pooltogether lottery
Pooltogether Lottery မှာ ဘယ်လို ပါဝင်ကစားမလဲ
*Pooltogether ဆိုတာ ဘာလဲ *
Pooltogether ဆိုတာ Blockchain နည်းပညာနဲ့ ဖန်တီးထားတဲ့ ပိုက်ဆံအကုန်ခံ ထိုးစရာ မလိုတဲ့ ထီပါ။ တစ်ပတ်ကို တစ်ကြိမ် ကံစမ်းနိုင်ပါတယ်။ ကစားသူတွေက သူတို့မှာရှိတဲ့ ဈေးအတက်အကျ မရှိနိုင်တဲ့ Coinတွေဖြစ်တဲ့ DAI ဒါမှမဟုတ် USDC တွေကို ထီလက်မှတ်တွေ ဝယ်ပြီး စုပေးထားရပါတယ်။ ဒီလို လူအများက စုထားတဲ့ Coin တွေက Compound လိုခေါ်တဲ့ ငွေချေး Protocol ကနေ အတိုးတွေ ရနေပါတယ်။ ဒီလို ရလာတဲ့ အတိုးကို ထီလက်မှတ် ဝယ်ထားသူ ပိုင်ရှင် တစ်ဦးကိုသာ ကျပန်းစနစ်နဲ့ ရွေးချယ်ပြီး တစ်ပတ်ကို တစ်ကြိမ် ဆုငွေအဖြစ် ထုတ်ပေးပါတယ်။
DAI နဲ့ USDC ဆိုတာတော့ သိပြီးသားနေမှာပါ။ အမေရိကန် တစ်ဒေါ်လာနဲ့ ဈေးအမြဲ တူညီအောင် လုပ်ထားတဲ့ Stablecoin ဖြစ်ပါတယ်။ DAI Pool မှာ စုရင် တစ် DAI ကို ထီလက်မှတ် တစ်ခု ရပါတယ်။ USDC Pool လည်း ဒီလိုပါပဲ။ ထီ မကစားချင်တော့ဘူးဆိုရင် အချိန်မရွေး ပြန်ထုတ်လို့ ရပါတယ်။ Pool ထဲမှာ စုထားသမျှ ကာလပတ်လုံး သင့်မှာ ထီပေါက်နိုင်ဖို့ အခွင့်အလမ်း ရှိနေမှာပါ။
*Pooltogether မှာ ဘယ်လို ပါဝင်ကစားမလဲ။ *
မကစားခင် သင့်မှာ စုဖို့ DAI သို့မဟုတ် USDC စုချင်သလောက် ပမာဏ ရှိထားရပါမယ်။ ပြီးတော့ Pooltogether က Ethereum Platform မှာ ရှိတာဖြစ်တဲ့အတွက် Ethereum Gas Fees တစ်နည်းဆိုရသော် Transaction Fees ငွေပေးချေခ ပေးရန် Ethereum အနည်းငယ် လိုအပ်ပါမယ်။ ယခင်က Ethereum ငွေပေးချေခတွေက မတရားဈေးကြီးလို့ ဒီလို Smart Contract Transaction မျိုးဆိုရင် ငွေပေးချေခ ဒေါ်လာ တစ်ရာ နှစ်ရာ လောက်အထိ ကျခဲ့ပါတယ်။ အခုတော့ Ethereum 2.0 ပြီးလို့ ၁၀ ဒေါ်လာ ၂၀ ဒေါ်လာ လောက်ပဲ ကျတော့မယ် ထင်ပါတယ်။ ဒါက ငွေပေးချေခ သက်သက်ပါ။ Ethereum အနေနဲ့ ကုန်ကျမှာပါ။ စုမယ့် DAI သို့မဟုတ် USDC က ကိုယ်စုချင်သလောက် ရှိထားရမှာပါ။
ဒါတွေ ရှိပြီ ဆိုရင်တော့ သင့်ရဲ့ Web3 Wallet တွေဖြစ်တဲ့ Trust Wallet, Token Pocket, Metamask စတဲ့ Wallet ကို Pooltogether.com နဲ့ ချိတ်ဆက်လိုက်ပါ။
DAI သို့မဟုတ် USDC သင့်စုချင်တာရွေးပြီး Deposit သို့မဟုတ် Purchase Ticket ကို ရွေးပါ။ စုချင်တဲ့ ပမာဏကို ရိုက်ထည့်ပြီး Buy Ticket ကို နှိပ်ပါ။ ထီလက်မှတ် Ticket များများ ဝယ်လေ ထီပေါက်နိုင်ချေ များလေ ဖြစ်ပါတယ်။ ဒါပေမယ့် ပေါက်မယ် အသေအချာတော့ မဟုတ်ပါဘူး။
