Khinzawlatt avatar

မာနတ် အကြောင်း

khinzawlatt

Published: 01 Nov 2021 › Updated: 01 Nov 2021မာနတ် အကြောင်း

မာနတ် အကြောင်း

Screenshot_2021-11-01-20-19-37-1.png
credit facebook photo

ညီလေး ညီမလေးတို့ရေ
ဒီတစ်ခါတော့ ညီလေးတစ်ယောက်မေးတာလေး
ဘာသာခြားတွေရဲ့အမေးတွေဖြစ်တဲ့ မာန်နတ်အကြောင်းကို ... ဖြေပေးလိုက်ပါတယ်။
သူတို့မေးတာက ...

( ၁ ) အမနူးရေ ... မာန်နတ် ရဲ. အကြောင်း လေး တင်ပေးပါလား။ တရားတွေ ဟောရင်လည်း သူ. အကြောင်း နဲတယ်သေသေချာချာ လေး ဖတ်ကြည့်ချင်လိုစေချင်လို ငရဲ ဘာလို.မကျသေးတာလဲ
ကျွန်တော်တို. သိထားတာက သူက ဘုရား ကို စစ်တပ်တွေ နဲ. တိုက်ပြီး ခြိမ်းခြောက်တာ လို. သိထားတာ

( ၂ ) မာန္နတ္ဆိုတာ နတ်ပြည် ( ၆ ) ထပ်မှာ အမြင့်ဆုံးဖြစ်တဲ့ ဝဿဝတ္တီ နတ်ပြည်က နတ်မင်းကြီးဆိုရင် သူဟာ ဘယ်ကုသိုလ်တွေကြောင့် အကောင်းဆုံးဘုံကိုရောက်ပြီး ... လောကမှာ အဆိုးဆုံး အလုပ်တွေကို လုပ်နေရတာလဲ ...

( ၂ ) မာရ်နတ်ကြီးဟာ နတ်ပြည်ခြောက်ထပ်ရဲ့ အပေါ်ဆုံးအထပ်က နတ်အကြီးအမှူးဖြစ်တဲ့အတွက် တာဝတိသာက သိကြားမင်းထက် တန္ခိုးအရာမွာ သာလွန်လိမ့်မယ်လို့တော့ တွေးမိပါတယ်။ မာရ်နတ်မင်း ဖျက်ဆီးတာတွေကို သိကြားနတ်အပါအဝင် လောကပါလ နတ်မင်းကြီးလေးပါး တို့တောင် မတားဆီး နိုင်ဘူးပေါ့ ဒါဆို ဒီလိုမကောင်းတာလုပ်တဲ့နတ်ဆိုးဟာ နတ်အားလုံးရဲ့အကြီးအမှူးဖြစ်နိုင်တယ်ဆိုရင် ဘုရားဟောတွေနဲ့ သွေဖည်မနေဘူးလား ..

မာရ်နတ်အကြောင်းမပြောခင် မာရ္ဆိုတဲ့ စကားရဲ့အဓိပါယ်လေးကိုပြောပြပါရစေ ... မာရ်ဆိုသည်မှာ ဖျက်ဆီးခြင်း၊ ညှဉ်းဆဲခြင်း၊ နှောင့်ယှက်ခြင်း၊ တားဆီးခြင်း မကောင်းမှုကို လှုံ့ဆော်ခြင်း စတဲ့ သေဘာရွိတဲ့ အရာမ်ားကို ဆိုလိုပါတယ်။

ကျမတို့ ဗုဒ္ဓသာသနာတော်အယူအရ ... မာရ် ( ၅ ) ပါးရှိပါတယ် ....

မြတ်စွာဘုရားများအောင်မြင်တော်မူတဲ့ မာရ်(၅)ပါး ပါ ...။

၁။ ဒေ၀ပုတ္တမာရ် ((ဒါကေတာ့ အားလုံးသိချင်တဲ့ သက်ရှိ မာန်နတ်ပေါ့ ))
၂။ ကိလေသမာရ် ((ကိလေသာ ၁၀ - ပါး အျပား အပါး ၁၅၀၀ ကိုကိလေသာမာရ် လို့ခေါ်တာပါ))
၃။ အဘိသင်္ခါရမာရ် ((ဘ၀သစ်ဖြစ်ရန်စီမံပေးတဲ့ လောကီ ကုသိုလ်၊ အကုသိုလ္ကံမ်ား )))
၄။ မစ္စုမာရ် သေခြင်းတရား။
၅။ခန္ဓမာရ် ((ရဟန္တာမဖြစ်မီ အတွင်းကာလမှာ အဘိသင်္ခါရကံတို့ရဲ့ စီမံချက်အရ ဘ၀သစ်ဖြစ်ရလတ္တံ့သော ခန္ဓာငါးပါးတို့ကို ခန္ဓမာရ်ဟု ခေါ်တာပါ ))
.
မာရ် ( ၅ ) ပါးထဲက .... ကိလေသမရ်၊ အဘိသင်္ခါရမာရ်၊ ခန္ဓမာမာရ်၊ မစ္စုမာရ်၊ ဆိုတဲ့ မာရ် ( ၄ ) ပါးက လောဘဒေါသမောဟရဲ့ ကို်ယ်ပွားတွေပါ ......
.
ဒေ၀ပုတ္တမာရ် တစ်ခုတည်းကသာ တစ်ခုတည်းသော သက်ရှိ မာရ် ဖြစ်ပါတယ် နတ်ဆိုးတစ်ပါးပါ ။ ကျန်သော မာရ်တို့မှာ သက်မဲ့ မာရ်များသာဖြစ်ပါတယ်။
ရဟန်းဖြစ်ဖြစ်၊ လူဖြစ်ဖြစ် တစ်စုံတစ်ယောက် သံသရာမှလွတ်မြောက်ကြောင်း ကျင့်ကြံနေပြီဆိုလျှင် ကာမဂုဏ်မျိုးစုံက နှောက်ယှက် တတ်ပါတယ် ... ဒါကိုမာရ်နတ် နှောင့်ယှက်တယ်လို့ ခေါ်ပါတယ်။
.မာရ် ( ၅ ) ပါးလုံးဟာ အဆုံးသတ်မှာ မတည်မြဲသော သေခြင်း၏ အကြောင်းတရားများသာ ဖြစ်ပတယ် ...။

ပြန်လည်ပြီ မျှဝေးပါတယ်
ဆက်ရန်ရှိသေပါတယ်နော်

Leave မာနတ် အကြောင်း to:

Written by

thanylin

Read more #ecency posts


Best Posts From Khinzawlatt

We have not curated any of khinzawlatt's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Khinzawlatt