Jhon Jhon avatar

Bitcoin Information Myanmar Language

jhonnight

Published: 23 Jul 2017 › Updated: 23 Jul 2017Bitcoin Information Myanmar Language

Bitcoin Information Myanmar Language

FB_IMG_1500782107354.jpg
သိစေချင်ကြောင်း ကျွန်တော်ပြောသည့် Bitcoinအကြောင်း


{Q-> BTC ကို ဘယ် နိုင်ငံ ဘယ်အစိုးရက အာမခံပါသလည်း...
ဘယ်ကုမ္ပဏီ တွေက အာမခံပါသလည်း..

ဥပမာ.. US ဒေါ်လာကို အမေရိကန် နိုင်ငံ အမေရိကန် အစိုးရ အမေရိကန် ဘဏ်တွေက အာမခံ ပါတယ်.. သူတို့ အာမ မခံတာ နဲ့ ဒေါ်လာဟာ စက္ကူ တရွက်သာသာ တန်ဖိုးဘဲ ရှိပါလိမ့်မယ်...

ခုပြောပြော နေကြတဲ့ btc ဆိုတာတွေက ရော... ဘယ်လို အာမခံ ရှိပါသလည်း..အချိန်တန်ရင် လျှင်သူစား အသူ ခံ ဆိုတဲ့ ငွေးကြေး စနစ်လား...}

ဒီလိုမေးခွန်းတွေ ကျွန်တော်ကို အမေးခံရပေါင်းမနည်းလှပါဘူး။ တစ်ယောက်ချင်းကို ပြန်မဖြေပေးနိုင်လို့ Post တစ်ခုအဖြစ်တင်ပေးလိုက်ပါတယ်။ ဒီ Post ကို ရေးရခြင်း၏ အဓိက ရည်ရွယ်ချက်က Bitcoin အကြောင်း အနည်းငယ် သိရှိစေရန်ဖြစ်ပါသည်။ အပြောလေး နည်းနည်းလျော့ပြီး Bitcoin ဆိုတာဘာလဲ အရင်လေ့လာကြည့်ရအောင်~~~~~~

Bitcoin ဆိုသည်မှာ နိုင်ငံတကာ၌ Online ငွေပေးချေမှုတွင်သာမဟုတ်ဘဲ သရေစာဝယ်ရင်တောင် သုံးစွဲသည့်ငွေကြေးတစ်ခုဖြစ်ပါသည်။ *Bitcoin ကို မည်သည့်အစိုးရ/ အဖွဲ့အစည်း/ မည်သူ တစ်ဦးတစ်ယောက်မှ ပိုင်ဆိုင်သည် အရာတစ်ခုမဟုတ်ပါဘူး။ နည်းစနစ်ကျလုပ်ဆာင်ထားသည့် သင်္ချာပညာရပ်နှင့် Coding နည်းပညာတို့ဖြင့် တည်ထောင်ထားသည့် Open Source တစ်ခုဖြစ်ပါသည်။ Bitcoin ၏ Software code များကို လူအများအလွယ်တကူ ဝင်ရောက်/ကြည့်ရှူ/ကူးယူနိုင်ပါသည်။

FB_IMG_1500782079063.jpg
BTC ၏ အလုပ် လုပ်ပုံ


BTC ကို ငွေကြေးအဖြစ်သုံးစွဲလာသည့် အတွက် ရောင်းချသူ/ဝယ်ယူသူများ အပြင် Mining ပြုလုပ်သူများပါ ပါဝင်လာကြသည်။ ရောင်းချသူ/ဝယ်ယူသူကတော့ ရှင်းပင်မဲ့ Mining ပြုလုပ်သူနေရာမှာ အနည်းငယ်အဓိပ္ပာယ်လွဲမှားနေကြသည့် အတွက် Mining ပိုင်းကို ရှင်းပြပေးပါရစေ။

Mining အကြောင်း

BTC ကို ရောင်းချ/ဝယ်ယူရာတွင် သက်ဆိုင်ရာ Address များကို အသုံးပြုကြရပါသည်။ ယေဘုယျအားဖြင့် Address အသုံးပြုရာကနေ Mining ပေါ်ပေါက်လာပါသည်( ဒီ System ကို Coding စရေး ကတည်းက ချမှတ်ထားတာပါ)။ ကျွန်တော်တို့ Wellet တစ်ခုမှ တစ်ခြား Address တစ်ခုသို့ ငွေလွဲပြောင်းရာတွင် Fee ဆိုတာ ပေးရပါတယ်။ ဒါကို Network processing fee လို့ခေါ်ဆိုနိုင်ပါတယ်။ ဘာကြောင့် Network process fee ပေးရတာလဲ? ကျွန်တော်တို့ လွဲလိုက်သည့် Address သည် အရင်ဆုံး Miner များ၏ Network ထဲရောက်ရှိပါသည်။ Miner Network မှ Block ထဲရောက်ရှိပြီး ငွေလက်ခံမည့်သူ၏ Wellet ထဲ ရောက်ပါသည်( ဒီရှင်းလင်းချက်သည် ယေဘုယျ အရမ်းဆန်ပါသည်)။ ပုံ(၂)တွင် လေ့လာနိုင်ပါသည်။

