Kolinn avatar

ကျေးဇူးတင်​လွှာ

kolinn

Published: 16 May 2018 › Updated: 16 May 2018​​ကျေးဇူးတင်​လွှာ

ကျေးဇူးတင်​လွှာ

20180516_170021.jpg
Myanmar Steemit မှ ညီအစ်​ကို ​မောင်​နှမများ အားလုံးကို မင်္ဂလာပါလို့ နှုတ်​ခွန်းဆက်​သရင်း ပထမဦးစွာ ဂါရဝပြုပါတယ်​ခင်​ဗျာ...

ဒီ​နေ့က​တော့ ကျ​နော့်​အတွက်​ မ​မျှော်​လင့်​ထားတဲ့ အရာ​တွေကို ကြုံခဲ့ရလို့ ​အရမ်းကို ဝမ်းသာပီတိဖြစ်​မိပါတယ်​ခင်​ဗျာ..

ဒီ​နေ့ ကျ​နော့်​အ​ဖေအတွက်​ ​ငွေပို့​ပေးနိုင်​ဖို့အတွက်​ အလုပ်​မှာ ခွင့်​တစ်​ရက်​ယူပြီး​တော့ ​ငွေရှာပုံ​တော်​ ထွက်​ရပါ​တော့တယ်​၊ အလုပ်ထဲ​မှာ ကျ​နော်​က စက်​ကြည့်​​ပေးရတာ ဖြစ်​တဲ့အတွက်​ ကျ​နော်​မရှိရင်​ မဖြစ်​ပြန်​​တော့ သူ​ဋ္ဌေးက ကျ​နော်​အလုပ်​မဆင်းတာကို သိပ်တော့မကြည်​ဖြူ​ပါဘူး၊ မကြည်​ဖြူလည်း မတတ်​နိုင်​ပါဘူး မိဘထက်​ အ​ရေးကြီးတာ ​လောကမှာ ဘာမှမရှိပါဘူး၊ အလုပ်​ပြုတ်​ခါမှပြုတ်​ ဒီအလုပ်​ပြုတ်​ရင်​ ​နောက်​အလုပ်​တစ်​ခု ရှာလုပ်​မယ်​ဆိုပြီး​တော့ ဆိုင်​ကယ်​တစ်​စီးနဲ့ ​ငွေရှာဖို့အတွက် ​အပြင်​ကို လစ်​ရပါ​တော့တယ်​။

အပြင်​မှာ​က ​နေကလည်းပူ ရင်​ထဲမှာကလည်း ​သောက အပူဗျာပါဒ​ မီး​တွေ​တောက်​​လောင်​နေ​တော့ ကျ​နော့်​မှာ ဆိုင်​ကယ်​​တောင်​ မနည်းထိန်း​မောင်း​ခဲ့ရပါတယ်​။

ဒီလိုနဲ့ အပြင်​မှာ ကြံရင်းဖန်​ရင်း ရလာတဲ့​ငွေများအား ကျနော့်​အ​ဖေအတွက်​ ​ဆေးကုသစရိတ်​​ကို အချိန်​မှီ ​​ပေးပို့ဖို့အတွက်​ နီးရာဘဏ်​ရုံးသို့ ကျ​နော်​ဝင်​ပြီး​တော့ ​ငွေလွှဲရပါ​တော့တယ်​ခင်​ဗျာ

ငွေလွဲပြီးတာနဲ့ ကျေ​နာ့်​အ​ဖေဆီကို ဖုန်းဆက်​​ပြီး​တော့ ကျ​နော်​နဲ့အ​ဖေ စကား​တွေေ​ပြာဖြစ်​ခဲ့ပါတယ်​။

ကျ​နော့်​အ​ဖေ​ပြော​သော စကားများအား ဆက်​နား​ထောင်​ဖို့ ကျ​​နော့်​မှာ အားအင်​မရှိ​တော့ပါဘူး၊ အ​ကြောင်းက​တော့... ကျ​​နော့်​အေ​ဖတွက် ​ခွဲစိတ်ကုသဖို့အတွက်​ ​ဆေးကုသစရိတ်​မှာ အရမ်းကို အကုန်​ကျများလွန်းမှာ ဖြစ်​လို့ပါ၊ ဒီလိုဆိုရင်​ ကျ​နော်​ဒီ​နေ့ပို့လိုက်​တဲ့​ငွေက အ​ဖေ့အတွက်​ ​ဆေးကုသစရိတ်​ ဘယ်​လိုနည်းနဲ့မှ ​လောက်​ငှနိုင်​မှာ မဟုတ်​​တော့ပါဘူး။ ​ငွေဆက်​ရှာဖို့ကလည်း အကြံက အိုက်​​နေပါပြီ ဘယ်​လိုဆက်​လုပ်​ရမလဲဆိုတာကို ​တွေးရင်းနဲ့ပဲ လမ်းမှာ ဆိုင်​ကယ်​ကို ​ဖြေး​ဖြေးချင်း ​မောင်းပြီး​တော့ ကျ​နော်​ ပြန်​လာခဲ့​ပါတော့တယ်​။

