပိုများတဲ့ "မြန်မာ့ကျောင်းသား" နဲ့
"ဇာတိမာန်" သီချင်းလေးတွေကိုလည်း လွမ်းတယ်...😁😂

သူငယ်ချင်းတွေကြားထဲ မျက်နှာမငယ်ရအောင် ဖွယ်ဖွယ်ရာရာ
အမေ ပြင်ဆင်ပေးလိုက်တဲ့ 🍜ထမင်းဘူး လေးကိုလွမ်းတယ်...

ကျန်းမာရေး နဲ့ ညီညီ မညီညီ အလုအယက် တိုးဝှေ့ပြီးတော့
ဝယ်စားခဲ့တဲ့ မုန့်စျေးတန်းလေးကို လွမ်းတယ်...🍮🍝🍟

ရတဲ့အချိန် ရသလို ပေတူး ညစ်ပစ်သွားအောင် ကစားခဲ့ကြတဲ့ အခိုက်အတန့်လေးတွေကိုလည်း လွမ်းတယ်....⚽🎾🏀

🕒နာရီ တစ်ကြည့်ကြည့်နဲ့ ဘယ်အချိန်များ တီးမလဲ တီးမလဲ ဆိုတာမျှော်ခဲ့တဲ့ 🔔ကျောင်းဆင်းခေါင်းလောင်းသံလေးလည်း လွမ်းတယ်..

ကလေးဘဝရဲ့ ဒုတိယအိမ်ဖြစ်ခဲ့တဲ့ ကျောင်းကြီးကိုလွမ်းတယ်...

အဲ့ဒီ ဒုတိယအိမ်ရဲ့ မိဘတွေဖြစ်တဲ့ 👨ဆရာနဲ့ ဆရာမ👩 တို့ကိုလည်း လွမ်းတယ်...

အဖြူ စင်ဆုံးစိတ်လေးတွေနဲ့ အရိုးသားဆုံးပေါင်းခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း လွမ်းတယ်....👬

လွမ်းတယ်....လွမ်းတယ်....လွမ်းတယ်.....

ဘယ်တုန်းကမှ သေချာ တန်ဖိုး မထားမိခဲ့တဲ့....
အတိတ် ခပ်လှမ်းလှမ်းမှာ ကျန်နေရစ်ခဲ့တဲ့....
ကျောင်းတက်ကတဲ့အချိန်တွေကို သတိရတယ်.....

badp4t1ps1.jpg

Leave Remember School to:

Read more #myanmar posts


Best Posts From currency appraisal

We have not curated any of magway-minbu's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From currency appraisal