ဒီနေရာမှာ Miner တွေ ဘာလို့သုံးတာလဲ ?
မြောက်များစွာသော address တွေကို မှန်ကန်သည် Wellet ထဲကို ရောက်အောင်ပေးပို့ချင်လို့ဖြစ်ပါသည်။ ကျွန်တော်တို့ BTC လက်ခံရရှိပြီးဆိုလျှင် 1/3 confirmation ဆိုတာ တွေ့ရတက်ပါတယ်။ ဒီလိုဖြစ်ဖို့ ဒီလို Minier တွေသုံးတာပါ။ Mining တွေက ရော့အင့်ဆိုပြီး BTC တွေအလိုလိုနေရင်း ရနေတာမဟုတ်ပါဘူး။ Mining စက်တွေများ ရောင်းအားကောင်းသည့် စက်များမှာ ( Antminer s9,s7, AntRouter R1) တို့ကတော့ နာမည်ကြီးပါတယ်။ ဒီလိုစက်ပစ္စည်းတွေကို အများကြီးဝယ်ပြီး Mining လုပ်နေသည် ကုမ္ပဏီများလည်းရှိပါသည်( Hashflare,GM ) စသည်တို့ဖြစ်ပါတယ်။

အရာရာတိုင်းမှာ အားနည်းချက်/အားသာချက် ဆိုသည်မှ ရှိကြစမြဲဖြစ်ပါသည်။ အသုံးပြုသူများအတွက် အားသာချက်/အားနည်းချက်များမှာ

အားသာချက်
(၁) အလွယ်တကူ ငွေပေးချေ၍ ရရှိခြင်း
(၂) မိမိ ကုန်ပစ္စည်းများ ရောင်းချ/ဝယ်ယူရာတွင် လျှင်မြန်မှုရှိခြင်း
(၃) ကုန်ပစ္စည်းများ ဝယ်လိုအား တိုးတက်လာခြင်း
(၄) နိုင်ငံတကာ ငွေပေးချေမှုများအတွက် ဝန်ဆောင်ခ(Fee) သက်သာခြင်း
(၅) အစိုးရ၏ ထိန်းချုပ်မှု မရှိခြင်း
(၆) မည်သူ တစ်ဦးတစ်ယောက်မှ BTC ကို ထိန်းချုပ်နိုင်စွမ်းမရှိခြင်း။

အားနည်းချက်

(၁)မိမိ လွှဲပြောင်းငွေများအတွက် Refund မရှိခြင်း
(၂) ငွေမည်းများ ရောက်ရှိနိုင်ခြင်း
(၃) မိမိလိမ်လည်ခံရလျှင် လိမ်လည်သူ၏ Info များ မသိရှိနိုင်ခြင်း
(၄) ဈေးအတက်/အကျ မြန်ခြင်း
(၅) **မြန်မာနိုင်ငံအတွက် နည်းပညာ နောက်ကျနေသေးသည့်အတွက် အလွန် Risk ကြီးခြင်း

အကြံပြုချက်

ဒီအကြံပြုချက်သည် မြန်မာနိုင်ငံသားများအတွက်သာဖြစ်ပါသည်။ Bitcoin ကို ၂၀၀၉ လောက်မှာ စတင်ခဲ့ပင်မဲ့ ကျွန်တော်တို့နိုင်ငံမှာ ၂၀၁၂-၂၀၁၃ လောက်မှ သာ စတင်အသုံးပြုကြခဲ့ပါတယ်။ အဲအချိန်မှာ Bitcoin ဈေးမှာ ကျွန်တော်တို့ လက်လှမ်းနိုင်ဖို့ အတော်ခက်ခဲသွားပါသည်။ ခုအချိန်မှာ ဆိုရင် လွန်စွာဝေးကွာနေပါပြီ။

