Khinzawlatt avatar

မာရ်နတ်

khinzawlatt

Published: 06 Nov 2021 › Updated: 06 Nov 2021မာရ်နတ်

မာရ်နတ်

ဘုရားဖြစ်မယ့် ညမှာလည်း မာရ်နတ်ရောက်လာပြန်ပါတယ်။
မာရ်နတ်ဟာ ဂီရိ မေခလာဆင်ကိုစီးပြီး လက်ရုံးတစ်ထောင်ဖန်ဆင်းကာ အလောင်းတော် ဗောဓိသတ်ကို နှောင့်ယှက်ပါတယ် ။
အလောင်းတော်က အသက်မဲ့မြေကြီးကိုသစ္စာတိုင် တည်တော့ မာရ်နတ်ရှုံးတယ်။

လက်တစ်ဖက်မှာကိုင်ထားတဲ့ သူပိုင်တဲ့ ဗေလု၀ နတ်စောင်း လွတ်ကျပါတယ်
သိကြားမင်းက ခံယူပြီး ပဉ္စသီင်္ခက နတ်သားကိုပေးခဲ့တယ်လို့ သိရပါတယ်။

သဗ္ဗညုတဉာဏ်တော်ကို ရတဲ့အခါမှာ မာရ်နတ်ဟာ မြေပေါ်မှာ အစင်းကြောင်းတွေခြစ်ပြီးစိတ်ပျက်လက်ပျက်နဲ့ ရဟန်းဂေါတမ ကျင့်တဲ့ ပါရမီအကျင့်တွေ မကျင့် ခဲ့လို့ ငါသူ့လို ဘုရားမဖြစ်တာလို့ ညည်းညူပါတယ်။

ဒါကို မြင်တဲ့ သမီးသုံးပါးက မခံနိုင်ဖြစ်ပြီး အသက်ငယ်ငယ်၊ အသက်လတ်လတ်၊ အသက်ကြီးကြီး မိန်းမလှသုံးယောက်လို ဖန်ဆင်းလို့ မြူဆွယ်ခဲ့ပါတယ်။ ရှုံးပါတယ်။

ဘုရားဖြစ်ပြီးတော့လည်း သင်လိုချင်တဲ့ သဗ္ဗညုတဉာဏ်ရပြီ မဟုတ္လား တော်ပြီလေ တရားမဟောနဲ့နော်လို့ တားပါသေးတယ်။
ဘုရားရှင်က တရားလိုက်ဟောနေတော့လည်း ဘုရားရှင်ကို မြန်မြန်ပရိနိဗ္ဗာန်ပြုဘို့ ခနခန နားပူ နားဆာလုပ် တောင်းပန်ပါတယ်။
တစ်ကယ်ဆိုးတဲ့မာရ်နတ်ကြီးပါပဲ

Leave မာရ်နတ် to:

Written by

thanylin

Read more #archon posts


Best Posts From Khinzawlatt

We have not curated any of khinzawlatt's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Khinzawlatt