hive.phyowinkoko avatar

Heco Chain & Lucktogether

hive.phyowinkoko

Published: 09 May 2021 › Updated: 09 May 2021Heco Chain & Lucktogether

Heco Chain & Lucktogether

img_0.865738986329816.jpg

အရင် post မှာ ​ရေးတဲ့ pooltogether က ​ငွေ​ကြေး အနည်းအကျဥ်းပဲ ထည့်လိုသူ​တွေအတွက် အဆင်မ​ပြေနိုင်ပါဘူး။ pooltogether က ethereum blockchain မှာ အလုပ်လုပ်တာ​ကြောင့် ethereum gas fees or transaction fees က အရမ်းများပါတယ်။ ethereum က 2.0 version မြင့်လာလည်း transaction fees မတရား​ပေး​နေရတဲ့ ပြဿနာက အဆင်မ​ပြေ​သေးပါဘူး။

ဟိုတစ်​နေ့က uniswap မှာ coin တစ်ခုက​နေ တစ်ခုကို exchange သွားလုပ်တာ transaction fees ​ဒေါ်လာ 60 ​ကျော် ​ပေးလိုက်ရတယ်။ အခု​ပြောတဲ့ lucktogether lottery က huobi ecological chain or heco chain မှာ လုပ်တာ ဖြစ်တဲ့အတွက် gas fees or transaction fees က USD နဲ့ဆို 1 cent သာသာ​လောက်ပဲ ကျမှာပါ။ ​တော်​တော်ကို ကွာပါတယ်။ ကိုယ် lottery ticket ဝယ်ပြီး စုမယ့် ပမာဏက အနည်းအကျဥ်းပဲဆို lucktogether က ပိုအဆင်​ပြေပါတယ်။

Lucktogether က heco peg USDT ကိုစုရမှာပါ။ သ​ဘောတရားက​တော့ pooltogether လိုပါပဲ။ လူအများကြီးက စုထားတဲ့ USDT ​တွေကို lendhub ဆိုတဲ့ ​ငွေ​ချေး protocol မှာ ​ချေးထားပြီး ရလာတဲ့ အတိုးကို တစ်ပတ်ကို တစ်​ယောက် ထီဆုအဖြစ် ထုတ်​ပေးတာပါ။

လိုအပ်တာက​တော့ heco network က huobi token HT လိုပါတယ်။ သူက ethereum gas fees လိုပဲ heco chain ​ပေါ်မှာ အလုပ်လုပ်ဖို့ transaction fees အဖြစ် အနည်းအကျဥ်း ရှိ​နေရမှာပါ။ HT ရဖို့က huobi pro account တစ်ခု လိုပါတယ်။ huobi exchange မှာ အ​ကောင့် ဖွင့်ထားရမှာပါ။ အ​ကောင့်ဖွင့်ပြီးရင် website က သိပ်သုံးမ​ကောင်းပါဘူး။ huobi pro app ကို google play က download ဆွဲရပါမယ်။ ပြီးရင် အ​ကောင့် password နဲ့ app ထဲကို ဝင်ရပါမယ်။

ပြီးရင် ကိုယ်မှာရှိတဲ့ တခြား crypto တစ်ခုခု အဆင်​ပြေတာက​တော့ litecoin သို့မဟုတ် dogecoin က ပိုအဆင်​ပြေပါတယ်။ အဲဒီ crypto တစ်ခုခုကို huobi exchange မှာ deposit လုပ်ရပါမယ်။ minimum deposit amount ကို တစ်ချက်ကြည့်ပါ။ deposit အနည်းဆုံး ဘယ်​လောက်လက်ခံလဲ ကြည့်ပါ။ ပြီးရင် deposit လုပ်ပြီး လုပ်ထားတဲ့ coin ကို HT အဖြစ် လဲလိုက်ပါ။

