အနေအထား မြွေနဲ့ဖားပဲ
ဟုတ်ပါသည် သူသေကိုယ်ကြေတိုက်ခိုက်ရတဲ့ဘဝမှာ
ကိုယ်ကအကောင်သေးသေးဘဝကိုပိုင်ဆိုင်ရတဲ့အချိန်
မလိုချင်ပေမဲ့ မတတ်နိုင်တဲ့ဘဝ ငြင်းဆန်လို့မရတော့တဲ့
အဖြစ်မျိုးမှာ ဘယ်အရာကိုတွယ်တာကာ ကာကွယ်
နေလို့ရအုံးမှာလဲ မိမိအဖြစ်ကိုမိမိပြန်လည်မြင်ယောင်
မိပါသည်အခြေနေတွေမဟန်တော့တဲ့ကိုယ့်ဘက်မှာ
နိမ့်ကျဆုံးရှုံးသွားတဲ့အချိန်ဘဝမျိုးမှာ ဘယ်အရာဟာ
ဘယ်လိုများကိုယ်တိုင်ဆုပ်ကိုင်ထားနိုင်အုံးမှာလဲ ကို့ရဲ့
ချစ်လှပါတယ်ဆိုသော ချစ်သူကတောင် ကိုယ့်ဘက်
တွင်မပါဝင်တော့ဘူး ကိုယ့်ကိုအထီးကျန်စွန့်ပစ်ဖို့သူ့ကြိုး
စားလေတော့သည် မိမိကားဘယ်လိုအခြေနေမျိုးမှာ
ဘယ်ပုံကြိုးစားရုန်းကန်နိုင်အုံးမှာလဲ အားဆေးတစ်ခွက်
မဟုတ်ခဲ့ဘူး အဆိပ်တစ်ခွက်သာ မိမိကိုယ်ကိုဆင်ခြင်
မိပါသေးသည် သူသာမိမိကိုယ်တစ်ကယ်မချစ်ကြောင်း
မိမိသိခဲ့သည် မိမိကိုတစ်ကယ်ချစ်ရင်မိမိဘက်မှာ
အမြဲရပ်တည်ပေးမည်မဟုတ်ပါလား ယခုလိုဆိုလျင်မူ
မိမိခံစားရသည်သာ မိမိအဖြစ်ပဲရှိသည် သူလုံးဝမသိပေ
ကိုယ့်အတွက်သာလျင်ကိုယ်ကြိုးစားဖို့သာရှိပေတာ့သည်
ထိုသို့မဟုတ်ပါက မိမိသာလျင် အကျိုးနည်းဖွယ်ရာရှိ
ပေတော့မည်ကို မိမိသိပြီးသာလျင်ဖြစ်တော့၏..။
အနေအထား မြွေနဲ့ဖားပဲ
Writer@julybrave
Photo at google.com
Leave အနအေထား မွှနေဲ့ဖားပဲ to:
Read more #busy posts
Best Posts From julybrave
We have not curated any of julybrave's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.