ထိုစဉ်​အချိန်​မှာပဲ ကျ​နော့်​ဖုန်းက​နေပြီး​တော့ ဖုန်းစာအိပ်​ဝင်​လာတဲ့ အသံထမြည်​လာပါ​တော့တယ်​။ လမ်း​ဘေးမှာ ဆိုင်​ကယ်​ ခဏရပ်​ပြီး​တော့ ဖုန်းကိုထုတ်​ကြည့်​လိုက်​​တော့ Messenger က​နေ စာအိပ်​ဝင်​လာခြင်းဖြစ်​ပါတယ်​၊ chat box ကို ဖွင့်​ကြည့်​လိုက်​​တော့ ကျ​နော်​တို့ရဲ့ ကိုသက်​thatkozaw@thatkozaw စာပို့လာတာကို ​တွေ့ရပါတယ်​။

အစက​တော့ ကိုသက်​စာပို့လာတာ ဘာမှန်း​တော့ ကျ​နော်​မသိပါဘူး။ ဒါနဲ့ ဖုန်းကို အိပ်​ထဲပြန်​ထည့်​ပြီး​တော့ ဆိုင်​ကယ်​ပြန်​​မောင်းရင်းနဲ့ပဲ ကျ​နော်​အိမ်​ကို တန်းတန်းမက်​မက်​ ပြန်​ခဲ့ပါ​တော့တယ်​။

အိမ်​​ရောက်​လို့ ဖုန်းဖွင့်​ကြည့်​လိုက်​​တော့ ကိုသက်​ စာထပ်​ပို့လာတာကို ​တွေ့ရ​တော့ ကျ​နော့်​မျက်​လုံး​တွေ ပြူးကျယ်​ကုန်​ပါ​တော့တယ်​။ အ​ကြောင်းက​တော့ ကျ​နော့်​အ​ဖေအတွက်​ ​ဆေးကုသစရိတ်​ကို ကိုသက်​က​နေပြီး​တော့ ကျ​နော်​တို့ Myanmar Steemit ညီအစ်​ကို ​မောင်​နှမများထံမှ ကိုသက်​ကိုယ်​တိုင်​ အလှူ​ငွေ​ကောက်​ခံ​ပေးမယ်​ဆို​တဲ့အ​ကြောင်းဖြစ်​ပါတယ်​။ ပထမက​တော့ အလှူ​ငွေ​ကောက်​ခံရမှာကို ကျ​နော့်​အ​နေနဲ့ အရမ်းကို အားနာ​နေမိပါတယ်​၊ ဘာလို့လဲဆို​တော့ Myanmar steemit ညီကို​​မောင်နှမများ ​အားလုံးက spတိုးပွား​အောင်​ စု​​ဆောင်း​နေရတဲ့အချိန်​ ဖြစ်လို့ပါ​၊ ဒါနဲ့ ကိုသက်​က​နေပြီး​တော့ အားနာဖို့ မလို​ကြောင်း၊ Myanmar steemit မှ ညီအစ်​ကို ​မောင်​နှမ​တစ်​​တွေ ဖြစ်​တဲ့အတွက်​ တစ်​ဦးအခက်​ခဲဖြစ်​ရင်​ ဝိုင်းဝန်းကူညီကြမည်​ဖြစ်​​ကြောင်း ကျ​နော့်​အား ​ပြောပါတယ်​။

ဒီအချိန်​မှာ ကျ​နော့်​အတွက်​ ပါးစပ်​မပါတဲ့ ​ငွေဟာ အရမ်းကိုစကား​ပြော​နေပါပြီ၊ ကျ​နော့်​လက်​ထဲ ​ငွေပျက်​​နေတဲ့အချိန်​မှာမှ အ​ဖေဖြစ်​သူက ခွဲစိတ်​ကုသရမယ်​ဆို​တော့ ​ငွေက အရမ်းကို လိုအပ်​​နေပါတယ်​၊ ကျေ​နာ်​လုံးဝကို ထင်​မှတ်​မထားပဲနဲ့ ကိုသက်​က​နေပြီး ကျ​နော့်အား ယခုလို chat box က​နေပြီး လာ​ရောက်​​ပြောပြ​သော စကား ကြားမိ​သောအခါ ကျ​နော်​ အရမ်းကို ဝမ်းသာပီတိဖြစ်​မိပါတယ်​၊ Myanmar steemit ညီကို​မောင်​နှမများရဲ့ ကူညီ​ထောက်​ပံ့​ပေးမယ့်​ အလှူ​ငွေများအား လက်​ခံရရှိ​ခဲ့ပါက​ ကျ​နော့်​အ​ဖေအတွက်​ လက်​တစ်​​လော အ​ခြေ​နေမှာ တစ်​မျိုးဖြစ်​​ကောင်း ဖြစ်​သွားနိုင်​ပါတယ်​။ ဒါ​ကြောင့်​ ကျ​နော့်​အ​နေနဲ့ ကိုသက်​အပါဝင်​ ပါဝင်​ကူညီ လှူ​ဒါန်း​ပေးကြ​သော ညီကို​မောင်​နှမများ အားလုံးကို ပြောပြမတတ်​​အောင်ကို ရင်​ထဲက​နေပြီး လှိုက်​လှိုက်​လှဲလှဲနဲ့ အရမ်းကို ​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ...