ကိုယ်စုမယ့် DAI သို့မဟုတ် USDC ကို Wallet က မှတ်မိအောင် Allow သို့မဟုတ် Approve လုပ်ပေးရပါမယ်။ ဒါကလည်း Eth Gas Fees အနည်းအကျဥ်း ကုန်ကျပါမယ်။ ဒီ Transaction ကို Confirm ဖြစ်အောင်စောင့်ပြီးရင် Complete Purchase ကို ဆက်နှိပ်ပါမယ်။ ဒီ Transaction ကတော့ စောစောက ပြောသလို ဒေါ်လာ ၂၀ သို့မဟုတ် ၃၀ လောက် Gas Fees ကျနိုင်မယ် ထင်တယ်။ ပုံမှန်တော့ ပြော မရပါ။ Ethereum Network မှာ Transaction တွေ ကျပ်နေလား ချောင်နေလား အပေါ် မူတည်ပါတယ်။ Transaction တွေ ချောင်နေတယ် ဆိုရင်တော့ ၁၀ ဒေါ်လာအောက်နဲ့ ဒီ Transaction ပြီးနိုင်ပါတယ်။
ဒါဆိုရင်တော့ သင် ထီလက်မှတ် ဝယ်ပြီးသွားပါပြီ။ ပေါက်တဲ့အခါ တစ်ခါတည်းပဲ သင့်အကောင့်ထဲကို DAI ဆိုရင် DAI အဖြစ် USDC ဆိုရင် USDC အဖြစ် ထီလက်မှတ် အနေနဲ့ ရောက်နေမှာပါ။ ထုတ်ချင်ရင် ထုတ်လို့ရသလို မထုတ်ပဲထားရင် ထီလက်မှတ်တွေ အများကြီးနဲ့ ထပ်ပေါက်ဖို့ ရာနှုန်းပိုများလာမှာပါ။
သင်ကံကောင်းရင် ထီပေါက်နိုင်သလို ကံမကောင်းပါကလည်း သင်စုထားသည့် Coin ကို အချိန်မရွေး ပြန်ထုတ်လို့ရပါတယ်။
ဤဆောင်းပါးသည် ဘဏ္ဍာရေးဆိုင်ရာ အကြံပေးချက် မဟုတ်ပါ။ နည်းပညာ ဗဟုသုတအတွက် မျှဝေခြင်းသာ ဖြစ်ပါတယ်။ အွန်လိုင်းတွင် ငွေရေးကြေးရေးဖြင့် ရင်းနှီးမြုပ်နှံခြင်းသည် အကြောင်းအမျိုးမျိုးဖြင့် ဆုံးရှုံးနိုင်ဖွယ်ရှိပါတယ်။ မိမိ ဆုံးရှုံးခံနိုင်သော ပမာဏဖြင့်သာ လုပ်ဆောင်သင့်ပါတယ်။
Leave pooltogether lottery to:
Read more #myanmar posts
Best Posts From hive.phyowinkoko
We have not curated any of hive.phyowinkoko's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From hive.phyowinkoko
- Rising Star Game and me
- My 'Touring Coach' in Rising Star
- reached level 50 to play millionaire mission
- bought 12 packs with 100,000 Starbits second time
- Bought 12 packs with 100,000 Starbits
- Bought a card pack with Starbits
- Bought 4 Hive pack today in Rising Star
- Review of Epic instrument cards I own
- I have four vehicles in Rising Star
- I have three wristbands in Rising Star