ဒါအပြင် Bitcoin သည် နိုင်ငံတကာ၌ လက်ခံကျင့်သုံးနေကြပင်မဲ့ မြန်မာနိုင်ငံမှာတော့ Cryptocurrency law ဆိုတာရှိနေပြန်ပါတယ်။ ယခုလက်ရှိအချိန်အထိ ဥပဒေကြောင်းအရ အရေးယူခြင်းမရှိသေးပင်မဲ့ သတိထားရမည့် ကိစ္စမှာတော့ရှိပါသည်( သူအရပ်နှင့် သူဇာတ် ဆိုတာရှိပါတယ်)။ ဒီဥပဒေအရ Cryptocurrency ကို အတော်လေး ဖိနှိပ်ထားပြီး ပြင်ဆင်စရာတွေများစွာလည်းရှိနေပြန်ပါတယ်။ ရှိစေတော့ ကျွန်တော်က ဥပဒေကို နားမလည်းတော့ အကြံပြုချက်ဆက်သွားရအောင်

*သာမာန်ပြည်သူတွေအတွက် Bitcoin သည် မရင်းနှီးသင့်ပါဘူး
*ငွေကြေး အတက်/အကျရှိနေသောကြောင့် ဖြစ်ပါသည်။ (ခက်တာက ဒီနိုင်ငံမှာ Exchanger မဟုတ်ဘဲ 10BTC ကိုင်ထားတဲ့သူ မရှိသလောက်ပါပဲ)
*စီးပွားရေး လုပ်ငန်းတစ်ခုလုပ်မည်ဆိုလျှင် ကိုယ်တိုင် နားလည်အောင်အရင်လုပ်ပါ။
*ကျဆုံးခဲ့လျှင် သင်ခန်းစာ ယူတက်အောင်လုပ်ပါ။
*လူလိမ်မခံရအောင် လုပ်ပါ
( ဥပမာ- Online shop တစ်ခုက ပစ္စည်းတစ်ခုကို ဝယ်ယူလျှင်များသော အားဖြင့် Bank ကနေ ငွေပေးချေရပါတယ်။ မိမိက Bank ကနေ ငွေပေးချေပြီး ပစ္စည်းရောင်းချသူက ပစ္စည်းမပို့ပေးလျှင် Bank ကို လိမ်တယ်ပြောမလား? ပစ္စည်းရောင်းချသူကိုလိမ်တယ်ပြောမလား? ဒီလိုဘဲ ဆေးခြောက်ဝယ်ယူသူက bank ကနေ ငွေချေပြီး ဆေးခြောက်ဝယ်ယူတယ်ဆိုလျှင် bank က ဆေးခြောက်ရောင်းတယ်ဆိုတာဖြစ်မလား။ ဒါက တစ်ဦးတစ်ယောက်ချင်းရဲ့ သုံးစွဲသည့်တန်ဖိုးပေါ်မူတည်ပါတယ်။ Bank ကတော့ ငွေလက်ခံသူ၏ Info တွေရရှိမှာဖြစ်ပြီး။ BTC ကတော့ Address နဲ့ဆို ဘာInfo မှ ကျန်မှာမဟုတိပါဘူး။ ဒါကြောင့် BTC က Risk ကြီးတာပါ)
*ဒီနိုင်ငံက law ကိုလည်း သတိထားပါ

ထပ်ဆင့်အကြံပြုချက်- ဘယ်သူတွေ ဘယ်လောက် Bitcoin ကို ဖိနှိပ်နေပါစေ သိထားရမှာက Bitcion သည့် အမှီအခိုကင်း၍ လွှတ်လပ်သော ငွေကြေးယူနစ်ဖြစ်ပါသည်။ မည့်သည့်အစိုးရ/မည်သည့် လူများမှ Bitcoin ကို ထိန်းချုပ် မရသလို Bitcoinသည် ဒီထက်မကအာင်မြင်လာပြီး လူသုံးတွင်ကျယ်လာမည်သာ ဖြစ်ပါတော့သည်။
#dpakyaw
( ယခု Post သည် ကျွန်တော်လေ့လာမိသမျှ ပြန်လည်ရေးသားဖော်ပြခြင်းသာဖြစ်ပြီး မည်သည့်တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုစိတ်မရှိပါဘူး။ ရေးသားမှုတွင် လိုအပ်ချက်များရှိပါက ထောက်ပြနိုင်ပြီး ကျွန်တော်ကြောင့် Bitcoin လေ့လာသူတွေ အသိတစ်ခုတိုးလျှင် ကျွန်တော်များစွာ ကျေနပ်လှပါသည်)
FB_IMG_1500782100552.jpg

ဒီ ပကျော်
Money Exchange Service

Leave Bitcoin Information Myanmar Language to:

Written by

ဒီ​နေ့ ကြိုးစားရုန်း​​ကန်​ခြင်းက မနက်​ဖြန်​အတွက်​ လိုအပ်​တဲ့ ခွန်​အား​တွေဖြစ်​​စေတယ်

Read more #mmgroup posts


Best Posts From Jhon Jhon

We have not curated any of jhonnight's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Jhon Jhon