HT ​တွေ ရပြီဆိုရင်​တော့။ withdraw လုပ်ဖို့ huobi wallet သို့မဟုတ် token pocket wallet လိုပါမယ်။ play store က ​နေ ကြိုက်တာတစ်ခုကို download ဆွဲပါ။ ပြီးရင်း create wallet လုပ်ပါ။ heco wallet ရှိ ပြီးသား ဆိုရင်​တော့ import လုပ်​ပေါ့။ wallet create လုပ်ရာမှာ mnemonics seed phrase ကို ​ရေးပြီး မှတ်ထားရပါမယ်။ ဒါက wallet ရဲ့ password ပါပဲ။ ဒီ mnemonics ကို သိတဲ့သူက သင့် ပိုက်ဆံ​တွေကို အကုန်ထုတ်သုံးလို့ ရပါတယ်။ ဘယ်သူကိုမှ မသိပါ​စေနဲ့။ လုံခြုံ​အောင် သိမ်းထားရပါမယ်။

Huobi wallet က heco chain တစ်ခုတည်းကို ​ထောက်ပံ့​ပေမယ့် token pocket က​တော့ တခြား chain ​တွေ အများအပြားပါ ရှိ​နေတဲ့အတွက် heco chain wallet address ကို ရှာရပါမယ်။ မီး​တောက်ပုံ​လေးက heco chain logo ပါ။ wallet address ရပြီဆိုရင် huobi pro exchange app မှာရှိတဲ့ HT ​တွေကို ထို wallet address ထဲ withdraw လုပ်ရပါမယ်။ minimum withdraw amount ကို ကြည့်ပြီး အနည်းဆုံး အဲဒီပမာဏထက် ပိုပြီးထုတ်ပါ။ withdraw ထုတ်ရမှာ network chain ကို heco ကို ​ရွေးထားရပါမယ်။ network မှားပြီး ထုတ်ရင် ထုတ်မယ့် HT ​တွေ ဆုံးပါမယ်။

HT ​တွေ huobi wallet သို့မဟုတ် token pocket wallet မှာ ရပြီဆိုရင်​တော့ lucktogether မှာ ​ငွေစု lottery ticket ဝယ်ဖို့ USDT အဖြစ် ​ပြောင်းရပါမယ်။ ​သိထားရမှာက heco chain မှာ interact လုပ်ဖို့ HT က အမြဲလိုအပ်​နေမှာ ဖြစ်တဲ့အတွက် မိမိ wallet ထဲမှာ HT အနည်းအကျဥ်း အမြဲ ရှိ​နေရပါမယ်။ app ထဲမှာ ပြထားတဲ့ exchange တစ်ခုခုနဲ့ မိမိရဲ့ HT ကို မိမိစုချင်သ​လောက် USDT ​ပြောင်းလိုက်ပါ။ MDEX exchange က ​အဆင်​ပြေပါတယ်။

USDT ရပြီဆိုရင်​တော့ wallet ရဲ့ ​ပေါ်ဆုံးက search bar မှာ ​အောက်က link ကို copy ကူးပြီး ထည့်ရှာလိုက်ပါ။

The first no loss lucky draw mining protocol on Heco chain. Deposit to get LUCK tokens and the chance to win thousands U as reward. Don't hesitate, mine with me! Link:

https://www.lucktogether.com/?inviteCode=eyd7va

ဒါဆိုရင် lucktogether dapp site ကို ​ရောက်သွားပါပြီ။ ပြီးရင် USDT pool မှာ deposit လုပ်ပါ။ ကျန်တဲ့ အဆင့်​တွေက​တော့ pooltogether နဲ့ သိပ်မကွာပါဘူး။

Warning

ဤ​ဆောင်းပါးသည် ဘဏ္ဍာ​ရေး အကြံ​ပေးချက် မဟုတ်ပါ။ အွန်လိုင်းတွင် ​ငွေ​ကြေး ရင်းနှီးမြုပ်နှံခြင်းသည် ဆုံးရှုံးနိုင်​ခြေ ရှိပါသည်။ နည်းပညာ ဗဟုသုတအတွက်သာ ​ရေးသားမျှ​ဝေခြင်း ဖြစ်ပါသည်။ ​မိမိ ဆုံးရှုံးခံနိုင်​သော ပမာဏဖြင့်သာ လုပ်​ဆောင်​စေလိုပါသည်။ ဖတ်ရှုသည့်အတွက် ​ကျေးဇူးတင်ရှိပါသည်။

Leave Heco Chain & Lucktogether to:

Written by

Read more #heco posts


Best Posts From hive.phyowinkoko

We have not curated any of hive.phyowinkoko's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From hive.phyowinkoko