ဒေါသ
image source
လူ့လောကတွင် ကြောက်စရာအကောင်းဆုံးထဲက
တစ်ခုကား ဒေါသပင်ဖြစ်သည်။ဒေါသသည် လူ့စိတ်ကို
အပင်ပန်းစေဆုံးသော လက်နက်တစ်ခုဖြစ်သည်။လူ့စိတ်ကို အမြင့်ဆုံးထိ လွှင့်ပစ်နိုင်သလို ဟိုးအောက်ဆုံးထိ
ဆွဲချ ခေါ်ဆောင်တတ်သူသည်လည်း ဒေါသပင်ဖြစ်၏။
ပုထုဇဉ်လူသားတို့သည် ဒေါသနှင့်မကင်းနိုင်ကြပေ။နေ့
စဉ်နေ့တိုင်း ဒေါသဖြစ်စရာ အနည်း(သို့)အများ သာကွာ
ခြားပြီး ရှိတတ်ကြသည်။
ဒေါသသည် အရှိန်နှင့်သွားတတ်သူဖြစ်သည်။အစ
ပျိုးခဲ့မိရင် အဆုံးစွန်ထိ အရှိန်အဟုန်နှင့်ဆွဲခေါ်တတ်၏။
သူသည် အရာရာကို ဖျက်ဆီးတတ်၏။တွားသွားကလေးငယ်သည် ဒေါသဖြစ်သည့်အခါ သူ့၏ကစားစရာအရုပ်လေးကို ထုချေ ဖျက်ဆီးပစ်သကဲ့သို့ နိုင်ငံအာဏာရှင်
တို့သည် ဒေါသဖြစ်ကြသည့်အခါ နိုင်ငံအချင်းချင်း စစ်ခင်းရင်း ဖျက်ဆီးဖြစ်တတ်ကြသည်။ဒေါသသည်တန်ဖိုးရှိသော အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးတတ်၏။လူ့
ဘဝကို ဖျက်ဆီးနင်းချေတတ်၏။ယုတ်စအဆုံး တန်ဖိုး
ရှိလှသော လူ့အသက်ကိုပင် နှုတ်ယူတတ်လေသည်။
image source
လူ့တို့၏တစ်နေ့တာ မနက်အိပ်ရာထခြင်းမှစတင်၏။
ထိုအချိန်တွင် ဒေါသဖြင့်အစပြုမိခဲ့သော် ထိုနေ့၏
ဖြစ်ပျက်သမျှအရာရာတို့သည် တက်တက်စင် လွဲမှားတတ်လေသည်။ဒေါသဖြင့် အစပြုခဲ့သဖြင့် လုပ်သမျှအရာ
တို့သည် အလွဲလွဲအမှားမှားဖြစ်ကာ ထိုသို့ဖြစ်သည်ကိုပင်တဖန် ဒေါသဖြစ်ရပြန်ပါသည်။ဤသို့ဖြင့်ပင် ဒေါသတစ်ခုပေါ်တစ်ခုဆင့်လျက် မဖြစ်သင့် မဖြစ်ထိုက်သော ဖြစ်
ရပ်များဖြစ်ကြရလေသည်။ဒေါသသည် လောင်မီး အဟုန်နှင့်တောက်လောင်စေနိုင်သလို ဂွမ်းစကို ရှို့ထားသော
မီးကဲ့သို့ တနုံ့နုံ့ တငွေ့ငွေ့ဖြင့်လည်း လောင်စေတတ်၏။အရှိန်အဟုန်နှင့်မီးသည် ပို၍ ပျက်စီးစေသကဲ့သို့
တငွေ့ငွေ့ဖြင့် လောင်သောမီးသည်လည်း အူသည်း
ပျက်မတတ် ခံရခက်လေသည်။ဤကား ဒေါသတည်း။
ကမ္ဘာဦးအစမှသည် ယခု ၂၁ရာစုတိုင်အောင် ဒေါသ
ဖြင့် ကောင်းကျိုးဆောင်ခဲ့သည်ယူ၍ မကြားဖူး၊မမြင်ဖူး၊မရှိခဲ့ဖူးချေ(ရှိခဲ့သည်ဆိုစေကာမူ အလွန့်အလွန်နည်းသောအခြင်းအရာသာဖြစ်လတ္တံ့)။ဒေါသကြောင့် မီးလောင်၏။ဒေါသကြောင့် လူသတ်မိ၏။ဒေါသကြောင့် မလုပ်သင့်သော အလုပ်များလုပ်မိ၏။ဒေါသကြောင့် ဖြစ်သောဆိုးကျိုးများသည် ရေးလျှင်၊ပြောလျှင် ကုန်နိုင်ဖွယ်မရှိပေ။သေချာသည်ကား ဒေါသကြောင့် ကောင်းကျိုးမရှိခြင်းပင်ဖြစ်သည်။
image source
ကမ္ဘာဦးခောတ်သည် ဆင်ခြင်တုံတရား ကင်းမဲ့သော
ကြောင့် လောဘ၊ဒေါသ၊မောဟ တို့ ပြင်းထန်ကြ၏။သို့သော်လည်း ယနေ့ တရားတော် ဓမ္မတော်၊အဆုံးအမ သြဝါဒတို့ဖြင့် ထည်ဝါလာသော ၊တိုးတက်ပြောင်းလဲလာသော ခောတ်တွင်လည်း ထိုလောဘ၊ဒေါသ၊မောဟတို့သည် ကင်းစင်ပပျောက်ခြင်းမရှိဘဲ ပို၍ပို၍သာ ဆိုးရွားလာနေခဲ့ပါသည်။ဗုဒ္ဓတရားတော်နှင့်အညီကျင့်ကြံနေထိုင်သော ပုဂ္ဂိုလ်ထူးများအပ ကျွန်ုပ်တို့လို ပုထိုဇဉ်လူသားများသည် ထိုသံသရာထဲတွင် လုံးထွေးပတ်ချာလည်လျက်ရှိနေကြသည်။တစ်ဦးနှင့်တစ်ဦး မေတ္တာရေဓာတ်တို့သည် ကင်းမဲ့လာကြကာ လောဘကြောင့် တိုက်
ခိုက်ကြကုန်၏။ဒေါသကြောင့် တိုက်ခိုက်ကြကုန်၏။မော
ဟကြောင့် တိုက်ခိုက်ကြကုန်၏။အမှန်တကယ် တွေး
ကြည့်ကြသည့်အခါ ထိုအခြင်းအရာတို့သည် အင်မတန်
ကြောက်စရာကောင်းလှပါသည်။သို့သော်လည်း အင်မတန်ကြောက်စရာကောင်းသည်ကို သိရှိကြပါသော်ငြား
ထိုစက်ကွင်းထဲမှာ လွတ်မြောက်အောင် ရှုန်းမထွက်နိုင်
ကြပေ။အဘယ်ကြောင့်နည်း။တွေးစရာ တစ်ပုံတစ်ပင်နှင့်ဤညသည် အိပ်မပျော်သော ညတစ်ညဖြစ်ချေဦးတော့မည်တကား။
လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252
Leave ဒေါသ to:
Read more #myanmar posts
Best Posts From kyawthuyein
We have not curated any of kyawthuyein's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.