John Dieo avatar

Dcity Stort #5 ( Student debt card )

johndieo

Published: 23 Aug 2022 › Updated: 23 Aug 2022Dcity Stort #5 ( Student debt card )

Dcity Stort #5 ( Student debt card )

#dcity game သည် HIVE Platform ပေါ်တွင် အခြေခံထားသည့် Game တစ်ခုဖြစ်ပါတယ်။ ကစားသူများသည် Game အတွင်းရှိ နိုင်ငံသား ကဒ်များ၊ နည်းပညာ ကဒ်များ၊ Support ကဒ်များ နှင့် Prevent card များကို မိမိစိတ်ကြိုက် ရွေးချယ်ပြီး မြို့တစ်ခု အဖြစ် တည်ဆောက် ဆော့ကစားနိုင်သော Game တစ်ခု ဖြစ်ပါတယ်။ #dcity game တွင် ရရှိနိုင်သော Reward လေးခုရှိပါတယ်။ ၎င်းတို့မှာ SIM daily Income ( card income နှင့် War Share )၊ SIM Holding Income ( SIM 9000 နှင့် အထက်ကို တစ်လကျော် Hold လုပ်ထားခြင်းအတွက် ရရှိသည့် Income၊ Ranking Income ( #dcity တွင် Rank 5 ခု ရှိပြီး Top 400 ထဲ ရောက်ရှိသည်နှင့် Daily HIVE income ရရှိပါတယ် )၊ Card အသစ်များ တို့ ဖြစ်ပါတယ်။ ၎င်း Reward များသည် ကျွန်တော်တို့တွင် ရှိပြီးသော Card များကို Base လုက်ပြီး ရရှိတာမို့ ကျွန်တော်တို့၏ ကစားနည်း ဗျူဟာများမှာ အရေးကြီးပါတယ်။

ကျွန်တော် ဒီနေ့ ပြောပြပေးမှာကတော့ Student ( Debt ) Card များအကြောင်း ဖြစ်ပါတယ်

ကျွန်တော် #dcity game ကို စတင် ဆော့တုံးက ဆိုလျှင် Student ( debt ) card များ ဘယ်က ရသလဲဆိုသည့် အတွေးများ ရှိခဲ့ပါတယ်။ ကျွန်တော် ကိုယ်တိုင် လေ့လာမှု အားနည်း သောကြောင့်လည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ #dcity gmae ကို စတင်ဆော့မည့် သူများအတွက် student ( debt ) card များ အကြောင်းကို ကျွန်တော် နားလည်သလောက် ရှင်းပြပေး ချင်ပါတယ်။

အရင်ဆုံး လက်တွေ့ ဘဝနှင့် ယှဥ်ကြည့် ရအောင်ပါ။ နိုင်ငံအများစုမှ ကျောင်းသားများသည် ကျောင်းဆက်တက်ဖို့ရန် Student Loan ကို ရယူ ကြပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း Student loan ရယူလို့ ရသည့် Bank တစ်ချို့ ရှိခဲ့ပါတယ်။

ဒီတော့ ကျောင်းသားများ ပညာသင်ကြားရေး ကာလ ပြီးသွားသည့်အခါတွင် အရစ်ကြ စနစ်ဖြင့် ချေးငွေကို ပြန်လည် ပေးဆပ် ကြရပါတယ်။ Student ( debt ) card များသည် ယခု ကဲ့သို့ ဖြစ်ပါတယ်။ Student ( debt ) card များကို Pay Debt ( 50 SIM ) ပေးပြီးမှ သာ Full Life ကို ရရှိမှာ ဖြစ်ပါတယ်။ Student ( debt ) card ကို Pay Debt လုပ်လျှင် ရရှိလာနိုင်သည့် Card များ အကြောင်းကို မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။

Student card များမှ Student ( debt ) card များ ရရှိလာခြင်းဖြစ်ပါတယ်။ Student Training ပြီးမြောက်စေရန် University Campuses များက ကူညီပေးပါတယ်။

ကျွန်တော် ဒီနေ့မျှဝေ ပေးချင်တာကတော့ ဒီလောက်ပါဘဲ။ နောက်ရက်တွေမှာ တစ်ခြား အရာများ မျှဝေပေးချင်ပါ သေးတယ်။

johndieo@johndieo
16.8.2022

Leave Dcity Stort #5 ( Student debt card ) to:

Written by

I am new face here. I need your support

Read more #hive-122133 posts


Best Posts From John Dieo

We have not curated any of johndieo's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From John Dieo