ကျေ​နာ့်​အဖေအတွက်​ ​ဆေးကုသစရိတ်​အား ​​ကူညီ​ထောက်​ပံ့​ပေးကြ​သော ညီကို​မောင်​နှမများရဲ့ အလှူ​ငွေ စာရင်းများမှာ ​အောက်​ပါအတိုင်း ဖြစ်​ပါတယ်​ခင်​ဗျာ...

  1. kachinhenry@kachinhenry -------10.000 SBD
  2. steem-myanmar@steem-myanmar --10.000 SBD
  3. domelay@domelay ----------- 5.000 SBD
  4. thatkozaw@thatkozaw -------- 3.000 SBD
  5. donjaun@donjaun ------------ 3.000 SBD
  6. tinhlaingoo@tinhlaingoo ------- 3.000 SBD
  7. koayezaw@koayezaw ---------- 3.000 SBD
  8. pyaesonekhinkhin@pyaesonekhinkhin---- 2.000 SBD
  9. komoezaw@komoezaw ----------- 2.000 SBD
  10. sawlwin@sawlwin -------------- 2.000 SBD
  11. eieikhing@eieikhing ------------ 2.000 SBD
  12. mahaw@mahaw ------------- 2.000 SBD
  13. tunnaingwin@tunnaingwin ------- 1.685 SBD
  14. aunggyi100@aunggyi100 -------- 1.500 SBD
  15. myintlwinsoe@myintlwinsoe ----- 1.460 SBD
  16. uthantzin@uthantzin ----------- 1.000 SBD
  17. theinzawlin@theinzawlin -------- 1.000 SBD
  18. hzerok@hzerok ---------------- 1.000SBD
  19. nyinyiwin@nyinyiwin ------------ 1.000 SBD
  20. mgtoetat@mgtoetat ------------ 1.000 SBD
  21. htinlinaung@htinlinaung --------- 1.000 SBD
  22. gunapeya@gunapeya ----------- 1.000 SBD
  23. htwegyi@htwegyi -------------- 1.000 SBD
  24. yelinn@yelinn ----------------- 1.000 SBD
  25. nannhtike@nannhtike ----------- 1.000 SBD
  26. zinminhtet@zinminhtet ---------- 1.000 SBD
  27. suhlaing@suhlaing ------------- 1.000 SBD
  28. mgmgaung@mgmgaung -------- 1.000 SBD
  29. billionairehein@billionairehein ----- 1.000 SBD
  30. nandasai@nandasai ------------- 1.000 SBD
  31. myothuzar@myothuzar ----------- 1.000 SBD
  32. honeysara@honeysara ------------ 1.000 SBD
  33. saipanpha@saipanpha ------------ 1.000 SBD
  34. aungzawhtwe@aungzawhtwe ------- 1.000 SBD
  35. generalpyone@generalpyone -------- 1.000 SBD
  36. aungtharkyaw@aungtharkyaw ------- 1.000 SBD
  37. soethakhin@soethakhin ------------ 1.000 SBD
  38. tharpauk@tharpauk ---------------- 1.000 SBD
  39. myanmarpyithar@myanmarpyithar ---- 1.200 SBD
  40. masterinnwa@masterinnwa --------- 1.000 SBD
  41. kyawthuyein@kyawthuyein ---------- 1.000 SBD
  42. lwanwai@lwanwai ----------------- 1.000 SBD
  43. kyi@kyi -------------------------- 1.000 SBD
    DQmWMqbjBXvQ3NYbyTHTYwzdUS4Le1MgGoU1AxA9WbFaHvk_1680x8400.jpg
    Myanmmar steemit မှ ညီအစ်​ကို ​မောင်​နှမများ ဝိုင်းဝန်းကူညီ လှူဒါန်း​ပေးကြ​သော ရရှိ​ငွေမှာ စုစု​ပေါင်း (86.585 SBD) ဖြစ်​ပါတယ်​၊ လှူဒါန်းေ​​​ပးကြခြင်းအတွက်​ အထူးပင်​ ​ကျေးဇူးတင်​ရှိပါတယ်​ခင်​ဗျာ..။

MSC 160
Author kolinn@kolinn

Leave ​​ကျေးဇူးတင်​လွှာ to:

Written by

Read more #myanmar posts


Best Posts From Kolinn

We have not curated any of kolinn's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Kolinn